Friday, October 11, 2013
ထိုင်းဝန်ကြီးချုပ်
ယင်လက်ရှပ်နာဝပ်ထရာသည် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင်
အိမ်နီး ချင်း နှစ်နိုင်ငံအကြားကုန်သွယ်ရာ၌ မှောင်ခိုကုန်သွယ်မှုပပျောက်စေရေးအတွက်လိုအပ်သောကုန်သွယ်ရေး စာရွက်စာတမ်းများနှင့် အခွန်အကောက်များ
ကိစ္စကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင် သည့် Single-Window System ကို
အသုံးပြုရန်နှင့် ထိုင်း၊ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့ကို ဆက်သွယ်ပေး မည့်
အဝေးပြေး လမ်းမတစ်ခု ဖောက်လုပ်ရန်တို့ကို တိုက်တွန်းခဲ့ကြောင်း Thai News
Agency သတင်း ဌာန၏ ဖော်ပြချက် အရ သိရသည်။ ထိုင်းနိုင်ငံ အစိုးရ
ပြောရေးဆိုခွင့်ရှိသူ Teerat Ratanasevi က Thai News Agency သတင်းဌာနသို့
ကြာသပတေးနေ့က ပြောကြားရာတွင် ထိုင်းဝန်ကြီးချုပ်သည် အဆိုပါ
တိုက်တွန်းမှုများကို ဘရူနိုင်းနိုင်ငံတွင် ကျင်းပနေသည့် (၂၃)ကြိမ်မြောက်
အာဆီယံထိပ်သီး အစည်းအဝေးပွဲ တက်ရောက်နေ သည့် သမ္မတ ဦးသိန်းစိန်နှင့်
သီးသန့်တွေ့ဆုံရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူကဆက်လက်ပြောဆိုရာတွင်ထိုင်းနှင့်မြန်မာ
နှစ်နိုင်ငံလုံးမှ ခေါင်းဆောင်များသည် နှစ်နိုင် ငံကြား နယ်စပ်ဖြတ်ကျော်
ကုန်သွယ်ရေးကို တိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်း၊ ထို့ပြင်
ခေါင်းဆောင်နှစ်ဦး စလုံးက မှောင်ခိုကုန်သွယ်ရေးသည် နှစ်နိုင်ငံလုံး၏
အခွန်ကောက်ခံရမှုကို အကြီးအကျယ် ထိခိုက်နေစေ သည့် အချက်ဆိုသည်ကိုလည်း
သဘောတူညီ ခဲ့ကြသည့် အတွက်ကြောင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် က
နှစ်နိုင်ငံကြား Single-Window System ကျင့်သုံးရန် တိုက်တွန်းခဲ့ခြင်း
ဖြစ်ကြောင်းနှင့် အဆိုပါစနစ် ကျင့်သုံးရန်အတွက်လိုအပ်သည့်နည်းပညာနှင့်အသိပညာအကူအညီများကိုထိုင်းနိုင်ငံကကူညီမည် ဖြစ်ကြောင်း လည်း
ပြောဆိုခဲ့သည်ဟု ဆိုသည်။
ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ၏
အဆိုအရ Single-Window Systemသည် နိုင်ငံတကာနှင့်နယ် စပ်ဖြတ်ကျော်
ကုန်သွယ်သူများကို နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရန်အတွက် လိုအပ်သည့်
စာရွက် စာတမ်းများအား တစ်နေရာတည်းတွင် ပြုလုပ်နိုင်မည်ဖြစ်ပြီး
ထို့အတွက်ကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရာတွင် ပိုမိုမြန်ဆန် လာနိုင်မည်
ဖြစ်သည်ဟု ဆိုသည်။ ထိုသို့တစ်နေရာတည်းတွင်ပြီးစီးအောင်
ဆောင်ရွက်နိုင်ခြင်း အားဖြင့် ကုန်သွယ်ရေးအတွက် လိုအပ်သည့်
စာရွက်စာတမ်းများနှင့် ကုန်သွယ်ခွင့် ရရှိရန်အတွက် အစိုးရ အရာရှိ များနှင့်
အကြိမ်ကြိမ် တွေ့ဆုံဆောင်ရွက်ရန်လည်း မလိုအပ်ဘဲကုန်သည်များအတွက်
ငွေကုန်ကြေး ကျလည်း သက်သာမည်ဟု ဆိုသည်။ အဆိုပါ တွေ့ဆုံပွဲတွင်
ထိုင်းနှင့်မြန်မာ ခေါင်းဆောင်များသည် ထာဝယ်စီမံကိန်း အကောင်အထည်
ဖော်ရန်အတွက် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ရန်
အတွက်လည်း သဘောတူညီ ခဲ့ကြသည်ဟု ဆိုသည်။ ထို့ပြင်
ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောဆို ရာတွင် ထိုင်းဝန်ကြီးချုပ်က
မြန်မာသမ္မတအား ထိုင်း၊ မြန်မာ၊ အိန္ဒိယ သုံးနိုင်ငံ ချိတ်ဆက်ပေးမည့်
အဝေးပြေး လမ်းမတစ်ခု ဖောက်လုပ်ရေးကို မြန်မာဘက်မှ စဉ်းစားပေးပါရန်လည်း
ပန်ကြားခဲ့သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ၏ တိုက်တွန်းချက်ကို
မြန်မာအစိုးရ ဘက်မှလည်း သဘောတူ လက်ခံခဲ့ပြီး သုံးနိုင်ငံ ချိတ်ဆက်ပေးမည့်
အဝေးပြေးလမ်းမ တည်ဆောက်ရန်အတွက် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ
ပူးပေါင်းပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မန်မိုဟန်ဆင်းအားကြာသပတေးနေ့တွင်ကျင်းပမည့် တွေ့ဆုံပွဲ၌ တောင်းဆိုကြမည်ဟု
သဘောတူခဲ့ကြကြောင်း သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment