Thursday, May 09, 2013

ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်း များနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများကို (၂၀၁၃) ခုနှစ် အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်

ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများကို (၂၀၁၃) ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ စီမံကိန်းများမှာ ဆူးလေဘုရား လမ်းပေါ်ရှိ Center Point Tower Hotel စီမံကိန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်း လမ်းပေါ်ရှိ Rose Garden Hotel စီမံကိန်း၊ ကန်တော်ကြီး ကန်ရိပ်သာလမ်းရှိ Shangrila Hotel စီမံကိန်း၊ ကမာရွတ်မြို့နယ်၊ ပြည် လမ်းမပေါ်ရှိ Novotel Yangon Hotel စီမံကိန်း၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းပေါ်ရှိ Pyi Garden Condominium စီမံကိန်းများဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆူးလေဘုရားလမ်းပေါ်ရှိ Traders Square Commercial Complex စီမံကိန်းကို (၂၀၁၅) ခုနှစ်အတွင်း ပြီးစီးအောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများကို မြန်မာနိုင်ငံ သို့ ရောက်ရှိလာသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အဆင်ပြေစွာ တည်းခိုနိုင်ရန် နိုင်ငံတကာ အဆင့်မီ ဟိုတယ်အခန်းများ လုံလောက်စွာရရှိနိုင်ရန် ရည်ရွယ် ထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

My Blog List