Sunday, October 07, 2012

မစ္စမြန်မာ အင်တာနေရှင်နယ် ပြိုင်ပွဲမှာ ပထမဆုံး အကြိမ် ယှဉ်ပြိုင်

Nan_001လာမည့် အောက်တိုဘာလ ၂၁ ရက်နေ့ ဂျပန်နိုင်ငံ၊ အိုကီနာဝါတွင် ကျင်းပမည့် (၅၂) ကြိမ်မြောက် Miss International Beauty Pageant 2012 ပြိုင်ပွဲ၌ မြန်မာ အလှမယ် တဦး ပထမဆုံး အကြိမ် ယှဉ်ပြိုင်မည်။ ပါဝင် ယှဉ်ပြိုင်သူမှာ မော်ဒယ် ဆုရှင် နန်းခင်ဇေယျာ ဖြစ်ပါသည်။ သူသည် ပါဝင် ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံသို့ အောက်တိုဘာလ ၁ ရက်နေ့တွင် ထွက်ခွာ သွားခဲ့ပါသည်။
ပြိုင်ပွဲကြီးကို နိုင်ငံပေါင်း ၅၀ ကျော်မှ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ် ပြီး International Cultural Association အဖွဲ့မှ မြန်မာအ လှမယ်များကို ဖိတ်ကြား ခဲ့ပါသည်။ နန်းခင်ဇေယျာ အသက် (၂၃) နှစ်သည် ပအိုဝ် သူလေးဖြစ်ပြီး မော်ဒယ်မယ် တဦး ဖြစ်ပါသည်။
Nan_Khinတောင်ကြီးမြို့မှ ပအိုဝ်သူလေး နနးခင်ဇေယျာ

"ကြိုတင်ပြင်ဆင်မှုမှာတော့ အားရမှု လုံးဝ မရှိဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒီပွဲ အတွက် စက်တင်ဘာလ ၂ ရက်နေ့ကမှ စကမ်းလှမ်းတယ်။ ကျွန်မက စက်တင် ဘာလ ၁၀ ရက်ကနေ ၁၅ ရက်နေ့ထိ ဗီယက်နမ် မှာကျင်းပတဲ့ International Travel Expo ကို သွားရတော့ ပြင်ဆင်ချိန် သိပ်မကျန်တော့ဘူး" လို့ နန်းခင်ဇေယျာက Myanmar Online News  ကိုပြော ကြားခဲ့ပါသည်။
အင်္ဂလိပ်နဲ့ ဂျာမန် စကားပြန်အဖြစ် ငါးနှစ်ကြာ အလုပ်လုပ် ခဲ့ဖူးပြီး အနုပညာ ၀ါသနာ ပါသူ ဖြစ်ပေသည်။ ဤကဲ့သို့ စကားပြန် လုပ်ရာမှ Miss Myanmar International 2012 ကို ၀င်ပြိုင်ဖြစ်သွားပြီး ဆုရရှိခဲ့ပါသည်။
Nan_Khin_01
Miss International Beauty Pageant 2012 ပြိုင်ပွဲ၌ Miss International၊ 1st Runner-Up ၊ 2nd Runner-Up ဆု များ အပြင် တခြား ဆုများလည်း ပေးအပ် သွားမည် ဖြစ်ပါသည်။ ထိုအထဲ၌ ထူးခြားတဲ့ ဆုတစ်ခုကတော့ Miss Internet ဆု ဖြစ်ပြီး မိမိ အကြိုက်ဆုံး အလှမယ်ကို အင်တာနက်မှ မဲပေးကြမည့် အစီစဉ်လည်း ပါပါသည်။ ဤနေရာ၌ မဲအများဆုံး ရရှိသည့် အလှမယ်က ထိုဆုကို ရရှိမည်ဖြစ်သည်။ လောလောဆယ်၌ မနန်းခင်ဇေယျာသည် အင်တာနက် မဲအများဆုံး ရရှိ ထားသူဖြစ်သည်။
မြန်မာနိုင်ငံသားများ အားပေး ကြပါရန် လိုအပ် ပါသည်။ ပြိုင်ပွဲနှင့် ပတ်သက်လို့ အသေးစိတ် အချက်အလက် များကို www.miss-international.org တွင် ကြည့်ရှုနိုင်ပြီး ဆန္ဒမဲများ အားပေးကြပါရန်။

No comments:

Post a Comment

My Blog List