Monday, October 7, 2013
အဝေးသင်စနစ်သည် နိုင်ငံရေး ကို အခြေခံ၍ ပုံဖော်ခဲ့သည်ဆိုခြင်း မှာ
မှားယွင်းသောယူဆချက်ဖြစ် ကြောင်း ရန်ကုန် အဝေးသင်တက္က သိုလ်မှ ပါမောက္ခချုပ်
ဒေါက်တာ လှတင့်က တုံ့ပြန်ပြောဆိုလိုက် သည်။
ပညာရေး ကျွမ်းကျင်ပညာ
ရှင်တချို့က အဝေးသင်စနစ်သည် နိုင်ငံရေးကို အခြေခံ၍ ပုံဖော်ခဲ့
သည့်စနစ်ဖြစ်သည့်အတွက် ပညာ ရေးကို အခြေခံသည့်စနစ်အဖြစ်
ပြုပြင်ပြောင်းလဲသင့်နေပြီဟု ပြော ဆိုမှုများမှာ မှားယွင်းသော အယူအဆများ
ဖြစ်ကြောင်း၊ ခေတ်အခြေအနေ အရ များပြားလာသော ကျောင်း သားများနှင့်
အသက်မွေးဝမ်း ကျောင်း တက္ကသိုလ် များသို့ မတက် နိုင်သော ကျောင်းသားများအ
တွက် နိုင်ငံတော်အကြီးအကဲများ က နိုင်ငံတကာတွင်ထွန်းကားနေ သောစနစ် များထဲမှ
အဝေးသင် စနစ်ကို ဖန်တီးပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။
''သူတို့ထင်လဲ ထင်စရာပဲ။ အရင်တုန်းက ကျောင်းသားတွေကို လူစုခွဲတဲ့အနေနဲ့
အဝေးသင်ကို ပို့လိုက်တယ်လို့ နိုင်ငံရေးအမြင် နဲ့ မြင်ရင် မြင်မှာ ပဲ။
အဲဒီလိုမြင်ရင် တော့ မှားလိမ့်မယ်။ အခြေခံမှာ ကျောင်းသား ၁ဝဦးကို သုံးဦး
လောက်ပဲ အောင်တာ တောင် အခု လူတွေက တော်တော်များ လာတယ်။ အခု
မြန်မာနိုင်ငံမှာ အခြေခံကို မယူမနေရစနစ်တွေ လုပ်လာတော့ တဖြည်းဖြည်းနဲ့
Volume က များများလာပြီ။ အဲဒီ လိုများလာတော့ Professional တက္ကသိုလ်တွေ မှာ
ဘယ်လို လုပ်ဆံ့ တော့မလဲ။ မဆံ့ရင် ကျန်တဲ့ ကျောင်းသားတွေ ဘယ်လိုလုပ် မလဲ။
အဲဒီအတွက် လူကြီး တွေက နိုင်ငံတကာပညာရေး ဘာရှိလဲဆိုတာ လိုက်ကြည့်တော့
အဝေးသင်ကို စဖွင့်ခဲ့တာ။ နိုင်ငံ ရေးကြောင့်မဟုတ်ဘူး''ဟု ပါမောက္ခချုပ်
ဒေါက်တာလှတင့် က ဆက် လက်ပြောသည်။ ယင်းနှင့်ပတ်သက်၍ ပါ မောက္ခ
ဒေါက်တာအောင်ထွန်း သက်က နိုင်ငံတကာတွင် ကျင့်သုံး နေသော အဝေးသင်ပညာရေး
စနစ်များသည် အင်တာနက်ဖြင့် ချိတ်ဆက်၍ သင်ကြား နိုင်သော ကြောင့် အဝေးသင်
ဟုဆိုသော် လည်း ဆရာနှင့်ကျောင်းသား၏ ထိတွေ့မှုသည် ကွာဟသွားခြင်း
မရှိကြောင်း၊ မြန်မာနိုင်ငံ၏အဝေး သင်ပညာရေးကဲ့သို့ အနီးကပ်သင်
တန်းများမလိုဘဲ ကျောင်းသားများ ကို အနီးကပ် ကြီးကြပ်ပေး နိုင်သော ကြောင့်
အဆင့်မီ နေသော နိုင်ငံ တကာပညာရေးများကို အတုယူ သင့်ကြောင်း ပြောသည်။ '
လက်ရှိအဝေးသင်ပညာ ရေးစနစ်ဟာ စာမေးပွဲဖြေခါနီးမှ ဖုတ်ပူမီးတိုက် အနီးကပ်
၁ဝရက် လိုသင်တန်းမျိုးကိုတက်ပြီး ဖြေနေ ကြတယ်။ အဓိကက စာမေးပွဲ စနစ်ကြောင့်၊
စာတတ်တတ် မတတ်တတ် စာမေးပွဲအောင်ရင် ပြီးရောဆိုတဲ့ ပညာရေး စနစ်ဖြစ် နေတယ်။
ပညာရေးစနစ်တစ်ခု ကို ပြုပြင်ပြောင်းလဲတော့မယ်ဆို ရင် ဆရာ၊ ဆရာမတွေရဲ့ အရည်
အသွေးကို အရင်းဆုံး မြှင့်တင်ပေးရ မယ်။ သင်ထောက်ကူပစ္စည်းတွေ
လုံလုံလောက်လောက် ထားပေးရ မယ်။ သင်ရိုးတွေ ကို ပြင်ဆင်ရေး ဆွဲသင့်ရင်
ဆွဲရမယ်။ ဒါမှ ခေတ် စနစ်နဲ့ကိုက်ညီတဲ့ ပညာရေးစနစ် တစ်ခုဖြစ်လာမှာ''ဟု ယင်းက
ဆက်လက်ပြောသည်။
အဝေးသင်ပညာရေးစနစ် ကို ၁၉၇၅-၁၉၇၆ခုနှစ်တွင် စတင်
ကျင့်သုံးခဲ့ကြောင်း၊ ၁၉၈၁ခုနှစ် ဝန်းကျင်ခန့်က ပြင်ပဝိဇ္ဇာတန်း၊
ညနေတန်းများရှိခဲ့ပြီး ဝိဇ္ဇာဘာ သာရပ်မေဂျာသမားများအတွက်
ဖွင့်လှစ်ခဲ့ကြောင်း၊ စာပေးစာယူ (အဝေးသင်) ပညာရေး စနစ် ပေါ်
ပေါက်လာသောကြောင့် ယင်း အတန်းများ ပျက်သွားခဲ့ကြောင်း သိရသည်။
Yangon Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment