တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထိုင်ဝမ် ဝန်ကြီးတစ်ဦးက သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် သွားရောက် လည်ပတ် တွေ့ဆုံမည့် အစီအစဉ်ရှိရာ ယင်းခရီးစဉ်မတိုင်ခင် ၎င်းက ထိုင်ဝမ် သမ္မတ မာရင်ဂျိုးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံကြကာ ညှိနှိုင်းဖလှယ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Friday, February 07, 2014
ကမ္ဘာနဲ့ လကို အင်္ဂါဂြိုလ်ပေါ် က ရိုက်ကူးတဲ့ဓာတ်ပုံ နာဆာ ဖြန့်ချိ
ကောင်းကင်ကို ကြည့်လိုက်ရင် အခြား ဂြိလ်တွေ၊ ကြယ်တွေတွေကို မြင်တွေ့ကြတာ မထူးဆန်းတော့ပေ မယ့် လူသားတွေ နေထိုင်ကြတဲ့ ကမ္ဘာဂြိလ်ကို အင်္ဂါဂြိုလ် မျက်နှာပြင်ပေါ်ကနေ မြင်တွေ့ရတဲ့ မြင်ကွင်း ကတော့ ထူးခြားပါတယ်။
ရခိုင်နိုင်ငံရေးသမား ၂ ဦး မလေးရှားတွင် သေနတ်ဖြင့် အပစ်ခံရ
ရခိုင်လူမှု အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိနေသည့် ရခိုင် တိုင်ရင်းသားခေါင်းဆောင်နှစ်ဦးဖြစ်သော ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ကို ဖေဖော်ဝါရီလ ၅ ရက် ညပိုင်းတွင် သေနတ်ပစ်ခတ်လုပ်ကြံခံရမှုမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိသော ဘာသာရေး လူမျိုးရေး ပဋိပက္ခများနှင့် ဆက်စပ်မှု ရှိနေကြောင်း ရခိုင်တိုင်းရင်းသား ခေါင်းဆောင် များက ယနေ့ ရန်ကုန်မြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
● နိုင်ငံတော်သမ္မတက ၆၇ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ●
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သည့် ၆၇ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် ထံမှ ပေးပို့သည့် သဝဏ်လွှာ အပြည့်အစုံမှာ
အောက်ပါအတိုင်း ဖြစ်ပါသည်-
တခါတုန်းက တက္ကသိုလ်မောင်မယ် ရွေးပွဲ
နိုင်ငံတကာပြိုင်ပွဲများတွင် အများဆုံး ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာနိုင်ငံ၏ အားကစားနည်းမှာ မယ် “Miss” ရွေးပွဲပင် ဖြစ်သည်။ နိုင်ငံတကာတွင်လည်း ခေါင်းစဉ်မျိုးစုံဖြင့် မယ်ရွေးပွဲများက ရှိနေသည်။
ကာကွယ်ရေး အသုံးစရိတ် ၂ ရာခိုင်နှုန်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ တို့တွင် မျှဝေသုံးစွဲရန် တောင်းဆို
ကာကွယ်ရေးဝန်ကြီးဌာန ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အသုံးပြုရန် လျာထားသော ဘဏ္ဍာငွေများထဲမှ ၂ ရာခိုင်နှုန်းကို ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် အသုံးပြုရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တောင်းဆိုသည်။
သမ္မတ အရည်အချင်း သတ်မှတ်ချက်ပြင်ရေး လူတစ်ရာခန့် ဆန္ဒပြ
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အဟန့်အတား ဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅ ၉(စ) နှင့် (ဃ) ပြင်ဆင် ပေးရေးအတွက် ရန်ကုန်မြို့ အလုံမြို့နယ်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က လူဦးရေ ၁၀၀ နီးပါး ဆန္ဒထုတ် ဖော်ခဲ့ကြောင်း အဆိုပါ ဆန္ဒပြမှုကို ဦးဆောင်သူ ဦးမင်းနေထူးက ပြောကြားသည်။
ထိုင်းရှိ မြန်မာအလုပ်သမားများ ဌာနေပြန်ရန် သံအရာရှိ တိုက်တွန်း
လးနှစ်ဗီဇာ သက်တမ်းကုန်ဆုံးသွားသော အလုပ်သမားများအနေဖြင့် ထိုင်းရဲဖမ်းဆီးမခံရစေရန် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း မြန်မာပြည်သို့ပြန်ပြီးမှ ပြန်လည်ဝင်ရောက်သင့်ကြောင်း မြန်မာအလုပ် သမားရေးရာ သံအရာရှိက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်နှင့် အစိုးရအဖွဲ့ ပညာရေးမူဝါဒများ ပူးပေါင်းရေး သုံးပွင့်ဆိုင်ညှိနှိုင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတို့က သီးခြားစီ ရေးဆွဲထားသော ပညာရေးမူဝါဒများ
တပေါင်းတစည်းတည်း ဖြစ်ရန် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပထမဆုံးအကြိမ်
ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက The
Voice သို့ ပြောကြားသည်။
နေပြည်တော် အမြန်လမ်းမကြီး စီမံကိန်းဒေသခံများအတွက် အကျိုးမဖြစ်ထွန်းဟု သူရဦးရွှေမန်းဆို
တောင်သူလယ်သမားများထံမှ လယ်ယာမြေဧကများစွာ သိမ်းယူကာ ဖောက်လုပ်ခဲ့သည်ဟု စွပ်စွဲခံနေ ရသော ရန်ကုန်-နေပြည်တော်-မန္တလေးအမြန် လမ်းမကြီး စီမံကိန်းမှာ ယင်းလမ်းမကြီး ဖြတ်သန်းရာ ဒေသ များရှိ ဒေသခံများအတွက် အကျိုးဖြစ်ထွန်းခြင်း မရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
အာဏာရပါတီ ဖျက်သိမ်းပေးရန် တောင်းဆိုချက် ထိုင်းခုံရုံးက ပယ်ချ
ထိုင်းနိုင်ငံ၏ အာဏာရပါတီကို ဖျက် သိမ်းပေးရန် အတိုက်အခံ ဒီမိုကရက်ပါတီ၏ တိုင်တန်းတောင်းဆို ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ပယ်ချလိုက်ကြောင်း ဖေဖော်ဝါရီ ၆ ရက်က နေးရှင်း သတင်းစာ၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တောင်ကြီးဆေးတက္ကသိုလ်အတွက် ကျပ်သန်း ၅၀၀၀ ချပေးခဲ့သော်လည်း ဖောင်ဒေးရှင်း အဆင့်သာရှိသေးပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် ကျပ် ၆၅၂ ဘီလျံ တောင်းခံထားကြောင်း လွှတ်တော်ကျန်းမာရေးမြှင့်တင်မှုကော်မတီပြောကြား
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်ရန်အတွက် ကျပ်သန်း ၅၀၀၀ ချပေး ခဲ့သော်လည်း ဖောင်ဒေးရှင်းအဆင့်သာ ရှိသေးပြီး ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် ၆၅၂ ဘီလျံ တောင်းခံထားကြောင်း ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှု ကော်မတီက ဖေဖေါ်ဝါရီ ၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။
ကန်နဲ့စစ်ရေးလေ့ကျင့်မှု ဖျက်သိမ်းဖို့ မြောက်က တောင်ကို ခြိမ်းခြောက်ပြောဆို
အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ စီစဉ်ထားတာကို တောင်ကိုးရီးယားဖက်က မရုတ်သိမ်းရင် မိသားစုပြန်လည်တွေ့ဆုံရေး သဘောတူညီချက်ကို ပယ်ဖျက်ပစ်မယ်လို့ မြောက်ကိုးရီးယားက ခြိမ်းခြောက် ပြောဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်မှ ရခိုင်တိုင်းရင်းသားများ မောင်တောသို့ အုပ်စုလိုက် ၀င်ရောက်လာနေ
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယခုလဆန်းအတွင်း အုပ်စုလိုက် ၀င်ရောက်လာကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်စန်းက ပြောသည်။
ရွှေတိဂုံကို ကမ္ဘာ့ အမွေအနှစ် စာရင်း သွင်းနိုင်ဖို့ ကြိုးစား
ရန်ကုန်မြို့မှာ ရှိတဲ့ ရွှေတိဂုံ စေတီတော်ကြီးကို UNESCO ကမ္ဘာ့ အမွေအနှစ် စာရင်းထဲ သွင်းနိုင်ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြိုးပမ်း နေပါတယ်။
ရွှေတိဂုံ စေတီတော်ကြီးဟာ UNESCO က သတ်မှတ်ထားတဲ့ အချက်တွေ ဖြစ်တဲ့ ထူးခြား အရေးပါမှု၊ စစ်မှန်မှု ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ အတွက် UNESCO ကမ္ဘာ့ အမွေအနှစ် စာရင်းထဲ ပါဖို့ အလားအလာ ကောင်းတယ်လို့ ရွှေတိဂုံ စေတီတော်ကြီးကို UNESCO ကမ္ဘာ့ အမွေအနှစ် စာရင်းထဲ သွင်းနိုင်ဖို့ စီစဉ် ဆောင်ရွက်နေတဲ့သူတွေထဲက တဦး ဖြစ်တဲ့ ရှေးဟောင်း သုတေသန ၊ အမျိုးသားပြတိုက်နဲ့ အမျိုးသား စာကြည့်တိုက် ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဦးစန်းဝင်း က ဘီဘီစီကို ပြောပြပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၁၆/၂၀၁၄
၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်
(၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်)
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း
ကန်နဲ့စစ်ရေးလေ့ကျင့်ရင် မိသားစုတွေ့ဆုံရေး ဖျက်မည်ဟု မြောက်ကို ရီးယားခြိမ်းခြောက်
တောင်ကိုရီးယားအစိုးရအနေနဲ့ အမေရိကန်တို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အစီအစဉ်အတိုင်း ဆက်လုပ်မယ်ဆိုရင်တော့ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံကြား ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည် တွေ့ဆုံခွင့်ပေးမဲ့ကိစ္စကို ဖျက်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်ပါတယ်။
မြန်မာနဲ့ နိုင်ငံတကာမှာ ဘာသာရေး လွတ်လပ်ခွင့် အရေးကြီးကြောင်း အိုဘားမားပြော
အမေရိကန်သမ္မတ Barack Obama ဟာ ဒီကနေ့ မနက် ၀ါရှင်တန် ဒီစီမြို့မှာ
ပြုလုပ်တဲ့ National Prayer Breakfast နှစ်ပတ်လည် နံနက်စာ စားရင်း
ဆုတောင်းပွဲပြုလုပ်တဲ့ အခမ်းအနားမှာ
တက်ရောက် မိန့်ခွန်းပြောကြား တဲ့အထဲ ကမ္ဘာအနှံ့အပြားမှာ ဘာသာရေး
လွတ်လပ်ခွင့် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေ တာနဲ့ပတ်သက်ပြီး ပြောကြားသွားရာမှာ
အာရှဒေသက မြန်မာနဲ့ တရုတ်နိုင်ငံ တို့ကိုလည်း ထည့်သွင်း ပြောကြား
သွားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
သမ္မတအရည်အချင်း ကန့်သတ်ချက် ပယ်ဖျက်ပေးရေး အလုံမှာ တောင်းဆိုဆန္ဒပြ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတဖြစ်ပိုင်ခွင့် ပုဒ်မ ၅၉ (ဃ) နဲ့ ၅၉ (စ) တို့ကို ပယ်ဖျက်ပေးဖို့ ရန်ကုန်မြို့ အလုံမြို့နယ်မှာ ရာနဲ့ချီတဲ့ ပြည်သူတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဝန်ကြီး ဦးအုန်းမြင့် ပြောကြားချက်ကိစ္စ အရေးယူရေး လွှတ်တော် စောင့်ကြည့်နေဆဲ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး သစ်ရာကောက်ကျေးရွာမှာ ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေအပေါ် အစိုးရအနေနဲ့ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေမယ်ဆိုရင် အရေးယူလာတဲ့အထိ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ဒီကနေ့ ပြောပါတယ်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-






























