Friday, August 30, 2013
ရုရှားရေတပ်သည် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ် တစ်စင်းနှင့် ဒုံးကျည်တင် တိုက်ခိုက်ရေး စစ်သင်္ဘော တစ်စင်းတို့အား သြဂုတ် ၂၉ ရက်က မြေထဲ ပင်လယ်သို့ စေလွှတ်ခဲ့ကြောင်း ရုရှား သတင်းဌာန တစ်ခုက ပြောကြားခဲ့သည်။
စစ်ဘက် အသိုင်းအဝိုင်းများ၏ ပြောကြားချက်အရ အဆိုပါ စစ်သင်္ဘောများ
စေလွှတ်ခြင်း သည်လက်ရှိ ဖြစ်ပေါ် နေသော ဆီးရီးယား အရေးအား တုံ့ပြန်ရန် အတွက်
ဖြစ်ကြောင်း သိရသည်။ သို့သော် ရုရှားရေတပ်၏ ပြောကြားချက်အ ရ ထိုကဲ့သို့
စစ်သင်္ဘော များ စေလွှတ်ခြင်း သည် မြေထဲပင်လယ် အတွင်း သို့ စစ်သင်္ဘော များ
အလှည့်ကျ စေလွှတ်ခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း သိရသည်။
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
3 hours ago





