တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်မရေးထိုးရသေးတဲ့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)အနေနဲ့ (NCA)လမ်းကြောင်းနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်သွားမယ်လို့ ဖေဖော်ဝါရီ(၁၉) ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီ(၄)ရက်ကနေ (၁၈)ရက်အထိ SSPP/SSA ရဲ့ ဌာနချုပ်ဖြစ်တဲ့ ဝမ်ဟိုင်းမှာပြုလုပ်ခဲ့တဲ့ (၂၀၁၉)ခုနှစ် မျက်နှာစုံညီနှစ်ချုပ်အစည်းအဝေးအပြီးမှာ အခုလိုသတင်းထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။