မြန်မာနိုင်ငံရဲ့ မြို့တော်ရန်ကုန်ဟာ ၂ဝဝ၅ခုနှစ် နိုဝင်ဘာ၆ရက် တနင်္ဂနွေ နေ့ နံနက်၆နာရီ ၃၇မိနစ်မှာ ဝန်ကြီးဌာနတွေရဲ့ ပထမဦးဆုံးသော ယာဉ်တန်းတွေ ''အောင်ပြီ''လို့ ကြွေးကြော်ပြီး ထွက်ခွာခြင်းနဲ့ အတူ နေပြည် တော်ကိုမြို့တော် အဖြစ်လွှဲပြောင်းပေးခဲ့ရပါတယ်။ အစိုးရ မင်းတွေ ရုံးစိုက်ရာမြို့ဖြစ်တဲ့နေပြည်တော်ဟာ မြို့တော်လို့ ခေါ်ဝေါ် သမုတ်ခဲ့ပေ မယ့်လည်း နိုင်ငံတကာ သံရုံးတွေ အခြေစိုက်ရာမြို့၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်း ကြောင်းတည်ရှိရာမြို့ဖြစ်တဲ့ ရန်ကုန်ဟာမြန်မာ့ စီးပွားရေးရဲ့ အသည်းနှလုံးပါပဲ၊ လူဦးရေ(၆)သန်းကျော်ရှိပြီး မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဒေသတစ်ခုဖြစ်ပါတယ်။ Mega City ဖြစ်တဲ့ ရန်ကုန်မြို့ဟာ တစ်နိုင်ငံလုံးရဲ့ရွှေ့ပြောင်းလုပ်သား တွေအများဆုံး အခြေချနေထိုင်ရာမြို့တစ်မြို့ဖြစ်နေပါတယ်။
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
3 hours ago

















































