Wednesday, June 19, 2013

မြန်မာ စတော့အိပ်ချိန်းနှင့် ငွေရေးကြေးရေး ကဏ္ဍတွင် အသုံးပြုမည့် ပထမဦးဆုံး Container DATA Centre တည်ဆောက်မည်

Wednesday, June 19, 2013
မြန်မာ စတော့အိပ်ချိန်းနှင့် ငွေရေးကြေးရေး ကဏ္ဍတွင် အသုံးပြုမည့် ပထမဦးဆုံး Container DATA Centre ကို ရန်ကုန်မြို့ရှိ နိုင်ငံတော် ဗဟိုဘဏ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ Container DATA Centre သည် Modular Data Centre အမျိုးအစားဖြစ်ပြီး Daiwa Institute of Research Ltd (DIR) က တည်ဆောက်ရန် ပံ့ပိုးပေးခဲ့ခြင်း ဖြစ်သည်။ စင်တာတည်ဆောက်ရန်အတွက် နာလည်မှု စာချွန်လွှာကို မေ ၃၁ ရက်က လက်မှတ်ရေးထိုး ခဲ့သည်။ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ကဏ္ဍနှင့် အိုင်တီနည်းပညာ အဆင့်အတန်း မီစေရေးအတွက် အဆိုပါ စင်တာကို တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် လုပ်ငန်းစတင် လည်ပတ်နိုင်မည်ဖြစ်ကြောင်း DIR က ထုတ်ပြန်ထားသည်။

DIR သည် မြန်မာနိုင်ငံတွင် အရင်းအနှီး ဈေးကွက်တည်ထောင်နိုင်ရန် ၁၉၉၀ ကျော် နှစ်များကတည်းက ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ ၁၉၉၆ ခုနှစ် ဇွန်တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသန အဖွဲ့လီမိတက်တို့က မြန်မာ့ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်ကို တည်ထောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် အစိုးရ ငွေတိုက်စာချုပ် ရောင်းဝယ်ရေး လုပ်ငန်းကို မြန်မာ့စီးပွားရေး ဘဏ်နှင့်အတူ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

ထို့အတူ ၂၀၁၅ တွင် မြန်မာနိုင်ငံ၌ တည်ထောင်မည့် ရန်ကုန်နှင့် မန္တလေး စတော့အိပ်ချိန်းများအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ တိုကျိုစတော့ အိပ်ချိန်းနှင့် DIR တို့သည် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီပြီး ဖြစ်သည်။

DIR သည် မြန်မာနိုင်ငံတွင် ခေတ်မီဘဏ္ဍာရေး စနစ်နှင့် အိုင်တီနည်းပညာများ အသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးနေပြီး တိုကျိုစတော့ အိပ်ချိန်းသည် မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်း နိုင်ငံတကာ အဆင့်မီ လည်ပတ်နိုင်ရန် နည်းပညာ အကူအညီနှင့် အတွေ့အကြုံများ ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

DIR သည် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ကဏ္ဍနှင့် အရင်းအနှီးဈေးကွက် ပေါ်ထွန်းရေးအတွက် အထောက်အကူ ပြုသွားမည်ဖြစ်ပြီး အဆိုပါ ကဏ္ဍများနှင့်အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရန် ဂျပန်နိုင်ငံ၏ အရည်အသွေး စံချိန်စံညွှန်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု DIR က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲလျက်ရှိပြီး ကြားခံအကျိုးဆောင် အသင်းအဖွဲ့များ၊ Fund Management ကုမ္ပဏီများ ဖွဲ့စည်းခွင့် ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဗဟိုဘဏ်ထံမှ သတင်းရရှိသည်။

EMG

No comments:

Post a Comment

My Blog List