Friday, June 08, 2012

အလုပ်သမားများပဋိပက္ခဆိုင်ရာပြဿနာများ ဖြေရှင်းရေးကော်မတီဖွဲ့စည်းမည်



၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်ကိုကိုကြီး(စမ်းချောင်း)ဦးဆောင်ပြီးတော့၂၀၁၂ခုနှစ်ဇွန်လနောက်ဆုံးပတ်မှာအလုပ်သမားများပဋိပက္ခဆိုင်ရာပြဿနာများဖြေရှင်းရေးကော်မတီကိုဖွဲ့စည်းသွားမယ်လို့သိရပါတယ်..အဆိုပါကော်မတီကို၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂဖြစ်ပေါ်ရေးအဖွဲ့၊ရှေ့နေကွန်ရက်အဖွဲ့၊အလုပ်သမား၊လယ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့နဲ့အလုပ်ရှင်ကိုယ်စားလှယ်တွေကပူးပေါင်းဖွဲ့စည်းသွားမှာဖြစ်ပါတယ်…ကော်မတီဖွဲ့ရတဲ့ရည်ရွယ်ချက်ကတော့လက်ရှိဖြစ်ပေါ်နေတဲ့အလုပ်သမားပြဿနာကြီးထွားမှုမရှိစေရေး၊အလုပ်သမားတွေရဲ့ဘ၀ရပ်တည်မှုအဆင်ပြေချောမွေ့စေရေးအတွက်ဖြစ်ပါတယ်..ကော်မတီဖွဲ့စည်းဖို့စီစဉ်ရခြင်းနဲ့ပတ်သက်ပြီးတော့သတင်းစာရှင်းလင်းပွဲလည်းပြုလုပ်ပေးပြီးပြည်သူလူထုသိအောင်အသိပေးသွားမှာဖြစ်တယ်လို့၈၈မျိုးဆက်ကျောင်းသားတစ်ဦးကပြောပါတယ်…

No comments:

Post a Comment

My Blog List