Friday, October 11, 2013
တောင်တရုတ် ပင်လယ်ပြင်က နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စနဲ့
ပတ်သက်ပြီး ဂျပန်နဲ့ အမေရိ ကန်နိုင်ငံတို့အနေနဲ့
ပါဝင်ပတ်သက်မှုတွေမလုပ်ကြဖို့ တရုတ်နိုင်ငံက သတိပေးပြောကြား လိုက်ပါတယ်။
တရုတ်နိုင်ငံနဲ့ အာဆီယံအသင်းဝင်နိုင်ငံတွေအနေနဲ့ တောင်တရုတ်ပင်ပြင်က
နယ်မြေပိုင်မှုအငြင်း ပွား နေတဲ့ကိစ္စကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့
ဖြေရှင်းဖို့ သဘောတူညီခဲ့ကြတာဖြစ်သလို တိုက်ရိုက် ပါဝင် ပတ်သက်တဲ့
နိုင်ငံအချင်းချင်းက တနိုင်ငံချင်းဆီအနေနဲ့သာ ညှိနှိုင်းကြဖို့
သဘောတူခဲ့ကြတာဖြစ်တဲ့အ တွက် ပတ်သက်မှုမရှိတဲ့ နိုင်ငံတွေအနေနဲ့ ဒီကိစ္စမှာ
မပါဝင်သင့်ဘူးလို့ တရုတ်နိုင်ငံဝန်ကြီးချုပ် Li Keqiang က မနေ့က ဘရူနှိုင်း
နိုင်ငံမှာပြုလုပ်တဲ့ အရှေ့တောင်အာရှနိုင်ငံများ-အာဆီယံအသင်း
စည်းဝေး ပွဲ အတွင်း မှာ ပြောလိုက်တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ
ဝန်ကြီးချုပ် Shinzo Abe ကတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့နိုင်ငံတွေအနေနဲ့
နိုင်ငံတကာရဲ့ ဥပဒေကို လိုက်နာကြရမှာဖြစ်သလို အတင်းအဓ္ဓမ တဖက်သတ်လုပ်ဆောင်ချက်တွေကိုလည်း ရှောင်ကြည် ရ မှာဖြစ်တယ်လို့ ပြောပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ အခုဆိုရင် တရုတ်နိုင်ငံဟာ
ဒီနယ်မြေအငြင်းပွား မှု ကိစ္စမှာ ပိုမိုအတင့်ရဲလာတာဖြစ်လို့ ဂျပန် ၀န်ကြီးချုပ်
ကပြောပါတယ်။ အမေရိကန်နိုင်ငံ သမ္မတ Barack Obama ရဲ့ ကိုယ်စား
စည်းဝေးပွဲကို တက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry
က လည်း တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုဖြစ်နေတဲ့နိုင်ငံသာမက အငြင်းပွားမှုမှာ
မပါဝင်တဲ့နိုင်ငံတွေရဲ့ထင်မြင် ချက် အသံတွေကို လည်းနားထောင်ရမှာဖြစ်ပြီး
အကြောင်းကတော့ မပါဝင်တဲ့နိုင်ငံတွေ အနေနဲ့ကလည်း တည်ငြိမ်အေးချမ်းမှုနဲ့
လွတ်လပ်မှုကို လိုလားနေကြလို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်
တရုတ်နိုင်ငံဝန်ကြီးချုပ် Li Keqiang ကတော့ တောင်တရုတ်ပင်လယ်ပြင်
နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စဟာ အာဆီယံ စည်းဝေးပွဲအတွင်း
ဆွေးနွေးရမယ့် အကြောင်းအရာတခုအဖြစ် ဘယ်တုန်းကမှမဖြစ်ခဲ့သလို ဘယ်တော့မှလဲ
ဖြစ်လာမှာမဟုတ်ဘူးလို့ ပြန်လည်တုန့်ပြန်လိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်နယ်မြေပိုင်ဆိုင်မှုမှာ ပါဝင်တဲ့နိုင်ငံတွေကတော့ တရုတ်၊
မလေးရှား၊ ဖိလိပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။
ABC Radio Australia
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment