Monday, October 7, 2013
လက်ရှိ အခြေခံပညာ ဖွဲ့စည်း ပုံစနစ် (သူငယ်တန်း) KG +4-4-2 အစား ပြောင်းလဲကျင့်သုံး အကောင်အထည်
ဖော်မည့် စနစ်အား ရှင်းလင်းဖြေကြားပေးရန် ပထမ အကြိမ်အမျိုးသား လွှတ်တော်
အဌမ ပုံမှန် အစည်းအဝေး တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်(၁၀)မှ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးနု၏ မေး မြန်း မှုကို ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်က ရှင်းလင်းဖြေ ကြားခဲ့သည်ဟု သိရသည်။
ဒုတိယဝန်ကြီးက အခြေခံ ပညာရေးဖွဲ့စည်းမှု ပုံစံ KG +4-4-2 စနစ်(အခြေခံပညာရေး
စုစုပေါင်း ပညာသင်နှစ် ၁၁ နှစ်) အား အာဆီယံဒေသတွင်း နိုင်ငံများ၊
နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အခြေခံပညာ စနစ် ဖွဲ့စည်းမှု ပုံစံများနှင့်
လိုက်လျောညီထွေ ဖြစ်စေရန် (သူငယ်တန်း) KG +5-4-3 စနစ်သို့
ပြုပြင်ပြောင်းလဲ ကျင့် သုံးနိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်များနှင့်
လိုအပ်ချက်များကို စီမံချက် ရေးဆွဲ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း
ဖြေကြားခဲ့သည်။ ထို့အပြင် ထိုသို့ ပြောင်းလဲခြင်းဖြင့် သူငယ်တန်း
(Kingder garden- KG) ကို အခြေခံ ပညာရေးစနစ်အတွင်း ထည့်သွင်း၍ မသင်မနေရ
သတ်မှတ်ခြင်းဖြင့် အာဆီယံဒေသအတွင်း မူလတန်းကြို ပညာရေး လွှမ်းခြုံမှု
ရာခိုင်နှုန်း အနိမ့်ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံ၏ အခြေအနေကို
အချိန်တိုအတွင်း မူကြိုပညာရေး လွှမ်းခြုံမှုကို မြင့်မားစေကာ နိုင်ငံ
တစ်ဝန်းလုံးရှိ ငါးနှစ်အရွယ် ကလေးအားလုံးကို မူကြို ပညာသင်ယူမှု အခွင့်အလမ်း
အပြည့်အဝ ရရှိစေနိုင်မည် ဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စ၍ KG
+5-4-3 ဖွဲ့စည်းပုံအရ သူငယ်တန်း (KG) နှင့် အတန်းစဉ် အလိုက် ပြုပြင်
ပြောင်းလဲ ရေးဆွဲထားသည့် သင်ရိုးသစ် များဖြင့် လေ့ကျင့် သင်ကြားပေးပါက
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အထက်တန်းဆင့်တွင် တစ်တန်းထပ်တိုး၍ Grade 12 ကို
စတင် သင်ကြားပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပညာသင် ကာလမှာ KG +12 နှစ်
ဖြင့်ပေါင်း (၁၃)နှစ်ရှိမည် ဖြစ်ပြီး အခြေခံ ပညာသင်ကာလပြီးဆုံးသည့်
ကျောင်းသား၊ ကျောင်းသူများသည် အသက်(၁၈)နှစ် ရင့်ကျက်သည့် အသက် အရွယ်တွင်
အဆင့်မြင့်ပညာ တက္ကသိုလ်များသို့ တက်ရောက်နိုင်မည် ဖြစ်၍ နိုင်ငံတကာ
စံနှုန်းများနှင့် ကိုက်ညီစေမည်ဟု ရှင်းလင်း ဖြေကြားခဲ့သည်။ ပြောင်းလဲမည့်စီမံချက်(မူကြမ်း) ကို ရေးဆွဲ လျက် ရှိပြီး နိုင်ငံတော်အစိုးရနှင့်
လွှတ်တော်များသို့တင်ပြ၍ အတည် ပြုချက် ရယူနိုင်ရေးအတွက်
စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဒုတိယ၀န်ကြီးက ဖြေကြားခဲ့သည်ဟု သိရသည်။
ကိုဟိန်း
Internet Journal
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment