အော်ရီဒူး(Ooredoo)ဖုန်းကတ်များကို သြဂုတ်လ ၁၅ ရက်နေ့အထိ မှတ်ပုံတင်ထားခြင်း မရှိသူများအတွက် နောက်ထပ် ရက်သတ္တ ၂ ပတ်အထိ မှတ်ပုံတင်ရန် စောင့်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း အော်ရီဒူး ကုမ္ပဏီ ၏ National Country Director ဖြစ်သူ ဦးမြင့်ဇော်က ပြောသည်။
Friday, August 15, 2014
ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး
တေးရေး မြင့်မိုးအောင်ဟာ ကွယ်လွန်သူ အနုပညာရှင် ထူးအိမ်သင်ရဲ့ ဂီတ လက်တွဲဖော် မိတ်ဆွေဟောင်း တဦးဖြစ်သလို လာမယ့် သြဂုတ် ၂၃ ရက်နေ့မှာ ရန်ကုန်မြို့က Myanmar Event Park မှာ ကျင်းပပြုလုပ် မယ့် ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရ “ထူးအိမ်သင် လွမ်းခြင်းအားဖြင့် ဂီတဖျော်ဖြေပွဲ” ကို ဦးဆောင် ကူညီ ဆောင်ရွက်နေသူ တဦးလည်း ဖြစ်ပါတယ်။
နိုင်ငံတော် ဝက်ဘ်ဆိုက်များကို ကာကွယ်ရန် အမေရိကန် သမ္မတက Google မှ နည်းပညာရှင် များကို ခေါ်ယူ
အိမ်ဖြူတော်သည် အမေရိကန် အစိုးရဝက်ဘ်ဆိုက်များကို နိုင်ငံတကာမှ တိုက်ခိုက် နေသည့် ဒဏ်အား ကာကွယ်ရန် Google မှ နည်းပညာရှင် အဖွဲ့တစ်ဖွဲ့ကို ငှားရမ်း ခဲ့သည်ဟု သြဂုတ်လ ၁၄ ရက်က CNET သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
၂ဝ၁၃ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၅ ကားတွင် ပထမအဆင့် အကဲဖြတ်စိစစ်ရေးအဖွဲ့မှ ခြောက်ကားသာရွေးချယ်
၂ဝ၁၃ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၅ကားအနက် ပထမအဆင့်အကဲဖြတ် စိစစ်ရေး အဖွဲ့မှ ခြောက်ကားကိုသာရွေးချယ်ခဲ့ကြောင်း သိရသည်။ ပထမအဆင့် အကယ်ဒမီအ ကဲဖြတ် စိစစ်ရေးအဖွဲ့အား အဖွဲ့ဝင် ၁၇ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့ ဝင်များ၏မဲပေးဆုံးဖြတ်ချက်ဖြင့် မဲအများ ဆုံးရရှိသည့်ဇာတ်ကားများကိုသာ နောက်ဆုံးအနေဖြင့် ရွေး ချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒဂုန်တာရာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနား ကျင်းပမည်
စစ်ကြိုခေတ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် လွတ်လပ်ရေး ရယူရန် ဖွဲ့စည်းထားသည့် ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အရိုင်းဟု တင်စားခေါ်ဝေါ်ပြီး ဗိုလ်ချုပ်ရုပ်ပုံလွှာ အမည်ရှိ ဆောင်းပါးကို ရေးသား တင်ဆက်ခဲ့သည့် စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဆရာကြီး နေထိုင်ရာ အောင်ပန်းမြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဒဂုန်တာရာ ဂူဗိမာန် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းဝင်းငြိမ်းက ပြောကြားသည်။
တရားဝင်လမ်းရှိသော်လည်း ခိုးဝင်နေရသောအခါ
ပြည်ဝင်ခွင့်ဗီဇာအတုဖြင့် မလေးရှားနိုင်ငံသို့ ဝင်လာသည့် မြန်မာ ၆၀ နီးပါး ကွာလာလမ်ပူလေဆိပ်တွင် အဖမ်းခံရပြီးနောက် အလုပ်သမား ပို့ဆောင်သည့်စနစ် အားနည်းမှုကို ဝေဖန်သံများ ပိုမိုကျယ်လောင် လာသည်။
ပြည်သူအားကိုးရသည့် ဆေးရုံဆေးခန်းများဖြစ်စေရေး တိုင်းဧရာလွှတ်တော်၌ ဆွေးနွေးမည်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံဆေးခန်းများကို အများပြည်သူအားကိုး အားထား ပြုလောက်သည့် ဆေးရုံဆေးခန်းများဖြစ်ရန်အဆိုကို ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သိပ္ပံပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တဲ့ မိစန္ဒီနှင့် တွေ့ဆုံခြင်း
“မိစန္ဒီတို့နိုင်ငံမှာ ပညာရှင်တွေရှားနေသေးတယ်”
နယ်ရော မြို့ရော ပညာတွေတတ်ဖို့ လိုအပ်နေသေးတယ်။ ဒါကတစ်မျိုးသားလုံး တိုးတက်မှ ပညာတတ်မှ လူမျိုးမြင့်မှာပါ။ လူတစ်ယောက် ဘ၀အတွက်ရယ် နိုင်ငံတစ်နိုင်ငံအတွက်ရယ် အရေးကြီးပါတယ်ဆိုတဲ့ ပစ်တိုင်းထောင်စီးရီးကို စီဒီဖြန့်ချိထားတဲ့ လူငယ်အဆိုတော် မိစန္ဒီနှင့် တွေ့ဆုံပြီး ပညာရေးအပေါ်မှာ သူ့အမြင်၊ သူ့ခံယူချက်တွေကို မေးမြန်းဖြစ်ပါတယ်။
ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှု သတ္တမမြောက်နေ့၌တိမ်တိုက်များက ခေါင်းလောင်းပုံသဏ္ဌာန် ထူးခြားစွာ ဖွဲ့စည်းဖြစ်ပေါ်ခဲ့
ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူမှု သတ္တမ မြောက်နေ့တွင် ခေါင်းလောင်းကြီး ဆယ်ယူသည့် နေရာအထက် မိုး ကောင်းကင်ပေါ်တွင် တိမ်တိုက်များက ခေါင်းလောင်းပုံသဏ္ဌာန် ထူးခြားစွာ ဖွဲ့စည်းဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း လာရောက် ကြည့်ရှုသည့် ရဟန်းရှင်လူပြည်သူ အပေါင်းက ဆိုသည်။
ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ကို လူထုဆန္ဒနှင့်အနီးစပ်ဆုံး ပြင်ဆင်ထားဟုဆို
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ကို လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက “ပြင်ဆင်ပြီးသွားပြီလို့ ကော်မတီဝင်တွေက ပြောပါ တယ်။
မြန်မာနဲ့ အာရှဒေသ လူ့အခွင့်အရေးမြှင့်တင်ဖို့ ဂျွန်ကယ်ရီ ထပ်မံတိုက်တွန်း
မြန်မာနိုင်ငံအပါအဝင် တရုတ်နဲ့ တခြားအာရှနိုင်ငံတွေမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မြှင့်တင်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းတောင်းဆိုခဲ့ပြီး ဒီကိစ္စဟာ အမေရိကန် ရဲ့ နံပါတ်တစ် ဦးစားပေးကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံသား ၅၂ ဦး မလေးရှားတွင် ထောင်ဒဏ်ချမှတ်ခံရ
မလေးရှားနိုင်ငံ တရားရုံးတခုက မြန်မာနိုင်ငံသား ၅၂ ဦးကို ဗီဇာအတု ကိုင်ဆောင်ဝင်ရောက်မှုနဲ့ ထောင် ဒဏ် ၁ နှစ်စီချမှတ်လိုက်ပြီး သူတို့ကို တာဝန်ခံ ခေါ်ဆောင်တဲ့ ၃ ဦးကို လာမယ့်ရက်ပိုင်းအတွင်း ရုံးတင် အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။
အစိုးရ သတင်းထုတ်ပြန်ချက် အားနည်းနေသေးဟု မီဒီယာသမားများပြော
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အစိုးရအဖွဲ့နဲ့ ၀န်ကြီးဌာနတွေရဲ့ သတင်းတွေ သတင်းစာ ဂျာနယ်တွေကို ပေးပို့နေပေမယ့် အစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် ဟာ အားနည်းနေသေးတယ်လို့ သတင်းထောက်တွေ နဲ့ အယ်ဒီတာတွေက ပြောပါတယ်။
ထိုင်း လေကြောင်း၊ ရေကြောင်း ၀င်ပေါက်များတွင် အီဘိုလာဗိုင်းရပ်စ်ပိုး စစ်ဆေးမည်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆိုးဝါးဆုံးအခြေအနေအဖြစ် ကြေညာထားတဲ့ အီဘိုလာ ဗိုင်းရပ်စ်ကူးစက်ရော ဂါ ကာကွယ်တဲ့အနေနဲ့ ထိုင်းနိုင်ငံ လေကြောင်း နဲ့ ရေကြောင်း ၀င်ပေါက် စုစုပေါင်း ၂၂ ခုက၀င်ရောက်လာ သူတွေကို အရှိန်မြှင့် ကြပ်မတ်စစ်ဆေးသွားမယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာ ကြေညာ ထားပါတယ်။
အီရတ် ဝန်ကြီးချုပ် Maliki ရာထူးက နုတ်ထွက်
နိုင်ငံရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အီရတ် ၀န်ကြီးချုပ် Nouri al-Maliki က သူ့အနေနဲ့ ရာထူးက ဆင်းပေးမယ့် အကြောင်းနဲ့ သူ့နေရာမှာ အစားထိုးဖို့ ရွေးချယ်ထားတဲ့သူကို ထောက်ပံ့ပေးသွား မယ့် အကြောင်း ပြောကြား လိုက်ပါတယ်။
ဆယ်ကျော်သက် လူမည်း ပစ်ခံရမှု သီးခြားစုံစမ်းမည်
အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းက Missouri ပြည်နယ် St.Louis မြို့ ဆင်ခြေဖုံးတခုမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် တယောက်ကို ရဲအရာရှိတဦးက ပစ်သတ်ခဲ့တာကြောင့် မငြိမ် မသက်ဖြစ်နေတဲ့ အပေါ်၊ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ရှိကြဖို့ဆိုပြီး ဒေသခံတွေကို သမ္မတ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။
အရေးကြီးတဲ့ ရွေးချယ်မှု မြန်မာခေါင်းဆောင်တွေ လုပ်ရမယ်
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ လုပ်ဆောင်စရာတွေ ကျန်တဲ့အပေါ် အမေရိကန် ပြည်ထောင်စုအနေနဲ့ အစိုးရကို တွန်းအားပေး သွားမှာဖြစ်သလို၊ ကူညီဆောင်ရွက်နိုင်တာမှန်သမျှကိုလည်း အကူအညီပေး သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ဒါပေမယ့်လည်း အရေးကြီးတဲ့ရွေးချယ်မှုတွေကိုတော့ မြန်မာခေါင်းဆောင်ပိုင်းက လုပ်ဆောင်ရမှာဖြစ်တယ်လို့ ၀န်ကြီး ကယ်ရီက ပြောခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
တင်းမာမှုများ မြင့်တက်စဉ် ယူကရိန်းနိုင်ငံတွင်းသို့ ရုရှားသမ္မတပူတင် တရားမဝင် သွားရောက်လည်ပတ်
ယူကရိန်းနိုင်ငံရှိ ရုရှားလိုလားသူများ နေထိုင်ရာ ကရိုင်းမီးယားဒေသသို့ ရုရှားသမ္မတ ဗလာဒီမာပူတင် သြဂုတ်လ ၁၃ ရက်နေ့က သွားရောက် လည်ပတ်ခဲ့ရာ ယူကရိန်းအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်ကြောင်း Moscow Times သတင်းစာက ရေးသားဖော်ပြသည်။
သီလ၀ါ အက်စ်အီးဇက် ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ပြည်သူများ ပိုင်ဆိုင်
မြန်မာသီလ၀ါ အက်စ်အီးဇက် ဟိုလ်ဒင်း ပတ်ဘလစ် လီမိတက် MTSH ရဲ့ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို အများပြည်သူက ပိုင်ဆိုင်တယ်လို့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံမှာ မြန်မာသီလ၀ါ အက်(စ်)အီးဇက်ဟိုး (လ်)ဒင်း(စ်) ပတ်ဘလစ် လီမိတက်က လက်ရှိ ဆောင်ရွက် ထားရှိပြီးဖြစ်တဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ပွင့်လင်းမြင်သာမှု ရှိစေဖို့ ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ တွေ့ဆုံပွဲကိုလည်း မြန်မာပြည်အနှံ့က အစုရှယ်ယာရှင်ပေါင်း ထောင်နဲ့ ချီပြီး တက်ရောက်ခဲ့ပါတယ်။
မော်လမြိုင်ကျောင်းအုပ်ဆရာမကြီးကိစ္စ ခုံရုံးဖွဲ့စစ်ရန် ၀န်ကြီးဌာနသို့တင်ပြထား
ဆရာ၊ ဆရာမများနှင့် အစည်းအဝေးပြုလုပ်ခဲ့စဉ်ဂါရ၀မဲ့အပြုအမူများ လုပ်ဆောင်ခဲ့သည်ဆိုသည့် အထက(၁)မော်လမြိုင် မှကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်ကိုရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ် ဆေးပြီးဖြစ်ပြီး ခုံရုံးဖွဲ့၍ ထပ်မံ စစ်ဆေးနိုင်ရန် ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်းသ တင်းရရှိသည်။
ရန်ကုန်မြို့လယ် ဗုံးဖောက်ခွဲမှုများအတွက် စွပ်စွဲခံရသူက ဗုံးကိုထားရုံသာ ထားခဲ့ဟု ဖြောင့်ချက်ပေး
ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်နှင့်အလုံလမ်းရှိ Western Park စားသောက်ဆိုင်တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နောက် ကျူးလွန်သူဟု သံသယရှိသူ သုံးဦးကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးလျက် ရှိသည်။ သြဂုတ် ၁၄ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ Western Park စား သောက်ဆိုင်တွင် ဗုံးရှာဖွေတွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ တရားသူကြီးက ၎င်းတို့ သုံးဦးအား အပြစ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ၎င်းတို့က မရှိ ကြောင်းပြန်လည်ချေပပြောဆိုခဲ့သည်။
မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရန် ဦးတည်ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် တိုင်းရင်းသားစည်း လုံးညီညွတ်မှု မပြိုကွဲစေရန် ဦးတည်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့်လိုက်လျော ညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံး သပ်ရေးကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦးက ဩဂုတ် ၁၄ ရက်တွင် ပြောကြားသည်။
့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ ပဉ္စမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြားသည့် အဖွင့်စကား
(၁) ယနေ့ကြွရောက်လာကြတဲ့ NCCTမှ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် တော်ကြီးများ၊ တပ်မတော်အရာရှိကြီးများနဲ့ ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာသူများ အားလုံး ကို မင်္ဂလာပါ လို့ နူတ်ခွန်းဆက်ပါရစေ။
လေယာဉ်ပျံနေစဉ် Tablet ကွန်ပြူတာသုံးနေခဲ့သည့် အိန္ဒိယတွဲဘက် ယာဉ်မှူးတာဝန်မှ ရပ်ဆိုင်းခံရ
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲစ်မြို့သို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပျံသန်း သွားသည့် အိန္ဒိယနိုင်ငံ Jet Airways လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် တူရကီနိုင်ငံ လေပိုင် နက်အတွင်း ရောက်ရှိစဉ် အမြင့်မီတာ ၁၅၀၀ ခန့် နိမ့်ဆင်းသွားသည်ကို မသိခဲ့သော လေယာဉ်မှူးနှစ်ဦး ကို သြဂုတ် ၁၄ ရက်တွင် တာဝန်မှ ရပ်ဆိုင်းထားကြောင်း သိရသည်။
ရခိုင်ကမ်းရိုးတန်းတွင် ရေကြောင်းတပ်ဖွဲ့များ တိုးချဲ့ ချထားမည်ဟု ပြည်နယ်အစိုးရဆို
ရခိုင်ပြည်နယ်၊ ပင်လယ်ပြင်နှင့် ရေကြောင်းလုံခြုံရေးအတွက် ရေကြောင်း တပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသွား မည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က သြဂုတ် ၁၃ ရက် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
သမ္မတအပေါ် လူထုစိတ်ကျေနပ်မှု ကျဆင်းလာဟု ဆို
မြန်မာနိုင်ငံတွင် အစိုးရသစ်ပြောင်းလဲပြီးနောက် သမ္မတ၊ အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် လူထုစိတ်ကျေနပ်မှုအတွက် စမ်းစစ်လေ့လာရာတွင် သမ္မတအပေါ် လူထုစိတ်ကျေနပ်မှုသည် နည်းပါးရုံ သာမက တဖြည်းဖြည်းကျဆင်းလာသည်ကို တွေ့ရသည်ဟု လူထုအခြေပြု စစ်တမ်းကို ကောက်ယူခဲ့သော စိမ်းလန်းအမိမြေအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောသည်။
Bi မွန်းတည့်နေမှ ငါးဦးကို ခရိုင်နှင့် မြို့နယ်တရားရုံးများ အာမခံပယ်ချ
ကြားဖြတ်အစိုးရသတင်း ရေးသားဖော်ပြခဲ့သည့် Bi မွန်းတည့်နေဂျာနယ်မှ စွဲချက်တင်ခံထားရသူ ငါးဦးအား ပန်းဘဲတန်းမြို့နယ်နှင့် အနောက်ပိုင်းခရိုင် တရားရုံး အာမခံလျှောက်ထားမှု ပလပ်လိုက်သည်ဟု အကျိုးတော်ဆောင် ရှေ့နေ ဦးကျော်ဝင်းက ပြောသည်။
ဓမ္မစေတီခေါင်းလောင်းဆယ်ရာတွင် ခက်ခဲမည်ဟု စံဇာဏီဘို ဟော
မြစ်သုံးခုဆုံရာနေရာတွင် ပြုလုပ်နေသည့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူခြင်းလုပ်ငန်းသည် စတင်ခဲ့ သည့်နေ့ (သြဂုတ် ၁၀) ရက်သည် မြန်မာအယူအဆအရ မကောင်းသည့်နေ့ဖြစ်သည့်အတွက် ဆယ်ယူ ရာတွင် အခက်အခဲများဖြစ်တတ်သည်ဟု ဗေဒင်ဆရာ စံဇာဏီဘိုက သြဂုတ် ၁၄ ရက်တွင် ပြောဆိုသည်။
Thursday, August 14, 2014
ကျောက်မျက်အသင်းဥက္ကဋ္ဌတာဝန် နောက်လူများကို နေရာပေးလိုဟု ဦးတေဇပြော
အခမ်းအနားတစ်ခုတွင် တွေ့ရသည့် ဦးတေဇလက်ရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်နေသော ဦးတေဇက နောက်လူများကိုသာ နေရာပေးလို၍ ဥက္ကဋ္ဌရာထူးဖြင့် ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့ကြောင်းပြောကြားလိုက်သည်။
အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိစင်တာ တည်ဆောက်မည်
နိုင်ငံတကာအသိအမှတ်ပြု ခုံသမာဓိစင်တာ ( Arbitration Center ) တစ်ခု တည်ဆောက် သွားမည်ဟု သြဂုတ် ၁၂ ရက်က ကျင်းပခဲ့သော ကုန်သည် စက်မှုအသင်းချုပ်၏ (၂၃)ကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးတွင် UMFCCI ၏ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့သည်။
ပြည်နှင်ဒဏ်ပေးခြင်း ခံလိုက်ရသည့် အင်္ဂလိပ်စာဆရာ ဦးမောင်မောင်ဝမ်းနှင့် တွေ့ဆုံခြင်း
၁၉၈၈ အရေးတော်ပုံ ကာလ၌ မတရားအသင်း ဖွဲ့စည်းမှု (ကျောင်းသား သမဂ္ဂ)၊ လက်နက်ကိုင်ဆောင်မှု (ရဲ စခန်းက သေနတ်အား ကိုင်ခဲ့သည့် ကိစ္စ) စသည့် အပြစ် များဖြင့် ထောင်သွင်း အကျဉ်းချခံခဲ့ရသော မြေလတ်ကျောင်းသား ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်သူ ဦးမောင်မောင်ဝမ်းမှာ မြန်မာနိုင်ငံသို့ ခေတ္တပြန် ရောက်လာခဲ့သည်။
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး အလှူငွေများ အလွဲသုံးစားလုပ်သည်ဟုဆိုကာ အဖွဲ့ခေါင်းဆောင် အပါအဝင် သုံးဦးကို အမှုဖွင့်
ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သော ခရီးစဉ်တစ်လျှောက်တွင် အများပြည်သူ လှူဒါန်းခဲ့သော အလှူငွေများအနက် ကျပ်သိန်းနှစ်ရာကျော်ကို အလွဲသုံးစား ပြုခဲ့သည်ဟုဆိုကာ လမ်းလျှောက်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ကိုရဲထွဋ်ခေါင် အပါအဝင် သုံးဦးကို သြဂုတ်လ ၁၁ ရက်နေ့က ကျောက်တံတား မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အင်းစိန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင် ဒေါ်သက်သက်မာက ပြောကြားသည်။
Miss Golden Land Myanmar 2014 ဖိုင်နယ်ပြိုင်ပွဲကြီး သြဂုတ် ၂၁ရက်တွင် ပြုလုပ်တော့မည်
နိုင်ငံကိုယ်စားပြု အလှမယ် ငါးဦးအား တစ်ပြိုင်နက်တည်း ရွေးချယ်မည့် Miss Golden Land Myanmar 2014 ဖိုင်နယ်ပြိုင် ပွဲကြီးအား သြဂုတ် ၂၁ရက်တွင် ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ Miss Golden Land Myanmar 2014 ဖိုင်နယ်ပြိုင်ပွဲ အားရန်ကုန်မြို့ ရှိ MCC (Myanmar Convention Center) တွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
တိုက်ပွဲတွေ ထပ်ဖြစ်မှာစိုးရိမ်ပြီး ဖားကန့်ဒေသခံ ၂၀၀ ခန့် ထွက်ပြေးတိမ်းရှောင်မှု ဖြစ်ပွား
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့အကြား တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားမှာ စိုးရိမ်နေတဲ့ ဒေသခံ ၂၀၀ ခန့်ဟာ နေရပ်စွန့်ခွာပြီး ပုန်းရှောင်မှုတွေ ပြုလုပ်နေတယ်လို့ အဲဒီ ဒုက္ခသည်တွေကို သွားရောက်ကြည့်ရှုခဲ့သူတွေက ပြောပါတယ်။
AGD ဘဏ်ရှယ်ယာကိစ္စ သဘောတူညီပြီးဟု ဦးနေဝင်းမိသားစု ပြန်တုံ့ပြန်
ဦးအေးနေဝင်း (ဝဲ) နှင့် ဦးတေဇ (ယာ)
ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး(AGD) ဘဏ် အစုရှယ်ယာ ၆၀ ရာခိုင် နှုန်းကို ဦးနေဝင်းမိသားစုထံ ရောင်းချမည့်ကိစ္စကို ဦးတေဇက ပြန်လည်သုံးသပ်မည်ဟု ဆိုခြင်းသည် မီဒီယာများ ဘက်မှ နားလည်မှု လွဲမှားခြင်းသာဖြစ် ပြီး ဘဏ်ရှယ်ယာများ ဝယ်ယူရန်သဘော တူညီထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ် ကြီးဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ဧရာဝတီသို့ ပြောဆိုသည်။
အပစ်ရပ်သဘောထား အန်အယ်လ်ဒီနှင့် မသက်ဆိုင်ဟု ကြေညာ
တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အမြန်ဆုံးလက်မှတ်ရေးထိုးကြဖို့ သက်ဆိုင်သူ အားလုံးကို တိုက်တွန်းတဲ့ နိုင်ငံရေးပါတီများရဲ့ သဘောထားထုတ်ပြန်ချက်ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မပါဝင်ဘူးလို့ ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
လှိုင်သာယာလက်ဖက်ရည်ဆိုင်လူသတ်မှု လူငယ်သုံးဦးကို ရုံးထုတ်
လှိုင်သာယာလက်ဖက် ရည်ဆိုင်ထဲ၌ လူသတ်မှုကျူးလွန် ခဲ့သော လူငယ်သုံးဦးကို မြောက် ပိုင်းခရိုင်တရားရုံး ဩဂုတ် ၁၃ ရက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ဇွန်လ ၉ ရက်ညတွင် လှိုင် သာယာမြို့နယ်၊ အမှတ်(၁၉)ရပ် ကွက်၊ ဗိုလ်အောင်ကျော်လမ်း ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ် ဆိုင်၌ စားသုံးသူချင်းခိုက်ရန် ဖြစ်ပွားရာမှ လူသတ်မှုကျူးလွန်ခဲ့ သော လူငယ်ငါးဦးထဲမှ သုံးဦးကို အင်းစိန်မြို့နယ်၊ မြောက်ပိုင်းခရိုင်တရား ရုံးတွင် ဩဂုတ် ၁၃ ရက်ညနေက ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တွေ့ရှိရသည်။
ရွေးကောက်ပွဲဝင်မည့် ဘရာဇီး သမ္မတလောင်းတစ်ဦး လေယာဉ်ပျက်ကျပြီး သေဆုံး
လေယာဉ်ပျက်ကျမှု တစ်ခုကြောင့် ဘရာဇီးနိုင်ငံတွင် ရွေးကောက်ပွဲဝင်မည့် သမ္မတလောင်းတစ်ဦး သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။ အသက်(၄၉)နှစ်ရှိ အီဒွာဒို ကမ်းပို့စ်သည် မတော်တဆမှုဖြင့် ကွယ်လွန် ခဲ့ကြောင်း ၎င်း၏ နိုင်ငံရေး ပါတီက အတည်ပြု ကြေညာခဲ့သည်။ ကမ်းပို့စ် လိုက်ပါခဲ့သည့် လေယာဉ်သည် ရာသီဥတု ဆိုးရွားမှုကြောင့် ဆော်ပေါ်လို ပြည်နယ်၊ ဆန်းတို့စ်ဆိပ်ကမ်းမြို့ရှိ လူနေရပ်ကွက် တစ်ခုသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။
အီဘိုလာဗိုင်းရပ်စ်အတွက် စမ်းသပ်ဆေး ZMapp ကို တရားဝင် အသုံးပြုနိုင်ကြောင်း WHO အတည်ပြု
အီဘိုလာဗိုင်းရပ်စ်အတွက် အသုံးပြုနေသော စမ်းသပ်ဆေးကို ကမ္ဘာ ကျန်းမာရေးအဖွဲ့(WHO) ကတရား ဝင်အသုံးပြုရန်ခွင့်ပြုခဲ့ကြောင်း သိရသည်။ ZMapp ဟုခေါ်သော ထိုစမ်းသပ်ဆေးကို အမေရိကန်မှ Mapp Biopharmaceutical ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးအင်အားစုများ ညှိနှိုင်းမှုရလဒ်ဖြင့် အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု FDA နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် ထည့်သွင်း
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် သုံးလအတွင်း ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံရေး အင်အားစုများ၏ ညှိနှိုင်းမှုရလဒ်ဖြင့် အခြေခံဥပဒေ ပြင်ဆင်မည်ဟု ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA) ၏ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် ထည့်သွင်းထားကြောင်း FDA အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
အီရတ်ဒုက္ခသည် ကယ်ဆယ်ရေး အစီအစဉ်မှာ ဗြိတိန်ပါဝင်
အီရတ်မြောက်ပိုင်းက တောင်တန်းတွေပေါ်မှာ အစ္စလာမ်မစ်သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ ရာဇဒီး မျိုးနွယ်စုတွေနဲ့ အခြားဘာသာရေး လူနည်းစုတွေကို ကယ်ဆယ်ဖို့ နိုင်ငံတကာက စီစဉ်ဆောင်ရွက်နေပြီလို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ပြောပါတယ်။
ကျောင်းသားတိုင်း ပညာသင်ထောက်ပံ့ကြေး လာမည့်နှစ်တွင် ရမည်
မြို့နယ်ပေါင်း ၄၀ က အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် ပညာသင်ထောက်ပံ့ကြေးကို လာမည့် ပညာသင်နှစ်မှ စတင်ကာ သုံးနှစ်စီမံကိန်းအဖြစ် ပေးအပ်တော့မည်ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်း က မဇ္ဈိမကို ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝါဒ အာရှအရေးပါမှု Kerry ပြောကြား
မြန်မာနိုင်ငံမှာ ပြဿနာတွေအားလုံး ပြေလည်သွားပြီလို့ မဆိုနိုင်ပေမဲ့ အရင်ကနဲ့မတူတဲ့ ထူးခြားတဲ့ ပြောင်း လဲမှုတွေ၊ အလားအလာကောင်းတွေ တွေ့နေရပြီဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဟိုနိုလူလူမြို့က East West Center မှာ အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားချိန်မှာ အခုလို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။
Hamas ဒုံးကျည် တိုက်ခိုက်မှုကို အစ္စရေးလ်တုံ့ပြန်
အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား အပစ်အခတ်ရပ်စဲရေး အချိန်တိုးခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဂါဇာ ကမ်းမြှောင်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကို လုပ်ခဲ့တယ်လို့ အစ္စရေးလ် စစ်တပ်ဘက်က ပြောလိုက် ပါတယ်။ ပါလက်စတိုင်းတို့ဘက်က ရော့ကက်ဒုံးနဲ့ ပစ်ခတ်ခဲ့မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ လုပ်တာလို့ ပြောပါတယ်။
Fields Medal ဆုကို အမျိုးသမီး ပါမောက္ခရရှိ
သင်္ချာဘာသာရပ်ရဲ့ နိုဘယ်လ်ဆုလို့တင်စားကြတဲ့ Fields Medal သင်္ချာ ဘာသာဆုကို အီရန်နိုင်ငံဖွား အမျိုးသမီးက ရရှိသွားပြီး ဒါဟာ အမျိုးသမီးအနေနဲ့ ပထမဦးဆုံးအကြိမ် ရရှိခြင်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၈၀ နီးပါးအတွင်း အဲဒီ သင်္ချာ ဘာသာ ဆုကို ပေးလာတာ ဖြစ်ပေမယ့် အမျိုးသမီး တစ်ဦး အနေနဲ့ အခုမှ ပထမဆုံး အကြိမ် ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ Fields Medal လို့ခေါ် တဲ့ သင်္ချာ ဘာသာရပ် ဆုဟာ ဂုဏ်သရေ ကြီးမားတဲ့ ဆုဖြစ်ပြီး လေးနှစ် တစ်ကြိမ် ပေးအပ်လေ့ရှိတဲ့ ဆုကြီး ဖြစ်ပါတယ်။
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇာတ်ကား ရိုက်ကူးမည်ဆိုသည့်သတင်း မဟုတ်ကြောင်း ဇာဂနာ ငြင်းဆို
မြန်မာနိုင်ငံ၏ ယခင် အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇာတ်ကား ရိုက် ကူးမည်ဆိုသည့် သတင်းသည် အမှန်မဟုတ်ကြောင်း ဇာကနာ က မဇ္ဈိမကို ပြောသည်။" ဦးသန်းရွှေ ဇာတ်ကားကို ရိုက်မယ့်သူတွေ ရှိတယ်။
လွတ်လပ်ခွင့်ကို အကျိုးရှိရှိသုံးဖို့ KNU ပြော
လက်ရှိအစိုးရ၏ လွှတ်လပ်စွာ ပြောရေးဆိုခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်ပြုထားခြင်းကို အကျိုးရှိစွာအသုံးချသင့် သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်များက သြဂုတ် ၁၃ ရက်တွင် ပြောသည်။
၄၃၆ ပြင်ဆင်ရေးလက်မှတ် လွှတ်တော်သို့ အင်န်အယ်လ်ဒီပေးပို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့၏ ပူးပေါင်းကော်မတီမှ ဦးဉာဏ်ဝင်းနှင့် ဦးကိုကိုကြီး တို့ လတ်မှတ်ရေးထိုးကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူငါးသန်းခန့် ရေးထိုးထားသော လက်မှတ်များကို သြဂုတ် ၁၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့လိုက်ပြီဖြစ်သည်။
မဆိုင်သည့် ကတိများတောင်းခြင်းက အပစ်ရပ်လုပ်ငန်းစဉ်ကို နှောင့်နှေးစေဟု ဆွစ်ဇာလန်မှ ညှိနှိုင်းရေးကျွမ်းကျင်သူ ဆို
အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းနေစဉ် ကာလတွင် ဆွေးနွေးရန်မလိုသည့် အချက်များထည့်သွင်းဆွေးနွေး ခြင်းမှာ ရှေ့လုပ်ငန်းစဉ်များသွားရန် နှောင့်နှေးစေသည်ဟု ဆွစ်ငြိမ်းချမ်းရေး (Swiss Peace) မှ အကြီး တန်း စေ့စပ်ညှိနှိုင်းရေးမှူး ဒေါက်တာ ဂျူလီယံသောမတ် ဟော့တင်ဂါးက သတိပေးပြောဆိုလိုက်သည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

















































