Thursday, October 10, 2013
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရွှေစကားအထည်ချုပ်စက်ရုံမှ
အလုပ်သမားများ လုပ်ခတိုးမြှင့် မပေးမှုကြောင့် ဆန္ဒပြခဲ့ရာ ယခုလအတွက် လစာကိစ္စ
ပြေလည်သော်လည်း ယင်းလစာမှာ တစ် လစာအတွက်သာနှုတ်ကတိဖြင့်
တိုးမြင့်ပေးထားခြင်း ဖြစ်သည်ဟု ယင်းအထည်ချုပ်လုပ်ငန်းမှ
အလုပ်သမားတစ်ဦးဖြစ်သည့် မမိုးမိုးလွင်က အောက်တိုဘာ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။
အလုပ်သမား တစ်ရာကျော်ရှိသော ယင်းစက်ရုံမှ အလုပ်သမားများ တောင်းဆိုထားသည့်
လစာတိုးမြင့်မပေးမှုကြောင့် အောက်တိုဘာ ၅ ရက်တွင် စက်ရုံဝင်းအတွင်း
ဆန္ဒပြခဲ့ပြီး၊ အောက်တိုဘာ ၈ ရက်တွင် ဒုတိယအကြိမ် ဆန္ဒပြခဲ့ရာ
လစာတိုးပေးသော်လည်း ယင်းလစာမှာ တစ်လစာအတွက်သာ ဖြစ်သည်ဟု
အလုပ်သမားများကပြောသည်။ လစာတိုးမြင့်ပေးမည်ဟု ကတိပြုခဲ့သည်မှာ
နှုတ်ကတိသာဖြစ်၍ တစ်လစာသာ တိုးမြှင့်လစာပေးပြီး နောက်လများ တွင် ပြန်လည်
ပြောင်းလဲမည်ဟု အလုပ်ရှင်အလုပ်သမား သဘောတူညီ လက်မှတ်ရေး ထိုးခဲ့သည်ဟုလည်း
မမိုးမိုးလွင်က ပြောသည်။ ၎င်းက “ကျွန်မတို့က လစာကို လကုန်ပြီး
ငါးရက်မှ ရတယ်။ လစာထုတ်တော့ လစာကို အပြည့်မပေးတဲ့အတွက် ဆန္ဒပြကြတာပါ။ ဒါကို
စက်ရုံဝင်းထဲမှာ သော့ခတ်ထားပါတယ်”ဟု ဆိုသည်။
“တနင်္လာနေ့(အောက်တိုဘာ ၇ )မှာ လစာပေးမယ်လို့ စက်ရုံပိုင်ရှင်က ပြောတယ်။
ဒါပေမဲ့ မပေးဘဲနေတဲ့အတွက် ဒီနေ့ (အောက်တိုဘာ ၈) ထပ်ပြတာပါ”ဟုလည်း
မမိုးမိုးလွင်က ဆက်ပြောသည်။
လက်ရှိတွင် အလုပ်ရှင် အလုပ်သမား
နှစ်ဦးသဘောတူညီမှု လေးခုဖြင့် စာချုပ်တွင် လက်မှတ်ရေးထိုး
ထားခြင်းဖြစ်၍အောက်တိုဘာ ၁၁ ရက်တွင် ကတိပြုထားသော လစာနှုန်းထားများကို
ပေးမည်ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် အလုပ်ရှင်အလုပ်သမား
ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ ကိုမျိုးကြီးက မဇ္ဈိမကို ပြောသည်။
၎င်းက
“အခုပြောထားတဲ့ လစာက နှုတ်ကတိသာ ဖြစ်တဲ့အတွက် ကိုးလပိုင်းအတွက်ပဲ
ပေးနိုင်မယ်။ နောက်လတွေ အတွက် ထပ်ကြေညာမယ်။ မကျေနပ်ရင် မိမိသဘောဆန္ဒအရ
အလုပ်ထွက်နိုင်တယ်ဆိုတဲ့ အချက်တွေကို နှစ်ဖက် စလုံး သဘောတူ
လက်မှတ်ထိုးထားပါတယ်”ဟု ပြောသည်။
ယင်းသို့ လစာနှုန်းထား
ပြောင်းလဲမည့်အပေါ် မမိုးမိုးလွင် “လစာက အခုရတာက ခုနစ်သောင်းဝန်းကျင်တွေပဲ
ရကြတာလေ။ တိုးပေးမယ်ပြောလို့ အားလုံးကလည်း မျှော်လင့်နေကြတာ။
လစာပြောင်းလဲရင် နည်းရင်နည်းသွား မယ်၊ ကျွန်မတို့အနေနဲ့ မလိမ့်တစ်ပတ်
လုပ်ခံရတာလို့ပဲ မြင်တယ်။ ဘယ်လိုလုပ်မယ်ဆိုတာတော့ အားလုံး မတိုင်ပင်
ရသေးပါဘူး”ဟု မဇ္ဈိမကို ပြောသည်။
ဆန္ဒထုတ်ဖော်ကြသော
အလုပ်သမားတစ်ရာခန့်၏ လစာငွေများမှာ ခုနစ်သောင်းခန့်ရှိပြီး
တိုးမြင့်ရရှိမည့် လစာငွေ မှာ ကျပ်ကိုးသောင်း ၀န်ကျင်ဖြစ်သည်။
ကေဇင်ဦး
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment