Friday, June 08, 2012

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်ကိုကိုကြီး(စမ်းချောင်း) ဆွမ်းကျွေးပွဲအခမ်းအနားပြုလုပ်မည်



၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ကိုကိုကြီးဟာ၂၀၁၂ခုနှစ်ဇွန်(၂၁)ရက်နေ့မှာတော့ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်မှာရှိတဲ့ဘုန်းကြီးတစ်ကျောင်းမှာရှိတဲ့သံဃာတော်တွေကိုဆွမ်းကျွေးလှူဒါန်းပွဲပြုလုပ်မယ်လို့သိရပါတယ်…ဒီဆွမ်းကျွေးဟာ၁၉၈၈ခုနှစ်ဇွန်လ(၂၁)ရက်နေ့က်စမ်းချောင်းမြို့နယ်၊မြေနီကုန်းမီးပွိုင့်အနီးမှာဖြစ်ပွားခဲ့တဲ့ဆန္ဒပြမှုမှာကွယ်လွန်သွားခဲ့တဲ့ကျောင်းသားလူငယ်များရဲ့ကွယ်လွန်ခြင်း(၂၄)နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ပြုလုပ်မှာဖြစ်ပါတယ်…အဲ့ဒီအထိမ်းအမှတ်ပွဲမှာတော့၈၈မျိုးဆက်ကျောင်းသားကိုကိုကြီးကအမှတ်တရစကားတွေပြောကြားမှာဖြစ်သလို၁၉၈၈ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဒီမိုကရေစီတော်လှန်ရေးဓာတ်ပုံမှတ်တမ်းတွေလည်းပြသသွားမှာဖြစ်ပြီးတော့နိုင်ငံရေးအင်အားစုများအားလုံးကိုဖိတ်ကြားသွားမယ်လို့၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တစ်ဦးကပြောပါတယ်…

No comments:

Post a Comment

My Blog List