Thursday, June 21, 2012

UWSA နဲ့ SSA ကြား တင်းမာမှုကြောင့် ထိုင်းတပ်တွေ အသင့်ပြင်နေ

(Photo-RFA/KMZ)
ထိုင်းမြန်မာနယ်စပ်မှာ UWSA ၀ ပြည်သူ့တပ်မတော် နဲ့ SSA ရှမ်းပြည် တပ်မတော် တို့ကြား အခြေအနေ တင်းမာနေတဲ့အတွက် တကယ်လို့ ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ပွားလာရင် စစ်ပြေး ဒုက္ခသည်တွေ ထိုင်းနိုင်ငံ အတွင်း ထွက်ပြေးတိမ်းရှောင်လာကြဖွယ် ရှိနေတဲ့အနေအထားနဲ့
ပတ်သက်ပြီး ထိုင်းစစ်တပ်က အသင့် ပြင်ဆင်နေတယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာ က ဖေါ်ပြပါတယ်။

ချင်းမိုင် အနီး မယ်အိုင်း ခရိုင် တစ်ဖက်မှာ ၀တပ်ဖွဲ့ဝင် တစ်ထောင်ကျော် က SSA တပ်စခန်းတစ်ခုဖြစ်တဲ့ ချင်းရိုင် အနီး မယ်ဖာလောင်း ခရိုင် တစ်ဖက်က ဒွိုင်ကိုဝမ် စခန်း ကို ၀ိုင်းဖို့ လှုပ်ရှားလာနေတယ်လို့ ဆိုပါတယ်။

အမှတ် (၃) ထိုင်းတပ်မတော် တပ်မှူး သာနရန်း က ထိုင်းတပ်ဖွဲ့တွေကို အသင့်အနေအထားမှာရှိဖို့၊ တကယ်လို့ UWSA နဲ့ SSA ကြား တိုက်ပွဲတွေဖြစ်လာလို့ ဒုက္ခသည်တွေ ၀င်ရောက်လာမယ်ဆိုရင် လိုအပ်တဲ့အကူအညီတွေပေးကြဖို့၊ နှစ်ဘက်တပ်တွေ ထိုင်းနယ်နမိတ်ထဲ ကျွံဝင်မလာအောင် နယ်စပ်ကို စောင့်ကြပ်ဖို့ ညွှန်ကြားထားတယ်လို့ စစ်တပ် သတင်းရပ်ကွက် က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် က ရေးသားပါတယ်။

SSA တပ်မှူး ကတော့ မိမိတို့တပ်တွေကို အပြည့်အ၀ တပ်လှန့်ထားဖို့ SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွတ်စစ်က ညွှန်ကြား ထားကြောင်းဘန်ကောက်ပို့စ်ကိုပြောဆိုပါတယ်။ 

SSA ပြောခွင့်ရသူကလည်း မိမိတို့ နဲ့ မြန်မာအစိုးရကြား ဆက်ဆံရေး တိုးမြင့်လာပြီး၊ မူးယစ်ဆေးဝါးအရောင်းအ၀ယ် နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်လာတဲ့အပေါ် UWSA က မနှစ်မျို့တာကြောင့် စစ်ရေးအရ လှုပ်ရှားလာတာဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။

No comments:

Post a Comment

My Blog List