Monday, May 27, 2013

တနင်္ဂနွေနေ့တိုင်း လက်ပံတောင်း တောင်ကြည့်ပွဲ ခွင့်ပြုချက် မတင်ဘဲ ဆက်လုပ်မည်


latpadaung-s 
ရန်ကုန် (မဇ္ဈိမ)။   ။ လက်ပံတောင်း ကြေးနီစီမံကိန်း ကိစ္စရပ်သည် ပြီးပြတ်သွားသည် မဟုတ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်လည်းဖြစ်နေ၍ အာဏာပိုင်များ သိရှိစေရန် တောင်ကြည့်ပွဲကို အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း မုံရွာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂက ပြောသည်။“တောင်ကြည့်ပွဲ မနက်ဖြန် ဆက်လုပ်မယ်။ မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂက ဦးဆောင်ပြီး တောင်ကြည့်ပွဲ ဆက်လက်မယ်။ စာလည်း မတင်ဘူး။ ခွင့်ပြုချက် တောင်းဖို့လည်း မလိုဘူးလို့ ယူဆတယ်” ဟု မုံရွာ ဗကသမှ ကိုဟိန်းဇော်ဝင်း က မဇ္စျိမကို ပြောသည်။

လွန်ခဲ့သည့် တနင်္ဂနွေနေ့များ (မေ ၁၂ ရက်နှင့် မေ ၂၆ ရက်)က ပြုလုပ်ခဲ့သည့် တောင်ကြည့်ပွဲ အခမ်းအနား များအား ခွင့်ပြုချက် မယူသည့်အတွက် အာဏာပိုင်များက တရားစွဲဆိုထားကြောင်း တရားစွဲဆိုခြင်း ခံထားရသူ ကိုဟိန်းဇော်ဝင်း ကပင် ဆက်ပြောသည်။

“နောက်တခါ ဒီလိုမျိုးလုပ်ရင် စာတင်ပါ၊ ခွင့်ပြုချက်တောင်းပါ၊ ခွင့်ပြုချက်ရမှ လုပ်ပါလို့ သူအဲလို ပြောတယ်ဗျ။ ကျနော်တို့က စာမတင်ဘူး။ အဲဒီအတွက် ကျနော်တို့ကို   ခေါ်တွေ့တာပဲ။ မြို့နယ် ထွေ/အုပ်၊ ရဲမှူး၊ ဥပဒေ၊ တည်ငြိမ်အေးချမ်းရေး ကော်မတီက ရပ်မိ၊ ရပ်ဖ ပါတယ်။ တရားရေး အရာရှိ ပါတယ်။ ကျနော်တို့က တရားဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်ဗျ” ဟု ၎င်းက ဆိုသည်။

ဗကသများ အဖွဲ့ချုပ် အနေဖြင့် ဆန္ဒထုတ်ဖော်ခွင့်ဟူသည့် ပုဒ်မ ၁၈ အား ကန့်ကွက်ထားသည့်အတွက် လာမည့်တောင်ကြည့်ပွဲ အစီအစဉ်များတွင်လည်း ခွင့်ပြုချက် ရယူမည်မဟုတ်ကြောင်း သိရသည်။

ကျောင်းသားများ အပါအဝင် လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီမှ နှစ်ကိုပါ တရားစွဲဆိုထား
ကြောင်း ထိုကော်မတီ တွဲဖက်အတွင်းရေးမှူး ကိုအောင်မြင့်ဦး က အတည်ပြု ပြောဆိုသည်။

“ကျောင်းသားသမဂ္ဂက ကိုနွေဦးကိုနဲ့ ကိုဟိန်းဇော်ဝင်း၊ လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီက ဥက္ကဋ္ဌ ဦးချစ်ခင် နဲ့ ဦးမြင့်အောင်။ လူကြီး နှစ်ယောက်၊ ကျောင်းသား နှစ်ယောက်၊ ပုဒ်မ ၁၈ နဲ့ စွဲထားတယ်” ဟု မဇ္စျိမ သို့ ပြောကြားသွားသည်။

No comments:

Post a Comment

My Blog List