Thursday, May 02, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်း အနား သဝဏ်လွှာ

Photo: ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ
သရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်း
အနား သဝဏ်လွှာ
Wednesday, 01 May 2013 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ
သရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနား သဝဏ်လွှာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား- 

ယနေ့အခါသမယသည် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီးများအား အလေးအနက် ဂုဏ်ပြုသတ်မှတ် ထားရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်ပါသည်။ ယခုကဲ့သို့ ရက်မြတ်မင်္ဂလာအချိန်အခါတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အလုပ်သမားကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်း ဆက်သအပ်ပါသည်။ 

မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်မှာ နှစ်နှစ်ကျော် ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပြီး ဤကာလအတွင်း လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ 

ဤပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတွင် နိုင်ငံတော်၏ အဓိက
အင်အားစုဖြစ်သော အလုပ်သမားထုကြီး၏ စုစည်းညီညွတ်စွာ ကြိုးစားအားထုတ်မှုသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထိုသို့ ကြိုးပမ်းအားထုတ်ခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်လာမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း အလုပ်သမားကြီး များ၏ ဝင်ငွေမြင့်မားလာမှုနှင့်အတူ လူနေမှုအဆင့်အတန်းလည်း တိုးတက်လာပြီး နိုင်ငံသားတို့၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်လည်း အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ 

နိုင်ငံတော်အနေဖြင့်လည်း အလုပ်သမား အခွင့်အရေးများ၊ အကျိုးခံစား
ခွင့်များ၊ အကာအကွယ်ပေးမှုများကို နိုင်ငံတကာ စာချုပ်စာတမ်းများနှင့် လိုက်လျောညီထွေ အပြည့်အဝ ရရှိစေရေးအတွက် ခေတ်စနစ်နှင့် ကိုက်ညီခြင်း မရှိသည့် တည်ဆဲဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို ပယ်ဖျက်ခဲ့ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်၊ အသစ်ရေးဆွဲ သင့်သည်များ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ 

ယခုအခါ အလုပ်ရှင်နှင့် အလုပ်သမားအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်စေပြီး ကုန်ထုတ်စွမ်းအား တိုးတက်မှုရှိလာစေရန် ရည်ရွယ်၍ အလုပ်သမား အဖွဲ့အစည်း ဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခဲ့ရာ အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းပေါင်း ၄၉၅ ဖွဲ့ ဖွဲ့စည်းပြီး ဖြစ်ပါသည်။ အချို့လုပ်ငန်းများတွင် မြို့နယ်အဆင့်အထိ တိုးမြှင့်ဖွဲ့
စည်းနိုင်ခဲ့ပြီး အချို့အဖွဲ့အစည်းများကို အဖွဲ့ချုပ်အဆင့်အထိ ဖွဲ့စည်းပြီးဖြစ်ပါသည်။ 

အလုပ်သမားများအနေဖြင့် သင့်တင့်ကောင်းမွန်သော အလုပ်အကိုင် ရရှိရေးတွင် အဓိကကျသော အဓမ္မ ခိုင်းစေမှုပပျောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရပ်ကွက် သို့မဟုတ်
 ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို အိုင်အယ်လ်အို အဓမ္မခိုင်းစေမှု
ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ်-၂၉ နှင့်အညီ ပြဋ္ဌာန်းခဲ့ပြီး လက်တွေ့ကျင့်
သုံးမှုကို ထိရောက်စေရန် နိုင်ငံတစ်ဝန်း အသိပညာပေးမှုများ ဆောင်ရွက်
လျက်ရှိပါသည်။ 

ထို့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် ပူးပေါင်း၍ ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အဓမ္မ ခိုင်းစေမှု လုံးဝပပျောက်ရေး လုပ်ငန်းစီမံချက်ကိုလည်း ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်
ရှိရာ ၂ဝ၁၅ ခုနှစ် သို့မဟုတ် ထိုကာလထက် စော၍ အဓမ္မခိုင်းစေမှု လုံးဝပပျောက်သွားမည်ဟု ယုံကြည်ပါသည်။ 

အဓမ္မခိုင်းစေမှု ပုံစံတစ်မျိုးဖြစ်သည့် ကလေးသူငယ် အလုပ်သမားများအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်း ဆိုင်ရာ အိုင်အယ်လ်အို ပြဋ္ဌာန်းချက် အမှတ်(၁၈၂)အား လက်ခံကျင့်သုံးရေး အတွက်လည်း ဆောင်ရွက်လျက် ရှိပါသည်။ 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား- 

နိုင်ငံတော်အနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးများကို ပိုမိုကာ
ကွယ်ပေးနိုင် စေရန်အတွက် အနည်းဆုံး အခကြေးငွေ ဥပဒေနှင့် လူမှုဖူလုံရေးဥပဒေများကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး လိုအပ်သည့် နည်းဥပဒေများ ရေးဆွဲကာ လက်တွေ့ အကောင်
အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

မိမိတို့ အလုပ်သမားများ၏ အကျိုးစီးပွားနှင့် အလုပ်ရှင်များ၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ နှစ်ဦးနှစ်ဖက်မျှတသည့် အကာအကွယ်များ ရရှိစေရန် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါသည်။ အလုပ်သမားများ အနေဖြင့် မကြာမီ ကာလများတွင် အာဆီယံစီးပွားရေး အသိုက်အဝန်း အခြေပြမြေပုံ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အာဆီယံဒေသတွင်း ကျွမ်းကျင်အလုပ်သမားများ လွတ်လပ်စွာ ရွှေ့ပြောင်း
သွားလာမှု အစီအစဉ်အရ အလုပ်သမား ဈေးကွက်ယှဉ်ပြိုင်မှု ပိုမိုမြင့်မား လာတော့မည်ဖြစ်ပြီး ဒေသတွင်း၌သာမက နိုင်ငံတကာ အလုပ်သမားများနှင့် ယှဉ်ပြိုင်ရတော့မည် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် အခြေအနေပေါ်
မူတည်၍ ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းများအား အပြည့်အဝ ဆုပ်ကိုင်နိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်မှုရှိစေရန် ပြင်ဆင်ထားကြရမည်ဖြစ်
ပါသည်။ 

နိုင်ငံတော်အနေဖြင့် အလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုလည်း မကြာမီ အတည်ပြုပြဋ္ဌာန်း နိုင်တော့မည်ဖြစ်ပြီး အလုပ်သမားများ၏ ကျွမ်းကျင်မှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ပါသည်။ 

ထို့ပြင် နိုင်ငံတော်အနေဖြင့် အလုပ်သမားများအတွက် ပြည်တွင်း၌သာမက ပြည်ပတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရန် ဆောင်
ရွက်ပေးလျက် ရှိပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်စေရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ 

မိမိတို့နိုင်ငံတွင်စုစုပေါင်းလူဦးရေ၏ ထက်ဝက်ခန့်သည် အလုပ်လုပ်နိုင်သော
လူဦးရေဖြစ်သဖြင့် အလုပ်သမား များ၏ လူနေမှုအဆင့်အတန်း မြင့်မား
မှသာ နိုင်ငံတော်လည်း တိုးတက်မည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် အလုပ်သမားကြီးများ အတွက် အခွင့်အရေးနှင့် အကောင်းဆုံး အကာ
အကွယ်ပေးမှုများကို အတတ်နိုင်ဆုံး ကြိုးစားဆောင် ကြဉ်းပေးသွားမည်ဖြစ်
သကဲ့သို့ အလုပ်သမားကြီးများမှလည်း အလုပ်သမား အခွင့်အရေး များကို တောင်းဆိုရာတွင် ဥပဒေနှင့်အညီ လိုက်နာကျင့်သုံး ဆောင်
ရွက်ကြစေ လိုပါသည်။ 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား- 

ယနေ့အချိန်အခါသည် အသွင်ကူးပြောင်းရေးကာလ ဖြစ်သကဲ့သို့ ပြန်လည် ထူထောင်ရေး ကာလလည်း ဖြစ်သည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများ အောင်မြင်စေရန် ပြည်သူတစ်ရပ်လုံးအထူးသဖြင့် အလုပ်သမားထုကြီး တစ်ရပ်လုံးက မိမိတို့၏ လုပ်ငန်းတာဝန်များကို အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဒီမိုကရေစီစနစ်၏ အနှစ်သာရများကို အပြည့်အဝ ခံစားနိုင်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အလုပ်သမား၊ အလုပ်ရှင်သုံးပွင့်ဆိုင် ပူးပေါင်းမှုဖြင့် လက်တွဲကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်း
အပ်ပါသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/05/01/id-3202ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်း အနား သဝဏ်လွှာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
ယနေ့အခါသမယသည် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီးများအား အလေးအနက် ဂုဏ်ပြုသတ်မှတ် ထားရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့ ဖြစ်ပါသည်။ ယခုကဲ့သို့ ရက်မြတ်မင်္ဂလာအချိန်အခါတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အလုပ်သမားကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ သရင်း နှုတ်ခွန်း ဆက်သအပ်ပါသည်။

မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်မှာ နှစ်နှစ်ကျော် ကာလ သို့ ရောက် ရှိ ခဲ့ပြီ ဖြစ်ပြီး ဤကာလအတွင်း လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများကိုလည်း အရှိန် အဟုန် ဖြင့် ဆောင် ရွက်လျက် ရှိပါသည်။ ဤပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတွင် နိုင်ငံတော်၏ အဓိကအင်အား စုဖြစ်သော အလုပ်သမားထုကြီး၏ စုစည်းညီညွတ်စွာ ကြိုးစားအားထုတ်မှုသည် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထိုသို့ ကြိုးပမ်းအားထုတ်ခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်လာမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း အလုပ်သမားကြီး များ၏ ဝင်ငွေမြင့်မားလာမှုနှင့်အတူ လူနေမှုအဆင့်အတန်းလည်း တိုးတက်လာပြီး နိုင်ငံသားတို့၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်လည်း အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့်လည်း အလုပ်သမား အခွင့်အရေးများ၊ အကျိုးခံစားခွင့်များ၊ အကာအကွယ်ပေးမှုများကို နိုင်ငံတကာ စာချုပ်စာတမ်းများနှင့် လိုက်လျောညီထွေ အပြည့်အဝ ရရှိစေရေးအတွက် ခေတ်စနစ်နှင့် ကိုက်ညီခြင်း မရှိသည့် တည်ဆဲဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို ပယ်ဖျက်ခဲ့ပြီး ပြင်ဆင် သင့် သည် များကို ပြင်ဆင်၊ အသစ်ရေးဆွဲ သင့်သည်များ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ အလုပ်ရှင်နှင့် အလုပ်သမားအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင် ဆက် ဆံရေးကောင်းမွန်စေပြီး ကုန်ထုတ်စွမ်းအား တိုးတက်မှုရှိလာစေရန် ရည်ရွယ်၍ အလုပ်သမား အဖွဲ့ အစည်း ဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခဲ့ရာ အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းပေါင်း ၄၉၅ ဖွဲ့ ဖွဲ့စည်းပြီး ဖြစ်ပါသည်။ အချို့လုပ်ငန်းများတွင် မြို့နယ် အဆင့် အထိ တိုးမြှင့်ဖွဲ့စည်းနိုင်ခဲ့ပြီး အချို့အဖွဲ့အစည်းများကို အဖွဲ့ချုပ်အဆင့်အထိ ဖွဲ့စည်းပြီးဖြစ်ပါသည်။

အလုပ်သမားများအနေဖြင့် သင့်တင့်ကောင်းမွန်သော အလုပ်အကိုင် ရရှိရေးတွင် အဓိကကျသော အဓမ္မ ခိုင်းစေမှုပပျောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရပ်ကွက် သို့မဟုတ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို အိုင်အယ်လ်အို အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ်-၂၉ နှင့်အညီ ပြဋ္ဌာန်းခဲ့ပြီး လက်တွေ့ကျင့်သုံးမှုကို ထိရောက်စေရန် နိုင်ငံတစ်ဝန်း အသိပညာပေးမှုများ ဆောင်ရွက် လျက်ရှိ ပါသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် ပူးပေါင်း၍ ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အဓမ္မ ခိုင်းစေမှု လုံးဝပပျောက်ရေး လုပ်ငန်းစီမံချက်ကိုလည်း ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၂ဝ၁၅ ခုနှစ် သို့မဟုတ် ထိုကာလထက် စော၍ အဓမ္မခိုင်းစေမှု လုံးဝပပျောက်သွားမည်ဟု ယုံကြည်ပါသည်။

အဓမ္မခိုင်းစေမှု ပုံစံတစ်မျိုးဖြစ်သည့် ကလေးသူငယ် အလုပ်သမားများအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်း ဆိုင်ရာ အိုင်အယ်လ်အို ပြဋ္ဌာန်းချက် အမှတ်(၁၈၂)အား လက်ခံကျင့်သုံးရေး အတွက် လည်း ဆောင်ရွက်လျက် ရှိပါသည်။

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

နိုင်ငံတော်အနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးများကို ပိုမိုကာကွယ်ပေးနိုင် စေရန် အတွက် အနည်း ဆုံး အခကြေးငွေ ဥပဒေနှင့် လူမှုဖူလုံရေးဥပဒေများကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး လိုအပ် သည့် နည်းဥပဒေများ ရေးဆွဲကာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မိမိတို့ အလုပ်သမားများ၏ အကျိုးစီးပွားနှင့် အလုပ်ရှင်များ၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ နှစ်ဦးနှစ် ဖက်မျှတသည့် အကာအကွယ်များ ရရှိစေရန် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါသည်။ အလုပ်သမားများ အနေဖြင့် မကြာမီ ကာလများတွင် အာဆီယံစီးပွားရေး အသိုက်အဝန်း အခြေပြမြေပုံ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အာဆီယံဒေသတွင်း ကျွမ်းကျင်အလုပ်သမားများ လွတ်လပ် စွာ ရွှေ့ပြောင်းသွားလာမှု အစီအစဉ်အရ အလုပ်သမား ဈေးကွက်ယှဉ်ပြိုင်မှု ပိုမိုမြင့်မား လာတော့ မည်ဖြစ်ပြီး ဒေသတွင်း၌သာမက နိုင်ငံတကာ အလုပ်သမားများနှင့် ယှဉ်ပြိုင်ရတော့မည် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် အခြေ အနေပေါ်မူတည်၍ ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းများအား အပြည့်အဝ ဆုပ်ကိုင်နိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်မှုရှိစေရန် ပြင်ဆင်ထားကြရ မည်ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် အလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုလည်း မကြာမီ အတည်ပြုပြဋ္ဌာန်း နိုင်တော့မည်ဖြစ်ပြီး အလုပ်သမားများ၏ ကျွမ်းကျင်မှုကို ပိုမိုထိရောက် စွာ ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ပါသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် အလုပ်သမားများအတွက် ပြည်တွင်း၌သာမက ပြည်ပတွင်လည်း အလုပ် အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရန် ဆောင်ရွက်ပေးလျက် ရှိပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်စေရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

မိမိတို့နိုင်ငံတွင်စုစုပေါင်းလူဦးရေ၏ ထက်ဝက်ခန့်သည် အလုပ်လုပ်နိုင်သောလူဦးရေဖြစ်သဖြင့် အလုပ် သမား များ၏ လူနေမှုအဆင့်အတန်း မြင့်မားမှသာ နိုင်ငံတော်လည်း တိုးတက်မည်ဖြစ်ပါသည်။ နိုင်ငံတော် အနေဖြင့် အလုပ်သမားကြီးများ အတွက် အခွင့်အရေးနှင့် အကောင်းဆုံး အကာအကွယ်ပေးမှုများကို အတတ်နိုင်ဆုံး ကြိုးစားဆောင် ကြဉ်းပေးသွားမည်ဖြစ်သကဲ့သို့ အလုပ်သမားကြီးများမှလည်း အလုပ်သမား အခွင့်အရေး များကို တောင်းဆိုရာတွင် ဥပဒေနှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ကြစေ လိုပါသည်။

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

ယနေ့အချိန်အခါသည် အသွင်ကူးပြောင်းရေးကာလ ဖြစ်သကဲ့သို့ ပြန်လည် ထူထောင်ရေး ကာလလည်း ဖြစ်သည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများ အောင်မြင်စေရန် ပြည်သူတစ်ရပ်လုံးအထူးသဖြင့် အလုပ်သမားထုကြီး တစ်ရပ်လုံးက မိမိတို့၏ လုပ်ငန်းတာဝန်များကို အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဒီမိုကရေစီစနစ်၏ အနှစ်သာရများကို အပြည့်အဝ ခံစားနိုင်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အလုပ်သမား၊ အလုပ် ရှင်သုံးပွင့်ဆိုင် ပူးပေါင်းမှုဖြင့် လက်တွဲကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလေး အနက် တိုက်တွန်းအပ်ပါသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/05/01/id-3202

No comments:

Post a Comment

My Blog List