Friday, October 11, 2013
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲ မကျင်းပမီ
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး
ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ (Ethnic
Armed Groups Conference) ကို ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသွားမည်
ဖြစ်ကြောင်း မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည့် သုံးရက်ကြာ
ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်များမှ သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သော ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွင် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့မှ
ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု အစိုးရမှ
ကြီးမှူးကျင်းပရန် စီစဉ်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ
လက်မှတ်ရေးထိုးပွဲ မတိုင်မီ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံပြီး
တောင်းဆိုရမည့် အချက်အလက်များ ညှိနှိုင်းရန်ဖြစ်ကြောင်း ကေအိုင်အေ
ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားသည်။
''တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့
တောင်းဆိုထားပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်ထောင်စု အစိုးရက ကျင်းပဖို့
ရည်ရွယ်ထားတဲ့ Nationwide cease-fire accord ဆိုတဲ့ သူတို့ပေးတဲ့ စီမံချက်
အပေါ်မှာ ကျွန်တော်တို့ ဘယ်လိုပါဝင်နိုင်မလဲ။ ဘာတွေကို တောင်းဆိုသင့်သလဲ
ဆိုတာတွေကို အဓိကထားပြီး ဆွေးနွေးဖို့ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောကြားသည်။
ကေအိုင်အို အနေဖြင့် အဆိုပါ ဆွေးနွေးပွဲပြီးမှသာ အပစ်အခတ် ရပ်စဲရေးအတွက်
လက်မှတ်ရေးထိုး သွားဖွယ်ရှိပြီး အစိုးရမှ စီစဉ်ထားသည့် အပစ်အခတ်
ရပ်စဲရေးနှင့် ပတ်သက်သည့် စီမံချက်များကို လေ့လာပြီးမှသာ လက်မှတ်ထိုး
မထိုးကို ဆုံးဖြတ်သွား မည်ဟု သိရသည်။
အစိုးရနှင့်
ကေအိုင်အိုတို့သည် အလွတ်သဘော လေးကြိမ် အပါအ၀င် စုစုပေါင်း ၁၅ ကြိမ်
တွေ့ဆုံခဲ့သော်လည်း ယခုအချိန်အထိ အပစ်အခတ် ရပ်စဲရေးအတွက်
လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။ ကေအိုင်အို အနေဖြင့်
အပစ်အခတ် ရပ်စဲရေးအတွက် လက်မှန်ရေးထိုးရန်မှာ ယုံကြည်စိတ်ချရနိုင်သော
အခြေအနေမျိုး ရှိရန်လိုအပ်သည်ဟု ဆုံးဖြတ်ထားသည့် ကေအိုင်အို၏ မူဝါဒကြောင့်
ဖြစ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။ လိုင်ဇာတွင် ပြုလုပ်မည့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံအား ကျင်းပမည့်
အချိန်ကို သတ်မှတ်ရခြင်း မရှိသေးဘဲ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့ခေါင်းဆောင်များထံ ဖိတ်ကြားရသည်မှာပင် အချိန်တစ်လခန့်
ကြာမြင့်နိုင်ကြောင်း ကေအိုင်အေ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment