Monday, October 7, 2013
လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူ၏ ဆံပင်ကိုဆွဲကာ လှေဘောင်ဖြင့် ဦးခေါင်းကို ဆောင့်ခဲ့မှုကြောင့် သေဆုံးခဲ့သည့် ဇနီး၏ အလောင်းကို ရန်ကုန်မြစ်အတွင်း မျှောချ ဖျောက်ဖျက်ခဲ့သူဟု တိုင်ကြားခံရသူကို အောက်တိုဘာလ ၅ ရက်နေ့က ဒလမြို့နယ် မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
စက်တင်ဘာလ တတိယပတ်က ဒလမြို့နယ် စက်မြေ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၃ နှစ်အရွယ်ရှိ ဒေါ်လုံးတုံးသည် ၎င်း၏ခင်ပွန်း အသက် ၃၅ နှစ်အရွယ်ရှိ ကိုဝင်းထွဋ် (ခ) ရဲအောင်နှင့်အတူ ရန်ကုန်မြစ်အတွင်း လက်ခတ်လှေဖြင့် ငါးဖမ်းသွားရာမှ ဗိုလ်တထောင် အမှတ် ၆ ဗောတံတား ကမ်းစပ်တွင် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် ခင်ပွန်းက ဇနီးသည်၏ ဆံပင်ကို ဆွဲကိုင်ပြီး လှေဘောင်ဖြင့် ဦးခေါင်းကို လေးချက်ဆက် တိုက်ဆောင့်ခဲ့သည့် ဒဏ်ကြောင့် ဇနီးသည် သေဆုံးခဲ့ပြီး ညတွင်းချင်းပင် သန်လျင် ရေနံချက်စက်ရုံအနီးရှိ ရန်ကုန်မြစ်အတွင်း အလောင်းကို မျှောချကာ ဖျောက်ဖျက်ခဲ့ကြောင်း ရဲစခန်းတွင် ကိုဝင်းထွဋ် (ခ) ရဲအောင်၏ ထွက်ဆိုချက်အရ သိရှိရသည်။ကိုဝင်းထွဋ်သည် သေဆုံးခဲ့သူ၏ နောက်အိမ်ထောင်ဖြစ်ပြီး ငါးနှစ်ခန့်အကြာ ပေါင်းသင်းခဲ့ကြောင်း၊ ကိုဝင်းထွဋ် မိဘနေအိမ်နှင့် သေဆုံးခဲ့သော ဇနီး၏ သမီးအကြီးဖြစ်သူ မရွှေသိန်းသူ (ခ) မပုသိမ်၏ အိမ်မှာ အိမ်ချင်းကပ် နေထိုင်လျက် ရှိကြောင်း သေဆုံးသူ၏ သမီးကြီး မရွှေသိန်းသူ (ခ) မပုသိမ်က ပြောကြားသည်။
စက်တင်ဘာ ၃၀ ရက်နေ့တွင် ကိုဝင်းထွဋ်သည် ၎င်း၏ မိဘနေအိမ်သို့ ရောက်ရှိကာ ၎င်းတို့ လင်မယားနှစ်ဦး ရန်ဖြစ်ရာမှ လက်လွန်ကာ ဇနီးသေဆုံးခဲ့သည်ကို ၎င်း၏ ညီမဖြစ်သူ မကြည်ကြည်ထွေးကို ပြောဆိုကာ ပြန်ထွက်သွားကြောင်း၊ ယင်းနောက် အောက်တိုဘာလ ၂ ရက်နေ့တွင် မကြည်ကြည်ထွေးက မပုသိမ်ကို အကြောင်းစုံ ပြန်လည် ပြောပြရာမှ ရဲစခန်းသို့ အသိပေး တိုင်ကြားခဲ့ကြောင်း သေဆုံးသူ၏ သမီးကြီးဖြစ်သူ မရွှေသိန်းသူ (ခ) မပုသိမ်က ပြောကြားသည်။
“အမေက လှေပေါ်မှာနေပေမယ့် အိမ်ကို တစ်လသုံးလေးခေါက်လောက် ပြန်လာတာ။ ဒီတစ်ခေါက် ပြန်မလာတာ တစ်လလောက် ရှိနေတော့ စိတ်ပူနေတဲ့ အချိန်မှာပဲ အမေ့ယောက်ျားရဲ့ ညီမက ပြောပြမှ အမေ အသတ်ခံရတယ်ဆိုတာ သိရတာ” ဟု ၎င်းက ရှင်းပြသည်။
ကိုဝင်းထွဋ် (ခ) ရဲအောင်သည် ထွက်ပြေး တိမ်းရှောင်လျက် ရှိရာ အောက်တိုဘာလ ၅ ရက်နေ့က ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်း ရေတပ်ဝင်းအနီးရှိ ကမ်းနားတွင် ဖမ်းမိခဲ့ကြောင်း ဒလမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။
အဆိုပါ အမျိုးသမီး သေဆုံးမှုကို (ပ) ၄၄၅/၁၃၊ ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment