Friday, October 11, 2013
ခရီး သည်တင်လိုင်းများတွင် ပြေးဆွဲနေ သောယာဉ်များကို ဖျက်သိမ်း အပ် နှံပါက Mini Bus သို့မဟုတ် City Bus ကြိုက်နှစ်သက်ရာအစားထိုး တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာ နမှ ထုတ်ပြန်ချက်များ
အရသိရသည်။အဆိုပါကားအမျိုးအစား နှစ်ခု ကို ကြိုက်နှစ်သက်ရာအစား
ထိုးတင်သွင်းခြင်းပြုလုပ်ရာတွင် ခရီးသည် တင် ယာဉ် လိုင်းများ၌ ပြေးဆွဲနေသော
ဟိုင်းလတ်၊ ပစ် ကပ်နှင့် လိုက်ထရပ်ယာဉ် များကို ဖျက်သိမ်းအပ်နှံရာတွင်
တင်သွင်း ခွင့်ပြုခြင်းဖြစ်သည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်
ကြားမှုဦးစီးဌာနမှ အဆင့်မြင့်အ ရာရှိတစ်ဦးက ''ခရီးသည်တင်လိုင်း
မှာသုံးတဲ့ကားတွေဖြစ်တဲ့အတွက် Mini Bus အပြင် City Bus ကား
ကြီးတွေကိုပါသွင်းတာက ပိုအ ဆင်ပြေစေမှာဖြစ်တဲ့အ တွက် ကြောင့်
ဒီလိုတင်သွင်းခွင့်ပြုလိုက် တာပါ''ဟုပြောသည်။
ယင်းသို့
အစားထိုးတင်သွင်း ခြင်းဆောင်ရွက်ရာတွင်လည်း အငှားယာဉ်အဖြစ် ပြန်လည်အစား
ထိုးတင်သွင်းရမည်ဖြစ်ပြီး ခရီး သည်တင်ယာဉ်လိုင်းများတွင်သာ
ပြန်လည်ပြေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ခရီးသည်တင်လိုင်း
များတွင်ပြေးဆွဲနေသော ဟိုင်း လတ်၊ ပစ်ကပ်နှင့် လိုက်ထရပ်ယာဉ်
အမျိုးအစားများကို ဖျက်သိမ်း အပ်နှံပြီး အစားထိုးတင်သွင်းရာ တွင်
ခရီးသည်တင်လိုင်းများ၌ ပြန် လည်ပြေးဆွဲရန်အတွက် Mini Bus
ယာဉ်များကိုသာတင်သွင်း ခွင့်ပြုခဲ့ရာမှ ခရီးသည်တင်ယာဉ်
လိုင်းပြေးဆွဲယာဉ်ဖြစ်၍ ယခုအ ခါတွင် မီနီဘက် သို့မဟုတ် City Bus
ကြိုက်နှစ်သက်ရာတင် သွင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ယင်းသို့တင်သွင်းခွင့်ပြု ခြင်းနှင့်ပတ်သက်၍ ၃၁ ယာဉ် လိုင်းပိုင်ရှင်
ဦးမျိုးဝင်းက ''အခု လို တင်သွင်းခွင့်ပြုလိုက်တဲ့အ တွက် ပိုအဆင်ပြေ
သွားတာပေါ့။ ခရီးသည်တွေလဲ အဆင်ပြေပြေ သွားလာနိုင်တာပေါ့။ ယခု
ရန်ကုန်မြို့တွင်း ဖြစ် ပေါ်နေသော ခရီးသည်တင်ယာဉ် လိုင်း မတော်တဆမှုများတွင်
ဟိုင်း လတ်၊ ပစ်ကပ်နှင့်လိုက်ထရပ်ကား အမျိုးအစားများက အများဆုံး ဖြစ်ကာ
ယင်းကားများကို ယာဉ် အိုဟောင်း အစားထိုးစီမံချက်ဖြင့် Mini Bus နှင့် City
Bus ကားများ အဖြစ် တင်သွင်းခွင့်ပြုခြင်းသည် ယာဉ်အန္တရာယ်များကို လျော့ကျ
စေနိုင်ပြီး ယခင် Mini Bus ကို သာ တင်သွင်းခွင့်ရရာမှ ယခုကဲ့ City Bus
ကားများကိုပါ တင် သွင်းခွင့်ပြုလိုက်ခြင်းသည် သယ် ယူ
ပို့ဆောင်ရေးလုပ်ငန်းများ ပိုမို ကောင်းမွန်လာမည်ဖြစ်ကြောင်း
ယာဉ်လိုင်းပိုင်ရှင်များထံမှ သိရ သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment