Tuesday, October 8, 2013
ခရစ္စတီနာသည် လွန်ခဲ့သည့် (၂)လက စတင်၍ ဦးခေါင်း ကိုက်ခဲနာ ကျင်မှု
ဝေဒနာများကို ခံစားခဲ့ရသည့်နောက် စစ်ဆေးကြည့်ရာ အရည်အစုအဝေး တစ်ခုက သူမ၏
ဦးနှောက်ကို ဖိထားကြောင်း ဖော် ထုတ် တွေ့ရှိရ အာဂျင်တီးနား သမ္မတ၏ ဦးခေါင်းခွဲစိတ်မှု ယနေ့ပြုလုပ်ရန် စီစဉ်ထား
အာဂျင်တီးနား သမ္မတ ခရစ္စတီနာ ဖာနန်ဒက်ဇ်၏ ဦးခေါင်းတွင် အကြီးစားခွဲစိတ်မှုတစ်ခု ပြုလုပ်ရန် ပြင် ဆင်နေပြီဟု သိရှိရသည်။ ခရစ္စတီနာသည်
လွန်ခဲ့သည့် (၂)လက စတင်၍ ဦးခေါင်း ကိုက်ခဲနာကျင် မှု ဝေဒနာ များကို
ခံစားခဲ့ရသည့်နောက် စစ်ဆေးကြည့်ရာ အရည်အစုအဝေး တစ်ခုက သူမ၏ ဦးနှောက်ကို
ဖိထားကြောင်း ဖော်ထုတ် တွေ့ရှိရသည်။ ကျွမ်းကျင်သော ဆရာဝန်များက အင်္ဂါနေ့တွင်
သမ္မတ၏ ဦးခွံကို ဖောက်ထွင်းကာ ပိတ်မိနေသည့် သွေးရည်များကို စုပ်ထုတ်မည့်
Operationကို လုပ်ဆောင်ရန် စီစဉ်ထားသည်။ ဆရာဝန်များက ယင်းခွဲစိတ်မှုမျိုးသည်
ဆိုးကျိုးသက်ရောက်နိုင်ခြေ နည်းပါးပြီး အများအားဖြင့် ကောင်းမွန်သော
ရလဒ်သာ ထွက်ပေါ်တတ်ကြောင်း ပြောဆိုခဲ့သော်လည်း အာဂျင်တီးနား ပြည်သူ
အများအပြားက သမ္မတအတွက် စိုးရိမ်နေကြသည်။ အသက်(၆၀) အရွယ်ရှိ
ခရစ္စတီနာသည် ခွဲစိတ်မှု အပြီးတွင် ကာလအတန်ကြာ အနားယူရဖွယ် ရှိနေပြီး
အာဂျင်တီး နား ရွေးကောက်ပွဲနှင့်ပါ လွဲချော်နိုင်ခြေ ရှိနေကြောင်း သိရသည်။
ခရစ္စတီနာသည် chronic subdural hematomaခေါ် အခြေအနေ တစ်ရပ်နှင့် ကြုံနေရပြီး
ယင်းသည် ဦးခွံနှင့် ဦးနှောက်ကြား၌ အရည်စုကာ ပိတ်မိနေခြင်း ဖြစ်သည်။ ရလဒ်
အနေဖြင့် ဦးနှောက်ကို ဆက်သွယ်ထားသည့် ဆံချည် မျှင် သွေးကြောလေးများကို
ပေါက်ပြဲအောင်၊ ထိခိုက်အောင် သက်ရောက်မှုမျိုး ဖြစ်ပေါ်လာပြီး သမ္မတ၏
ဦးနှောက်တွင် သွေးယိုမှု ဖြစ်နေကြောင်း သိရသည်။ တစ်ခါတစ်ရံ အပျော့စား
ခေါင်းကိုက်မှုမျိုးသာ ဖြစ် တတ် ရာ လူအများက သတိပင် မထားမိဘဲ ရှိတတ်သည်။
သမ္မတ၏ အခြေအနေတွင်မူ အစောပိုင်းက ဆရာဝန်များက တစ်လမျှ အနားယူလျှင် အခြေအနေ
တိုးတက်လာမည်ဟု မျှော်လင့်ခဲ့သော်လည်း ထို့နောက်တွင်မူ ခွဲစိတ်မှု
ပြုလုပ်သင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ခရစ္စတီနာသည် သူမ၏ ဘယ်ဘက်လက်မောင်း
အထက်ပိုင်းတွင် ထုံကျင်ပြီး အားလျော့နေကြောင်း ပြောဆိုခဲ့သည့်နောက်
ဆရာဝန်များက စစ်ဆေးကြည့်ရာ စိုးရိမ်လောက်စရာ လက္ခဏာများကို တွေ့ရှိခဲ့သည်။
ခရစ္စတီနာသည် အာဂျင်တီးနား၏ အကောင်းဆုံး နှလုံးရောဂါ ကုထုံးဆိုင်ရာ
ဆေးရုံတစ်ခုဖြစ်သည့် Fundacion Favaloroတွင် ခွဲစိတ်မှု ခံယူမည်ဟု
သိရှိရသည်။
သူမသည် ဩဂုတ်လ (၁၂)ရက်နေ့က ဦးခေါင်းတွင် မတော်တဆ
ထိခိုက်မှုတစ်ခု ဖြစ်ခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောဆိုခဲ့သော်လည်း
မည်သို့မည်ပုံ ဒဏ်ရာရသည်ကိုမူ တိတိကျကျ မှတ်ချက်မပေးခဲ့ချေ။ သမ္မတ၏
ခွဲစိတ်ကုသမှု ခံယူခြင်းသည် ရွေးကောက်ပွဲ ကာလတွင် သူမ၏ နိုင်ငံရေး ပါတီအပေါ်
ထောက်ခံမဲ သိသာစွာ လျော့ကျသွားမည့် သက်ရောက်မှုမျိုး ရှိလာနိုင်ကြောင်းလည်း
သတင်းများက ဖော်ပြခဲ့သည်။
Planet Myanmar Network
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment