Wednesday, June 19, 2013

"ကမ္ဘာ့ နာမည်အကြီးဆုံး ၀က်ဆိုက် ဆယ်ခု"

Wednesday, June 19, 2013

လူအများစုကတော့ အသုံးများတဲ့ ၀က်ဘ်ဆိုက်များမှာ Google လို့  ထင်ကြပါတယ်။ ၂၀၁၂ ခုနှစ်အထိတော့ နာမည်ကြီးခဲ့ပါသေးတယ် ။
ဒါပေမဲ့ အခု ၂၀၁၃ မှာ Facebook က ကျော်တက်လာပါတယ်။
နံပါတ် (၁ )နေရာကို ချိတ်သွားပါပြီ။

အသုံးများပြီး နာမည်ကြီးတဲ့ ၀က်ဘ်ဆိုက် အစဉ်လိုက်ကို တန်းစီချပြ
ထားပါတယ်။ အသုံးအများဆုံးကိုတော့ User Traffic ကို ကြည့်ပြီး ပေးထားတာကို
တွေ့ ရပါတယ်။၁.Facebook.com

ဒါကတော့ ကျနော်တို့ ကိုယ်တိုင်လည်း အင်တာနက် သုံးရင် ပထမဆုံး အသုံးပြုတက်တာမို့ ။ရှင်းစရာမလိုဘူးလို့ တောင် ထင်ပါတယ်နော်။

၂.Google.com

သူကတော့ Search Engine မှာ ယနေ့ အထိ နာမည်အကြီးဆုံးပါပဲ ။ သတင်းအချက်အလက်များကို ရှာဖွေတဲ့ နေရာမှာ နာမည်ကြီးပါတယ်။လိုချင်တဲ့ အချက်အလက်များကို ယခင်ကထက် ပိုမိုပြီး ကောင်းအောင် ပြုလုပ်ထားတဲ့ အတွက် အသုံးပြုမှုများလျှက် ရှိပါတယ်။

၃. Youtube.com

ဗီဒီယို ကြည့်ဖို့ အကောင်းဆုံး ဆိုက်ပါ။ ရုပ်သံအစုံအလင် ကြည့်ရှုနိုင်ပါတယ်။ နိုင်ငံတကာ အဆိုတော်များရဲ့  ဦးဦးဖျားဖျား သီချင်းများကို ကြည့်ရှုနိုင်ပါတယ်။ ဒီဆိုက်ကိုလည်း Google က ပိုင်တာပါ။

၎. Yahoo.com

Search Engine တင်မက ကဏ္ဍအစုံအလင် ပါတဲ့ ဆိုက်ပါ။ သူကတော့ အာရှမှာ အသုံးများပြီး မြန်မာနိုင်ငံမှာတော့အသုံးမများကြပါဘူး။
User Freindly ဖြစ်ဖို့  လိုအပ်နေပါသေးတယ်။

၅.Baidu.com

တရုတ်နိုင်ငံက အသုံးအများဆုံး Search Engine ဖြစ်ပါတယ်။
Google တောင် မတိုးနိုင်တဲ့ တရုတ် ဆိုက်ဆိုလည်း မမှားပါဘူး။
တရုတ်ဘာသာနဲ့ သတင်းအချက်အလက်များ ရှာဖွေရေးမှာ နာမည်ကြီး ပါတယ်။

၆.Wikipedia.org

အင်တာနက်အသုံးပြုသူများရဲ့ အွန်လိုင်း သုတ စွယ်စုံကျမ်းလို့ 
ပြောလို့ ရနိုင်ပါတယ်။ အဖွဲ့ အစည်း တစ်ခုက တည်ဆောက်ထားတာ
မဟုတ်ဘဲ စေတနာဝန်ထမ်း နဲ့ ပါဝင်သူအများအပြား စုပေါင်း ရေးသားကြတဲ့ သုတစုံလင် ၀က်ဘ်ဆိုက် တစ်ခု ဖြစ်ပါတယ်။

၇. Amazon.com

ကမ္ဘာ့ အကြီးဆုံး အွန်လိုင်း ဈေးရောင်း ဈေးဝယ် ဆိုက် ဖြစ်ပါတယ်။
သူ့ သမိုင်းကတော့ အရင်က တင်ထားဖူးပါတယ်။
ကြည့်မယ်ဆိုရင် ကလစ်လိုက်နော်။ (https://www.facebook.com/notes/mm-social-sky/amazoncom/480097665399313)

၈.QQ.com

တရုတ်နိုင်ငံရဲ့ အင်တာနက် ဆာဗစ် ရပ်ဝန်းကြီးလို့ ဆိုနိုင်ပါတယ်။ Facebook လို့ လူမှု ကွန်ယက် အပါအ၀င် ဈေးရောင်းဈေးဝယ်၊ E-commence ၊
ဖုန်းလိုင်း ၊ အကျိုးဆောင် စသဖြင့်များစွာသော အွန်လိုင်း ၀န်ဆောင်မှုများနဲ့  လည်ပတ်နေတဲ့ တရုတ်ပြည်နယ်က နာမည်ကြီး ၀က်ဘ်ဆိုက် ကြီး တစ်ခုဖြစ်ပါတယ်။

၉.Live.com

Microsoft က ဖန်တီးထားတဲ့ Search Engine တစ်ခုပါ။ ဥရောပမှာတော့ အသုံးများ ပါတယ်။ မြန်မာမှာတော့ Google ကို မကျော်နိုင်တဲ့အတွက် အသုံးမများပါဘူး။

၁၀.taobao.com

တရုတ်နိုင်ငံမှာ အကျော်ကြားဆုံး အွန်လိုင်း ဈေးဝယ် သီးသန် ဆိုက်ဖြစ်ပါတယ်။ နေ့ စဉ် ဈေးရောင်းဈေးဝယ်အများအပြား ရရှိထားပါတယ်။

No comments:

Post a Comment

My Blog List