Wednesday, October 9, 2013
နိုင်ငံတော်ဘဏ္ဍာငွေဖြင့်တပ်ဆင်နေသော လေကြောင်းလမ်းညွှန်စက်များကို
လေယာဉ်ဆင်းသက်မှုများသော ဟဲဟိုးနှင့် ညောင်ဦးလေဆိပ်တို့တွင်သာတပ်ဆင်ရန်ကျန်ရှိတော့ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
ယခုနှစ်မတိုင်မီတပ်ဆင်မည့် ယင်းစက်များကို မြစ်ကြီးနား၊ ထားဝယ်၊
ပဲခူးတို့တွင် တပ်ဆင်ပြီး၍ လှည်းကူးတွင်လည်းတပ်ဆင်လျက်ရှိသည်။လှည်းကူးပြီးပါကဟဲဟိုးနှင့် ညောင်ဦးလေ ဆိပ်နေ ရာများတွင် ဆက်လက်တပ်ဆင်ရန်
ကျန်ရှိကြောင်း လေကြောင်းဦးစီးမှ အင်ဂျင်နီယာ ကိုဝဏ္ဏကပြောသည်။ ၎င်းစက်များမှ
VOR/DME ဖြစ်ပြီး လေယာဉ်မှာကွင်းသို့ ဆင်းသက်ရန်နှင့်
ဖြတ်ေ ကျာ်ပျံသန်းရာတွင် မြေပြင်နှင့် ချိတ်ဆက်၍ အကွာအဝေးမည်မျှရှိခြင်း၊
အမြင့်ပေမည်မျှတွင်ရှိနေခြင်း၊ ရာသီဥတုအနေ အထားများနှင့် လေယာဉ်၏
လမ်းကြောင်းအား ညွှန်ပြပေးသော အထောက် အကူပြုစက်များဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အသုံးပြုနေသော လေယာဉ်ကွင်း ၃၂ ကွင်းရှိနေပြီး
VOR/DME လေကြောင်း လမ်းညွှန်စက်မှာ နေရာခြောက်နေရာတွင် တပ်ဆင်ထားကာ
ယခုတပ်ဆင်မှုပြီးပါက ယင်းစက်တပ် ဆင်ပြီး နေရာ ၁၀ နေရာအထိ ရှိလာမည်ဖြစ်သည်။အမေရိကန်နိုင်ငံထုတ် ယင်းလေကြောင်းလမ်းညွှန် စက်များ တန်ဖိုးအား
ပြောကြား၍မရနိုင်ဘဲ နိုင်ငံတော်အစိုးရမှ ဘတ်ဂျက်ချထားပေးမှုအပေါ်
မူတည်၍ ၀ယ်ယူထားကြောင်း ၎င်းကဆက်ပြောသည်။ယင်းစက်များကို
နိုင်ငံခြားသားဝင်ထွက်မှုများသော လေယာဉ် ကွင်းနှင့် လေယာဉ်ဆင်းသက်မှုများသောကွင်းများတွင်ဦးစားပေးတပ်ဆင်သွားမည်ဖြစ်ကြောင်း
လေကြောင်းညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကပြောသည်။ယင်းလေကြောင်း လမ်းညွှန်စက်များ တပ်ဆင်ပြီးသွားပါက ချက်ချင်းသုံးစွဲရန်မဖြစ်နိုင်သေးဘဲ လေယာဉ်ဖြင့် စမ်းသပ်ပျံသန်းမှု အကြိမ်ကြိမ်ပြုလုပ်ရကြောင်း
အင်ဂျင်နီယာ ကိုဝဏ္ဏကပြောသည်။
နိုင်ငံတကာမှ လေယာဉ်များ
မြန်မာ့ပိုင်နက်အတွင်းသို့ တစ်ရက်လျှင်အစီး၁၅၀ ကျော်
ဖြတ်ကျော်ပျံ သန်းနေပြီးယင်းလေယာဉ်များအတွက်အထောက်အကူပြုနိုင်ရန်ယင်းစက်များကိုတပ်ဆင်ရခြင်းဖြစ်ကြောင်း
လေကြောင်းဦးစီးမှ သတင်းရရှိသည်။
7 Day Daily
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment