Monday, July 01, 2013
ယမန်နေ့ည ရှစ်နာရီခွဲအချိန်တွင် သီပေါ၊ လားရှိုးအဝေးပြေးလမ်းမကြီး၌ အရှိန်ဖြင့် မောင်းနှင်လာသော ဆိုင်ကယ် တစ်စီးသည် မျက်နှာချင်းဆိုင်မှ ကုန်ကားအား လမ်းကြောင်းမှား၍ ၀င်တိုက်ရာ လူနှစ်ဦးသေဆုံး၍ တစ်ဦး စိုးရိမ်ရ အခြေအနေတွင် ရှိနေကြောင်း လားရှိုးယာဉ်ထိန်း ရဲတပ်ဖွဲ့မှ သိရသည်။
လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာဘက်မှ အဝေးပြေး လမ်းမကြီးအတိုင်း လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသော လူသုံးဦးပါ ဆိုင်တစ်စီးသည် ခိုစံတန်သစ်တောပျိုးဥယျာဉ် အနီး၌ လမ်းကြောင်းမှား၍ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ကုန်ကားအား ၀င်တိုက်ကာ ဆိုင်ကယ်မှာ ကားအောက်သို့ ရောက်သွားပြီး ဆိုင်ကယ်ယာဉ်မောင်း ထွန်းလင်းနှင့် အောင်ပိုင်ဆိုသူမှာ ဒဏ်ရာပြင်းထန် သတိလစ်မေ့မျောသွားကြောင်း၊ ၎င်းတို့နှင့်အတူ ပါလာသော ကိုထက်ဆိုသူမှာ အခင်းဖြစ်ရာ၌ ပွဲခြင်းပြီး သေဆုံးသွားကြောင်း အမှုမှတ်တမ်းအရ သိရသည်။
သတိမေ့မျောသူနှစ်ဦးမှ ဆိုင်ကယ်မောင်းသူမှာ နောက်ရက်၌ ဆေးရုံတွင် သေဆုံးသွားသည်ဟု ဒုရဲအုပ် စောဝင်းက ပြောကြားသည်။ ကျန်ရှိနေသော အောင်ပိုင်ဆိုသူသည်လည်း ဆေးရုံတွင် စိုးရိမ်ရဖွယ် အခြေအနေရှိနေကြာင်း ဆက်လက် သိရသည်။
ထို့ကြောင့် ဆိုင်ကယ်ကို မဆင်မခြင် မောင်းနှင်လာသော ယာဉ်မောင်း ထွန်းလင်းအား ဥပဒေအရ အရေးယူရန် ဒုရဲအုပ်စောဝင်းက တရားလိုပြုလုပ် တိုင်တန်းရာ လားရှိုးမြို့မ ရဲစခန်းမှ မမစ(လရ)ယာဉ်(ပ)၂၈/၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈အရ အရေးယူထားကြောင်း ရဲစခန်းမှ သိရသည်။
ထွန်းထွန်း
မြန်မာ့ခေတ်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment