Friday, November 01, 2019

NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်အား ပါတီဝင် အဖြစ်မှ နှုတ်ထွက်ခွင့်ပြု


 No photo description available.
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင် ကို အမျိုးသားဒီမိုကရေစီ အ ဖွဲ့ ချုပ်ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြောသည်။
အဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်မှ မိမိဆန္ဒအလျှောက် နှုတ်ထွက်ကြောင်း တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီမှ နှုတ်ထွက်ခွင့် ပြုခဲ့ခြင်းကြောင်း ၄င်းကပြောသည်။
“ ဒီရက်ထဲမှာပဲ စာထွက်လိုက်ပါတယ်။သူက နှုတ်ထွက်ခွင့်တင်တယ်။အဲတော့ ကျွန်တော်တို့က နှုတ်ထွက်ခွင့်ပြုလိုက် ပါတယ်။ ဒါပါပဲ။ ဘာကြောင့် ထွက်တယ်ဆိုတာ တစုံတရာ ဖော်ပြထားတာမရှိဘူး” ဟု ၄င်းကပြောသည်။
ဒေါက်တာသက်သက်ခိုင်သည် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD မှ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူဖြစ်သည်။
Image may contain: text

[Unicode]
NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်အား ပါတီဝင် အဖြစ်မှ နှုတ်ထွက်ခွင့်ပြု့
#PeopleMedia #NLD

No comments:

Post a Comment

My Blog List