အခမ်းအနားသို့ မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီး မွေးနေ့ကိတ်လှီးဖြတ်ကာ အခမ်းအနားကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
မွေးနေ့အထိမ်းအမှတ်အဖြစ် ရည်စူး၍ လှူဒါန်းကြသည် များကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း၊ အမျိုးသား ကျန်းမာရေးကွန်ယက်၊ အဖွဲ့ချုပ်ပညာရေးကွန်ယက် များသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ပါသည်။
အခမ်းအနားသို့တက်ရောက်လာကြသူအပေါင်းတို့အား စတုဒီသာများကြွေးမွေးခြင်းနှင့်အနုပညာရှင်များမှ ဖျော်ဖြေရေးအစီအစဉ်များလည်း ပါရှိပါကြောင်း အသိပေးအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၆၈ နှစ်မြောက်မွေးနေ့အခမ်းအနားသို့ ရဟန်း ရှင် လူ ပြည်သူအပေါင်း ကြွရောက်အားပေးဂုဏ်ပြုကြပါရန်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
News and Information Department of NLD

No comments:
Post a Comment