Saturday, May 03, 2014

ရခိုင်ပြည်နယ်က တရားမဝင်မူဆလင်တွေ နိုင်ငံသားပေးရေး နမ်ဘီးယား တိုက်တွန်း


အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သတ်မှတ် ခံထားရတဲ့ မူဆလင်တွေနဲ့ ပတ်သက်လို့ အရေးကြီးဆုံး ဦးစားပေး ဆောင်ရွက်ရမယ့် ကိစ္စက သူတို့ ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောလိုက်ပါတယ်။
 

ဇူလိုင်လတွင် အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ထိုင်းယာယီဝန်ကြီးချုပ် နှင့် ရွေးကောက်ပွဲ ကော်မတီ သဘောတူညီမှု ရရှိ


ထိုင်းယာယီဝန်ကြီးချုပ်နှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တို့သည် ဇူလိုင်လတွင်အထွေ ထွေ ရွေးကောက် ပွဲ တစ်ရပ် ကျင်းပရေးနှင့် စပ်လျဉ်း၍ သဘောတူညီမှု ရရှိခဲ့သော်လည်း အစိုးရ အနေဖြင့် ရွေးကောက်ပွဲ မကျင်းပမီ ရွေးကောက်ပွဲနှင့် ဆိုင်သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်ဟု သိရသည်။

ယုံကြည်မှု တည်ဆောက်ရေး မြန်မာအစိုးရနဲ့ KIO ဆွေးနွေးမည်


အပစ်အခတ်ရပ်စဲရေး၊ တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်ရေးနဲ့ပတ်သက်လို့ သုံးသပ်ဆွေးနွေးဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမှာ မကြာခင် တွေ့ဆုံဖို့ ရှိပါတယ်။ KIO ဘက်က နှစ်ဖက်ဆွေးနွေးရေးကမ်းလှမ်းချက်ကို မြန်မာအစိုးရဘက်ကလည်း တုံ့ပြန်လိုက် တာပါ။ 
 

ရှမ်းနိုင်ငံရေးပါတီကြီး နှစ်ခု ပူးပေါင်းရေး စတင်ဆွေးနွေး


အင်အားကြီး ရှမ်းပါတီကြီးနှစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ဟာ နှစ်ပါတီ ပေါင်းစည်းရေး အတွက် မေလ ၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး ဒီဆွေးနွေးပွဲမှာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမူနဲ့  ၈ ပြည်နယ်မူဟာ အဓိက အကျေအလည် ဆွေးနွေးရမယ့် အချက်တွေဖြစ်နေပါတယ်။

ရုရှားကိုပိုမိုဒဏ်ခတ်ဖို့ ကန်နဲ့ဂျာမဏီပူးတွဲ သတိပေး


ယူကရိန်းနိုင်ငံက အခြေအနေတွေကို သံတမန်ရေးအရဖြေရှင်းဖို့အတွက် လုပ်စရာရှိတာတွေကို ရုရှားနိုင်ငံ က မလုပ်ဘူးဆိုရင် နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ဆက်လုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမား နဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ်လ်တို့က သောကြာနေ့မှာ သတိပေးလိုက် ပါတယ်။

ယူကရိန်းအရှေ့ပိုင်း တိုက်ပွဲတွင်း မီးလောင်မှု ၃၀ ကျော်သေဆုံး


ယူကရိန်းနိုင်ငံ Odessa ဆိပ်ကမ်းမြို့ကလေးမှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရ လိုလားသူတွေကြား တိုက်ပွဲတွေဖြစ်ပွါးနေချိန်မှာပဲ အဆောက်အဦးတခု မီးလောင်ပြီး လူပေါင်း ၃၁ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။

ရခိုင် ညီလာခံတွင် ရခိုင် အမျိုးသားနေ့ သတ်မှတ်


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံမှ ရခိုင်အမျိုးသား နေ့ကို သတ်မှတ် လိုက်သည်။

ကျောက်တော်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာ မြတ်မုနိ ဗုဒ္ဓရုပ်ပွားတော်ကြီး စတင် သွန်းလောင်း နိုင်ခဲ့သည့် ကဆုန် လပြည့်ကျော် ၁ ရက်နေ့ကို ရခိုင် အမျိုးသားနေ့ အဖြစ် သတ်မှတ် လိုက်ခြင်း ဖြစ်သည်။

ရခိုင်တပ်မတော်အား ရခိုင်ပြည်နယ်ခြားစောင့်တပ်ဖွဲ့စည်းမည်


ယခုလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့ နှင့် အစိုးရကြား အပစ်အခတ်ရပ်စဲ ရေးဆွေးနွေး ပွဲများ ပြုလုပ်သွားရန်ရှိနေပြီးယင်းအနက် ရခိုင်တပ်မတော် (AA) အနေဖြင့် အပစ်အခတ်ရပ်စဲရေးလုပ်နိုင် ခဲ့ပါက နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့စည်းသွားရန်ရှိနေကြောင်း မေ လ ၂ ရက်နေ့က သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအဆင့် ဆွေးနွေးပွဲ ကျင်းပရန်ပြင်ဆင်နေကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား


မေလ(၂)ရက်နေ့နံက်ပိုင်း ရေဒီယိုကနေတဆင့် ပြောကြားသော နိုင်ငံတော်သမ္မတ မိန့်ခွန်းတွင် လက်နက် ကိုင်အဖွဲ့တွေနဲ့နိုင်ငံရေးအဆင့် ဆွေးနွေးပွဲ ကျင်းပရန်အစိုးရက ပြင်ဆင်နေကြောင်း၊ မကြာခင်မှာ တစ်နိုင် ငံလုံး အတိုင်းအတာနဲ့အပစ် အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် ကပြောသည်။

ဆုပန်ထွာ ရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော် ရဲ့ နောက်ဆုံးဖြေရှင်းချက်



မြစ်ဆုံ ရပ်ဆိုင်းရေး လမ်းလျှောက်သည့်အဖွဲ့ မြစ်ကြီးနားရောက်ရန် မိုင် ၃၀ သာလို


ဧရာဝတီ မြစ်ဆုံစီမံကိန်း လုံးဝ ရပ်ဆိုင်းရန်အတွက် ရန်ကုန်မြို့မှ လမ်းလျှောက် ဆန္ဒဖော်ထုတ်သူများ သည် မေလ ၂ ရက်တွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့နယ်ခွဲတွင် ရောက်ရှိနေ ပြီဖြစ်ပြီး မြစ်ကြီးနားမြို့ရောက်ရန် မိုင် ၃၀သာလိုတော့သည်ဟု ဦးဆောင်သူ ကိုရဲထွဋ်ခေါင်က ပြောသည်။

Friday, May 02, 2014

နိုင်ဂျီးရီးယား ပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၉ ဦး သေဆုံး

နိုင်ဂျီးရီးယား မြို့တော် အဘူဂျာတွင် ကြာသပတေးနေ့ညက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား အာဏာပိုင်များမှ ပြောဆိုခဲ့သည်။

ဆီးရီးယားအစိုးရ ဝေဟင်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀ကျော် သေဆုံး

ဆီးရီးယား ​သူပုန်တွေထိန်းချုပ်ထားတဲ့ ​အလက်ပိုဒေသထဲက ​လူစည်ကားတဲ့ ​ဈေးအတွင်းကို ​ဆီးရီးယား အစိုးရ ​တိုက်လေယာဉ်တွေရဲ့တိုက်ခိုက်မှုကြောင့် ​လူပေါင်း ​အနည်းဆုံး ​၃၃ ​ဦးသေဆုံးသွားခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရတယ်လို့ မတွေးဘူးဆိုတဲ့ ရွှေမှုံရတီ


ရွှေမှုံရတီက နှစ်ဆန်း တစ်ရက်နေ့ က စပြီး “နို့ဘီလူး” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို အောင်ပန်းမှာ ရိုက်ကူး နေ ပါတယ် ။ဇေရဲထက်ရဲ့ ရည်းစားအဖြစ် သရုပ်ဆောင် ရတာဖြစ်ပြီး ဒရာမာဇာတ်ကား ဖြစ်ပါတယ်။ ရွှေမှုံ ရတီရဲ့ ခေါင်းဆောင် အနေ နဲ့ရိုက်ကူးမှု ၃ကားမြောက်လည်း ဖြစ်ပါတယ်။

မလေးရှားအစိုးရက ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်


ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်နဲ့ ပတ်သက်ပြီး စာမျက်နှာ ၅ မျက်နှာပါ အစီရင်ခံကို မလေးရှားအစိုးရက မေလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စေ့စပ်ကြောင်းလမ်းခြင်းဂယက် စာနယ်ဇင်းများမှတစ်ဆင့် ပြန်လည် ဖြေရှင်း သွားမည်ဟု ဆုပန်ထွာဆို


နိုင်ငံပိုင်သတင်းစာ တစ်စောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ ဧပြီလ ၂၉ ရက်နေ့က ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ဇနီးဖြစ်သည်ဆိုသူ ဒေါ်မဉ္ဇူအောင်က ရှေ့နေမှတစ်ဆင့် ကြေညာချက်ထုတ်ကာ ကန့်ကွက်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ဖြေရှင်းဖို့ ဆန္ဒမရှိသေးပေမယ့် စေ့စပ်ကြောင်းလမ်းခြင်း ဂယက်နဲ့ ပတ်သက်ပြီး မကြာခင်မှာ စာနယ်ဇင်းများမှ တစ်ဆင့် ပြန်လည် ဖြေရှင်းသွားမှာ ဖြစ်ကြောင်း သရုပ်ဆောင် ဆုပန်ထွာက ပြောပါတယ်။

လက်မကို နေ့တိုင်း နှိပ်ပေးပါ


လက်ချောင်းတိုင်းဟာ ခန္ဓာကိုယ်တွင်းရှိ အကြောတွေနဲ့ ဆက်စပ်နေတာကို စာဖတ်သူလည်း အသိဖြစ်ပါ တယ်။အဲဒီအထဲကမှ အကောင်းဆုံး တစ်နည်းကို ထုတ်ဖော်ပြောပြ လိုက်ပါမယ်။ အဲဒါကတော့ လက်မကို နေ့တိုင်းနှိပ်နယ်ပေးပါ။ 

မော်ဒယ်ဘ၀အတွေ့အကြုံတွေက တန်ဖိုးဖြတ်လို့ မရဘူးလို့ဆိုတဲ့ အွန်ဆိုင်း


မော်လ်ဒယ်တစ်ယောက်ရဲ့ဘ၀ကို မက်မောနှစ်သက်ပါတယ်ဆိုတဲ့ အွန်ဆိုင်းက ရှိုးလျှောက်ရတဲ့ ခံစားချက် ကို ဘယ်အရာနဲ့မှ မလဲနိုင်တဲ့အတွက် မော်လ်ဒယ်တစ်ယောက်အနေနဲ့ပဲ ရပ်တည်ဖြစ်တော့မယ်လို့ပြော လာပါတယ် ။

အလုပ်သမားနေ့တွင် အလုပ်မပိတ်ပေးသည့် စက်ရုံများ ပိတ်ပေးရန် စည်းရုံးမည်

အလုပ်သမားနေ့တွင် လုပ်သားများကို အနားပေးခြင်း မရှိသည့် စက်ရုံများကို အဆိုပါနေ့တွင် ပိတ်ပေး ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

မြန်မာ့ဘဏ္ဍာစနစ် ခေတ်မီရေး နိုင်ငံတကာ ဒေါ်လာ ၅၅ သန်းထောက်ပံ့


မြန်မာနိုင်ငံမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေးစနစ် ခေတ်မီ လာစေဖို့ နိုင်ငံတကာအကူအညီ အဖြစ် ဒေါ်လာ ၅၅ သန်း အကူအညီပေးမှာ ဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘဏ်က ကြေညာ လိုက်ပါတယ်။

အာဖရိက ပဋိပက္ခ အာဖရိကတိုက်သားတွေ ဦးဆောင်ဖြေရှင်းရေး အမေရိကန်ထောက်ခံ

အာဖရိကတိုက်မှာ ကြုံနေရတဲ့ အဆိုးရွားဆုံး ပဋိပက္ခတွေကို တိုက်ဖျက်ဖို့ အာဖရိကနိုင်ငံတွေရဲ့ ဦးဆောင် ကြိုးပမ်းမှုတွေကို အမေရိကန်က အားပေးမှာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြော ပါတယ်။ 
 

NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်များကို ဇွန်လအတွင်း အပြီးသတ် ရွေးချယ်မည်

ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို ဇွန်လအတွင်း အပြီးသတ် ရွေးချယ်သွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

နိုင်ငံရေးတွင် မွန်လူငယ်များ ပိုမိုပါဝင်သင့်ကြောင်း မွန်ပြည်သစ် တိုက်တွန်း


မွန်လူငယ်များအနေဖြင့် နိုင်ငံရေးလှုပ်ရှာမှု၊ နိုင်ငံရေးဖြစ်စဉ်တွင် အနှစ်သာရရှိရှိ အင်တိုက်အားတိုက် ပါဝင် လှုပ်ရှားသင့်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်တလညီက တိုက်တွန်းပြောကြားလိုက်သည်။

ကချင်တွင် သန်းခေါင်စာရင်း ကောက်ခံမှု လူတစ်သောင်းအောက်သာ ကျန်နိုင်ဟု ကုလဆို


ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်း အကောက်မခံရသည့် လူဦးရေများ ကျန်ရှိပါက လူဦးရေ တစ်သောင်းအောက်ခန့်သာ ကျန်ရှိမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဂျင်းနက်ဂျက်ဆင်က ပြောကြားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့တွင် တိုင်းရင်းသားများ ပါဝင်ခွင့် ခွဲတမ်း သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသား ဝန်ကြီး တောင်းဆို

ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက တိုင်းရင်းသား ကိုယ်စားလှယ် များကို ပါဝင်ခွင့်ပြုရေးအတွက် ခွဲတမ်း သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်အမျိုးသားညီလာခံတွင် တောင်းဆိုလိုက်သည်။

အိုဘားမား နိုဝင်ဘာမှာ လာမလား


လတ်တလော ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ အာရှ ၄ နိုင်ငံ ခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၂ နှစ် မြန်မာပြည်ကို လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို နမ်းသွားခဲ့တဲ့ အာရှခရီးစဉ် ရဲ့ နောက် ဆက်တွဲဖြစ်သလို လာမယ့် နိုဝင်ဘာလ နေပြည်တော်မှာ ကျင်းပမယ့် အရှေ့အာရှထိပ်သီးညီလာခံကို လာတက်ရေး အကြိုရှေ့ပြေးလို့ ဆိုရမယ်။ 
 

တရုတ် စစ်သင်္ဘောတွေ မြန်မာပြည် လာနေပြီ


တရုတ် စစ်သင်္ဘော ၂ စင်းဟာ မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား နဲ့ ဗီယက်နမ်နိုင်ငံတွေကို ၂ လကြာလေ့ ကျင့်ရေးခရီးစဉ် အဖြစ် နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဒါလီယန် Dalian ဆိပ်ကမ်းကနေ ဧပြီလ ၃ဝ ရက်နေ့မှာ ထွက်ခွာသွားပြီဖြစ်ကြောင်း တရုတ်အစိုးရ သတင်းဌာန က ကြေညာပါတယ်။

ရခိုင် တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ကြဖို့ သူရဦးရွှေမန်း တိုက်တွန်း

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ ပြော ကြားခဲ့ ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ မဲဆောက်မှာ မြန်မာအလုပ်သမားတွေ မေဒေးနေ့ ဆန္ဒပြ

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေ ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအဖွဲ့တွေ စုပေါင်းပြီး ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးတွေ အပြည့်အ၀ရရှိဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရခိုင်တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ကြဖို့ သူရဦးရွှေမန်း တိုက်တွန်း

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရမှာဖြစ်ကြောင်းပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ ပြောကြား
ခဲ့ပါတယ်။

လယ်တီ သိမ်တော်နဲ့ စေတီကို ဖြိုဖျက်လိုက်ပြီ


တရုတ်ဝမ်ပေါင်နဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာက လယ်တီဆရာတော်ရဲ့ သိမ်တော်နဲ့ စေတီတွေကို လုံးဝဖြိုဖျက်လိုက်ပြီလို့  သတင်းရရှိပါတယ်။

ဗြိတိန်ဝန်ကြီးကို အနီရောင်မျက်မှန်တွေပို့ကြမယ်


လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့ က ဗြိတိသျှအစိုးရအနေ နဲ့  မြန်မာနိုင်ငံကလူ့ အခွင့်အရေးချိုးဖေါက်ခံရမှုတွေကို ဦးစားပေးဆောင် ရွက်မှုမရှိတော့ပဲ ကုန်သွယ်ရေးအမြင်အရပဲကြည့်ပြီး အကောင်းမြင် လွန်းနေ တယ်ဆိုပြီး ဒီမူဝါဒကို ပြန်လည် သုံးသပ်ဖို့  ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်ခ် ဆီ အနီရောင်မျက်မှန်တွေပေး ပို့မယ့် လှုပ်ရှားမှုတခုကို စတင်ဆောင်ရွက်နေပါတယ်။

မေ ၁၉ ရက်မတိုင်ခင် ကေအိုင်အိုနှင့် အစိုးရ တွေ့မည်

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက လက်ခံလိုက်ပြီး မေ ၁၉ ရက်နေ့မတိုင်ခင် တွေ့ ဆုံမယ်လို့ ပြောဆိုလိုက်ပါတယ်။

မြန်မာအများအပြား အလုပ် လုပ်ကိုင်နေသည့် စင်ကာပူတွင် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒအား နိုင်ငံသားများ ဆန္ဒပြ


မေ ၁ ရက်က စင်ကာပူ၌ နိုင်ငံသား ၄၀၀ ခန့်သည် အစိုးရ၏လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများသည် အနီရောင်ဖြင့် “စင်ကာပူ၏ အခွင့်အရေးကို ကာကွယ်ပါ” ဟု ရေးသားထားသော အနက်ရောင်ခေါင်းစည်းများကို ၀တ်ဆင်လျက် ကာလကြာရှည်စွာ အုပ်စိုးလာသည့် People's Action ပါတီကို ဆန့်ကျင်သည့် ကြွေးကြာ်သံများကို ဟစ်ကြွေးခဲ့ကြသည်။

နိုင်ငံတကာအဆင့်မီ ကင်းထောက်များဖြစ်အောင် လေ့ကျင့်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကင်းထောက်မောင်မယ်စခန်းသို့ သွားရောက်၍ ကင်းထောက်မောင်မယ် များအား တွေ့ဆုံ အားပေးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ရန်ကုန်မြို့၌ ဟောပြောမည်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ရန်ကုန်မြို့တွင် လူထုဟောပြောပွဲတစ်ရပ်ကို မေ ၁၇ ရက်တွင် ပြုလုပ်မည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ တက်ရောက်ဟောပြောမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။

ရခိုင်မှာ အရေးပေါ်ပေါင်းစပ်ရေးစင်တာ ထားရှိရေး သမ္မတ အဆိုပြု

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်များဟာ နိုင်ငံကြီးသားတိုင်း အတွက် လက်ခံလို့မရနိုင်တဲ့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပြီးတော့ နောက်ပိုင်း ဒီဒေသမှာ ဒီလို ပြဿ နာတွေ ထပ်ပေါ်လာရင် ဖြေရှင်းနိုင်ဖို့ အတွက် အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေး စင်တာ တစ်ခု ထားရှိဆောင်ရွက်မယ်လို့ သမ္မတ သူရဲ့ မေလအတွက် မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားတာပါ။
 

Wednesday, April 30, 2014

ဘရူနိုင်းတွင် ရှာရီရာ ဥပဒေ စတင်ကျင့်သုံးမည်ဟု အတည်ပြုကြေညာ


ဘရူနိုင်း နိုင်ငံတွင် တရားစီရင်ရေး ကဏ္ဍ၌ အစ္စလာမ်မစ် ရှာရီရာ ဥပဒေကို စတင်ကျင့်သုံးတော့မည်ဟု သိရှိရသည်။ ရေနံကြောင့် ကြွယ်ဝချမ်းသာနေသည့် အရှေ့တောင်အာရှ နိုင်ငံမှ ဆူလ်တန်စော်ဘွားက အဆိုပါ စည်းမျဉ်းပြောင်းလဲမှုကို အတည်ပြု ကြေညာခဲ့သည်။

အင်တာပိုလ် ဖော်ထုတ်သည်ဆိုသော ရန်ကုန်ဝင်မည့် အကြမ်းဖက်သမား သတင်း ရဲတပ်ဖွဲ့ငြင်း


ရန်ကုန်သို့ အကြမ်းဖက်သမားများ ၀င်ရောက်ရန် ကြံစည်နေမှုကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)က ဖော်ထုတ်နိုင်ခဲ့သည်ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ငြင်း ဆိုလိုက်သည်။

ပြည်တွင်း ကုမ္ပဏီ ၆၀ ၏ ပွင့်လင်းမြင်သာမှု အခြေအနေ ထုတ်ပြန်မည်


မြန်မာနိုင်ငံရှိ ထင်ရှားသည့် ကုမ္ပဏီ ၆၀ ၏ ပွင့်လင်းမြင်သာရှိမှု ၊ လူ့အခွင့်အရေးနှင့် ကျန်းမာရေး၊ လုံခြုံစိတ်ချမှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်မှု အခြေအနေ တို့ကို လာမည့် ဇူလိုင်လတွင် အဆင့်အလိုက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့လယ်တွင် မေဒေးနေ့အထိမ်းအမှတ် အလုပ်သမား အခွင့်အရေးရရှိရေး စုပေါင်း ဆန္ဒပြမည်


တနိုင်ငံလုံးမှ အလုပ်သမားများ၏  အခွင့်အရေး အပြည့်အ၀ ရရှိရေး အတွက် မေလ ၁ ရက်နေ့ အလုပ်သမားနေ့တွင် အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်များ စုပေါင်း၍ ရန်ကုန်မြို့လယ်၊ ဆူးလေဘုရား အနီး ၀န်းကျင်တွင် အာဏာပိုင်များ၏ တရားဝင် ခွင့်ပြုချက်ဖြင့် လမ်းလျှောက် ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရသည်။

အီရတ် ရွေးကောက်ပွဲ – အမေရိကန်တို့ ဆုတ်ခွာသွားပြီးနောက်ပိုင်းတွင် ပထမဆုံး မဲပေးမှု


လွန်ခဲ့သော ၃ နှစ်ခန့်က အမေရိကန် တပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက်ပိုင်းတွင် အီရတ်နိုင်ငံသား များသည် နိုင်ငံ၏ ပထမဆုံးပါလီမန် ရွေးကောက်ပွဲ ကျင်းပရာတွင် မဲပေးလျက် ရှိကြသည်။မဲဆန္ဒပေးခြင်း ကို ဒေသ စံတော်ချိန် ၇ နာရီတွင် စတင်ပြီး ၁၉ နာရီတွင် ပိတ်သိမ်းမည် ဖြစ်သည်။

ရည်းစားထားဖို့ အစီအစဉ် မရှိသေးပါဘူးလို့ ဆိုတဲ့ သဉ္ဇာနွယ်ဝင်း


သဉ္ဇာနွယ်ဝင်းက သင်္ကြန်ကို ဘန်ကောက်မှာ ဇာတ်ကားရိုက်ကူးရင်းနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ဘန်ကောက် မှာ ပထမဦးဆုံးအကြိမ် သွားရိုက်တာ ဖြစ်ပေမယ့် အစစအရာရာ အားလုံး အဆင်ပြေပြေနဲ့ ရိုက်ကူးနိုင်ခဲ့ ပါတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း တည်ဆောက်မည့်ရေနံချက် စက်ရုံအတွက် ဒေသခံများဆန္ဒပြ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာအုပ်စုတွင် စီးပွားရေးဦးပိုင် လီမီတက်၊ထူးကုမ္ပဏီများအုပ်စုနှင့်တရုတ်နိုင်ငံ Zhenrong Energy Com.Ltd (GDZR)ကုမ္ပဏီတို့က ပူးပေါင်းတည်ဆောက်မည့်ရေနံချက်စက်ရုံကို ဒေသခံများက ယနေ့ကန့်ကွက်ဆန္ဒပြကြောင်းသိရသည်။

ကူးတို့ရေယာဉ် နစ်မြုပ်မှု ရှာဖွေရေးအတွက် ဒေါ်လာတစ်သိန်း လှူဒါန်းခဲ့သည့် ဂျန်ဂျီဟွမ်း


တောင်ကိုရီးယား နာမည်ကျော် ရုပ်ရှင်မင်းသမီး ဂျန်ဂျီဟွမ်းက နာမည်ကျော် ကူးတို့ရေယာဉ် နစ်မြုပ်မှု ဖြစ်ရပ်ဆိုးကြီးအတွက် ကူညီရန် ဒေါ်လာတစ်သိန်းကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ My Sassy Girl ရုပ်ရှင်ဇာတ်ကားနှင့် My Love from the Star စီးရီးများကြောင့် လူသိများခဲ့သည့် တောင်ကိုရီးယား ရုပ်ရှင်ကြယ်ပွင့်သည် Sewol ရေယာဉ်နစ်မြုပ်မှုတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကြက်ခြေနီ အဖွဲ့ထံ ငွေကြေး လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံရေးအရ လက်နက်ချခိုင်းတဲ့ အနေအထားမျိုး ဖြစ်နေတယ်”

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့အတွက် ရန်ကုန်မြို့မှာ အခုလ ၅ ရက်နေ့ ကနေ ၈ ရက်နေ့အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

RSFက ထုတ်ပြန်သည့် သူရဲကောင်းသတင်းထောက် ၁၀၀စာရင်းတွင် DVB သတင်းထောက် ကိုဇော်ဖေပါဝင်


မေလ ၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် သူရဲကောင်း သတင်းထောက် ၁၀၀ ဦး၏ ကိုယ်ရေးအကျဉ်းကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက် များအဖွဲ့ (RSF)က ထုတ်ပြန်ရာတွင် ဒီဗွီဘီ (ဒီမိုကရက်တစ် မြန်မာ့အသံ) သတင်းထောက် ဦးဇော်ဖေ လည်း ပါဝင်ခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမား၏ အာရှ ၄ နိုင်ငံ ခရီးစဉ် အဆုံးသတ်


အမေရိကန်သမ္မတ ဘားရတ်အိုဘားမားဟာ ၁ ပတ်ကြာ အာရှ ၄ နိုင်ငံ ခရီးစဉ် အဆုံးသတ်ပြီး အမေရိကန်နိုင်ငံကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က ပြန်ရောက်လာပြီး ဖြစ်ပါတယ်။သူရဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်က အာရှပစိဖိတ်ဒေသကို ဦးတည်မယ့်ဗျူဟာပြောင်းမှုကို ဖော်ပြဖို့ အတွက်ပါ။

My Blog List