Friday, October 11, 2013
အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်း တည်ဆောက်ရန် စီစဉ်ထားသည် မဂ္ဂါဝပ် ၂၀၈၀ထွက်ရှိမည့် ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုအား
ရပ်ဆိုင်းထားရန် ဆုံးဖြတ်လိုက်သည်ဟု Business Standard သတင်းစာ၏
ဖော်ပြချက်အရ သိရသည်ဟု ဆိုသည်။ ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် ဓါတ်အားပေး
စက်ရုံနှစ်ခုမှာ မဂ္ဂါဝပ် ၁၂၀၀ထွက်ရှိမည့် ထမံသီ ဓါတ်အားပေးစက်ရုံနှင့်
မဂ္ဂါဝပ် ၈၈၀ထွက်ရှိမည့် ရွေစာရံ ဓါတ်အားပေး စက်ရုံတို့ ဖြစ်ကြသည်။
“စီးပွားရေးအရလည်း တွက်ခြေမကိုက်တဲ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့
လူမှုအသိုင်းအဝိုင်းအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက်
ဒီစီမံကိန်းနှစ်ခုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယာယီ ရပ်ဆိုင်းထားဖို့
ဆုံးဖြတ်လိုက်တာပါ”ဟု စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။
အိန္ဒိယနိုင်ငံ အမျိုးသားရေအားလျှပ်စစ်ကော်ပိုရေးရှင်း (NHPC)မှ အကြီးတန်း
အမှုဆောင်တစ်ဦးကလည်း ယခုသတင်းကိုအတည်ပြုခဲ့ပြီး ယခုစီမံကိန်းများသည် NHPC၏
အကျိုးအမြတ် တစ်စုံတစ်ရာထက် နှစ်နိုင်ငံ အကြား စီးပွားရေး ဆက်ဆံမှုများ
ပိုမိုခိုင်မာလာစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ပြောကြားသည်။
ဒေလီမြို့ရှိ မြန်မာသံရုံးမှ အရာရှိ တစ်ဦးကလည်း
စီမံကိန်းရွေ့ဆိုင်းခြင်းနှင့် ပတ်သက်၍ အတည်ပြု ပြောကြားခဲ့ပါသည်။
NHPCနှင့် အိန္ဒိယနိုင်ငံ လျှပ်စစ်ဝန်ကြီးဌာန လက်အောက်ရှိ ရေအားလျှပ်
စစ်ဌာနတို့သည် နားလည်မှုစာချွန်လွှာကို ၂၀၀၈ခုနှစ် စက်တင်ဘာလတွင်
လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းဖြစ်မြောက်အောင် ပြုလုပ်နိုင်ရန်အတွက် လေ့
လာမှုများ ပြုလုပ်ရန် သဘောတူညီထားခဲ့သည်။ ထမံသီ စီမံကိန်းကို
ဆွစ်ဇာလန်နိုင်ငံမှ Colenco Power Engineeringကုမ္ပဏီမှ တည်ဆောက် ရန်
ပြင်ဆင်နေခြင်း ဖြစ်ပြီး ရွေစာရံ စီမံကိန်းကိုမူ ဂျပန်နိုင်ငံမှ Kansai
Electric Powerကုမ္ပဏီမှ တည်ဆောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် အလားအလာမှာ မဂ္ဂါဝပ်
တစ်သိန်းကျော်ရှိပြီး မဂ္ဂါဝပ်၃၉၀၀၀ထုတ်လုပ်နိုင်ရန်အတွက် လေ့လာပြင် ဆင်
လျက် ရှိသည်။ ယခု ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် ရေအားလျှပ်စစ်
စီမံကိန်းနှစ်ခုမှာ ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းများ
ဖြစ်ကြောင်း သိရသည်။
Myanmar ICT
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment