Thursday, April 02, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၇၁၉၀ ၊ ကူးစက်သူ ၉၃၅၁၅၂ ယောက် ရှိလာ

Image may contain: one or more people and outdoor
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၄၇၁၉၀ ရှိလာပြီး ကူးစက်သူ ၉၃၅၁၅၂ ယောက် ရှိလာပြီလို့ ဒီနေ့ မနက် worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ လက်ရှိအချိန်ထိ ဥရောပနဲ့ အမေရိကမှာ ဆိုးဆိုးရွားရွား မြင့်တက်နေဆဲပါ။ အမေရိကန် ပြည်ထောင်စုမှာ တစ်ရက်အတွင်း ကူးစက်သူ တွေ့ရှိမှုဟာ ဆက်လက်မြင့်တက်နေပြီးတော့ ဒီနေ့မနက်စာရင်းတွေအရ နှစ်သောင်းခြောက်ထောင်ကျော် ရှိခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း ကူးစက်သူ နှစ်သိန်းတစ်သောင်းခွဲနီးပါး ရှိလာပါပြီ။ သေဆုံးသူက တစ်ရက်အတွင်း တစ်ထောင်ကျော်အထိ မြင့်တက်ခဲ့တာကြောင့် စုစုပေါင်းသေဆုံးသူ ငါးထောင်နီးပါး ရှိလာပြီ လည်း ဖြစ်ပါတယ်။
သေဆုံးမှုအမြင့်ဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံမှာတော့ တစ်ရက်အတွင်းသေဆုံးသူ ၇၂၇ ယောက် ရှိခဲ့တာကြောင့် တစ်ရက် အတွင်း သေဆုံးမှုမှာ အမေရိကန်ပြည်ထောင်စုနဲ့ စပိန်ထက် နည်းခဲ့ပါတယ်။ စုစုပေါင်းသေဆုံးသူကတော့ တစ်သောင်းသုံး ထောင်ကျော် ရှိတာကြောင့် လက်ရှိအနေအထားအထိ အမြင့်ဆုံး ဖြစ်နေဆဲပါ။
စပိန်နိုင်ငံကလည်း တစ်ရက်အတွင်း ကူးစက်သူ ရှစ်ထောင်ကျော်တိုးလာတာကြောင့် ကူးစက်သူ တစ်သိန်းကျော်တဲ့ တတိယမြောက်နိုင်ငံဖြစ်လာပါတယ်။ သေဆုံးသူကလည်း တစ်ရက်အတွင်း ၉၂၃ ယောက်တိုးလာတာကြောင့် စုစုပေါင်း သေဆုံးသူ ကိုးထောင်ကျော်သွားပြီဖြစ်ပါတယ်။
ဂျာမနီနိုင်ငံမှာက ကူးစက်သူ ခုနစ်သောင်းရှစ်ထောင်နီးပါး ရှိလာပြီး သေဆုံးသူ ကိုးရာကျော်သွားပါပြီ။ ပြင်သစ်နိုင်ငံမှာ လည်း ကူးစက်သူ ငါးသောင်းခုနစ်ထောင်နီးပါး ရှိလာပြီး သေဆုံးသူ လေးထောင်ကျော်သွားပါပြီ။
ဒါကြောင့် ဥရောပတစ်ခွင်လုံးမှာ စုစုပေါင်း သေဆုံးသူ သုံးသောင်းသုံးထောင် ကျော်သွားပြီဖြစ်ပြီးတော့ ကူးစက်သူ ငါးသိန်း နီးပါး ရှိနေပြီဖြစ်ပါတယ်။
Source: worldometer

No comments:

Post a Comment

My Blog List