Tuesday, June 19, 2012

ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်လူထု ထောင်နဲ့ချီ ကြိုဆို

ဒေါ်အောင်ဆန်းစုကြည် အား  အိုင်ယာလန်လူထုကြိုဆိုနေစဉ် Photo - RTE
နော်ဝေးကနေ အိုင်ယာလန်နိုင်ငံကို မနေ့ညနေပိုင်းက ရောက်ရှိလာတဲ့
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်ပြည်သူတွေ ထောင်နဲ့ချီပြီး မြို့လယ် စင်မြင့်ကြီးမှာ တခမ်းတနား ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။

အခမ်းအနားမှာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကတည်းက
ဒေါ်အောင်ဆန်းစုကြည်ကို ဒပ်ဗလင် မြို့သူမြို့သားတွေ ချီးမြှင့်ခဲ့တဲ့ Freedom of the City ဂုဏ်ပြုလွှာကိုလည်း မြို့တော်ဝန် ကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 


အခုလို ဒပ်ဗလင်မြို့က ကြီးကျယ်ခမ်းနားလှတဲ့ ဂုဏ်ပြုမှုတွေဟာ သူ့ဘ၀ တလျှောက်လုံးအတွက် မေ့နိုင်တော့မှာ မဟုတ်ဘူးလို့
ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ အိုင်ယာလန်ပြည်သူတွေကို
ပြောကြားခဲ့ပါတယ်။

“ အိုင်ယာလန်နိုင်ငံက လှိုက်လှိုက်လှဲလှဲ ကျမကို ကြိုဆိုတာကို ကျမရဲ့နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်၊ ကျမတို့ရဲ့ ဒီမိုကရေစီခရီးဟာ မပြီးဆုံးသေးတဲ့အ တွက် အိုင်ယာလန် ပြည်သူတွေဟာ ဆက်လက်ပြီး အခုလို ကျမတို့နဲ့ တသားတည်း ရပ်တည်နေမယ်လို့ ယုံကြည်ပါတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုနဲ့အတူ သူရဲ့ ဦးဆောင်မှု အရည်အချင်း၊ စွမ်းရည်သတ္တိနဲ့ ဥာဏ်ပညာ ကြီးမားမှုတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အထူးရုပ်တု ကိုလည်း မြို့တော်ဝန်က ပေးအပ်ခဲ့ပါတယ်။

အလားတူ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ၂၀၀၉ခုနှစ်က ဒေါ်အောင်ဆန်း စုကြည် ကို ချီးမြှင့်ခဲ့တဲ့ Ambassador of Conscience Award အသိဥာဏ်ပညာ ထူးချွန်ဆုကိုလည်း ဒပ်ဗလင်မြို့က ခမ်းနားကြီးကျယ်တဲ့ Bord Gais Energy Theatre မှာကျင်းပခဲ့ပြီး ကမ္ဘာကျော် ယူတူး တေးဂီတအဖွဲ့ခေါင်းဆောင် Bono က ဂုဏ်ပြုလွှာ
ကို ပေးအပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို အခြား ကမ္ဘာကျော်ဂီတ အနုပညာရှင်တွေ ဖြစ်တဲ့ Bob Geldof, Joely Richardson, Damien Rice နဲ့ Jack Gleeson တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ခြောက်နာရီကြာမြင့်တဲ့ အိုင်ယာလန်နိုင်ငံ ခရီးစဉ်အတွင်း
ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန် သမ္မတနဲ့အတူ အစိုးရ
အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

သစ်ထူးလွင်(Blog)

No comments:

Post a Comment

My Blog List