Tuesday, October 8, 2013
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော
တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆောင်တွေဟာ
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး
လက်မှတ်ထိုးရေး အပါအ၀င် နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ဖို့အတွက် အရေးပေါ်
ဖယ်ဒရယ်ကောင်စီ အစည်းအဝေး ကျင်းပနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အောက်တိုဘာ ၇ ရက်နေ့က စပြီး ၃ ရက်ကြာ
ကျင်းပမည့် အရေးပေါ် ဖယ်ဒရယ်ကောင်စီ အစည်းအဝေးနဲ့ ပတ်သက်ပြီး UNFC
တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဦးခွန်ခွန်ဥက္ကာ က အခုလို ပြောဆိုပါတယ်။
“အခုထိပ်တိုက်ဖြစ်နေတာတော့ နေရှင်းဝိုက် စေ့ဖါးရားပေါ့ (nationwide
ceasefire) နေရှင်းဝိုက် စေ့ဖါး ရားကို ဒီ နိုဝင်ဘာလဆန်းမှာ အစိုးရက
အတင်းလက်မှတ်ခေါ်ထိုးမည့် ပုံစံမျိုးဖြစ်နေတော့ ဒီအပေါ်မှာ ဘယ်လို
ပြင်ဆင်မှုတွေ လုပ်မလဲပေါ့ဗျားတခု၊ နံပါတ်နှစ်ကတော့ ကျနော်တို့
နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ်ဆိုရင် မူဘောင်မှာ ဘာတွေ ပါသင့်လဲ
ဆိုတာလေးလည်းတစ်ခု၊ နောက်တခုက ကျနော်တို့ရဲ့ UNFC ရဲ့ ကွန်စတီကျူးရှင်းကို
ပြန်ရီဗျူး (review) လုပ်တာပေါ့၊ ရီဗျူးလုပ်ပြီးတော့ ကျနော်တို့
ကွန်စတီကျူးရှင်းကို ကျနော်တို့ ဘယ်လို ပြင်ဆင်မလဲပေါ့၊ ထိုးမယ် မထိုးဘူး
ဆိုတာ ဆုံးဖြတ်ဖို့ မရှိဘူး ဘာကိုဆုံးဖြတ်မလဲဆိုတော့ ဘယ်အခြေအနေ မျိုးတွေ
ဘယ်အချက်အလက်မျိုးတွေ ပြည့်စုံဖို့ လိုတယ် ဆိုတာတော့ ဆုံးဖြတ်မယ်၊ အဲ့ဒီ
အချက် အလက်တွေ အခြေအနေတွေ ပြည့်စုံတယ်ဆိုရင်တော့ ထိုးမယ်ပေါ့ဗျား။” အရေးပေါ်ဖယ်ဒရယ် ကောင်စီအစည်းအဝေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း
၁၁ ဖွဲ့ထဲက တစ်ဖွဲ့ချင်းစီကိုယ်စားပြု ခေါင်းဆောင် ၃ ဦးကျစီနဲ့
ခေါင်းဆောင် ၃၀ ကျော်တက်ရောက်နေပြီး တပြည်လုံးအပစ်အခတ်ရပ်စဲရေး
လက်မှတ်ထိုးရာမှာ ပါဝင်ဖို့လိုအပ်တဲ့ အချက်တွေကို သဘောတူ ဆုံးဖြတ်သွားဖို့
ရှိတယ်လို့လည်း သိရပါတယ်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ
ဖယ်ဒရယ်ကောင်စီUNFC အဖွဲ့မှာ ချင်းအမျိုးသား တပ်ဦးCNF ၊
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီSSPP၊ ကရင်နီ
အမျိုးသားတိုးတက်ရေး ပါတီKNPP၊ ကရင်အမျိုးသား အစည်းအရုံးKNU၊
မွန်ပြည်သစ်ပါတီNMSP၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချူပ်PNLO၊
ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူ ဒီမိုကရက်တစ်ပါတီ LDP၊ ဝ
အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF
စတဲ့အဖွဲ့တွေ ပါဝင်ပြီး ၂၀၁၀ နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့တာ ဖြစ်တယ် လို့
ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment