လက်ပံတောင်းတောင် သပိတ်စခန်းကို အာဏာပိုင်များက အကြမ်းဖက်
ဖြိုခွဲခဲ့မှုနှင့် ပတ်သက်၍ ပြည်တွင်းဂျာနယ် အများစုတွင် သုံးသပ် ဝေ
ဖန်မှုများထက် သတင်းသက်သက်ကိုသာ သတိထား၍ ရေးသားဖော်ပြမှု များပြားကြောင်း
သိရသည်။
Thursday, December 06, 2012
လက်ပံတောင်းတောင်ကိစ္စ ဂျာနယ်များ သတိထား ရေးသားဖော်ပြ
လက်ပံတောင်းတောင် သပိတ်စခန်းကို အာဏာပိုင်များက အကြမ်းဖက်
ဖြိုခွဲခဲ့မှုနှင့် ပတ်သက်၍ ပြည်တွင်းဂျာနယ် အများစုတွင် သုံးသပ် ဝေ
ဖန်မှုများထက် သတင်းသက်သက်ကိုသာ သတိထား၍ ရေးသားဖော်ပြမှု များပြားကြောင်း
သိရသည်။
မြန်မာ့မူးယစ်များဟုဆိုကာ ဘင်္ဂလာအာဏာပိုင်များက ဖမ်းဆီး
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ
ကော့စ်ဘဇားခရိုင်အတွင်းရှိ နီလာမြို့နယ် စိုဒူးရီ (မြစ်နား ရွာ)မှ
မူးယစ်ဆေးဝါး တာကာ ၃၄၉၇၈၀၀ တန်ဖိုးရှိ ရာဘား(စိတ်ကြွ ဆေး) ၁၁၆၅၈ လုံးအား
နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) အမှတ် ၄၂ တပ်ရင်းကတန င်္လာ နေ့က
ဖမ်းဆီးရမိကြောင်း တာခ်နာမြို့နေ သတင်းထောက် မော်မော် တာဇူလ်
အီစ္စလာမ်မော်နုက ဒေသ၀ပ်ဆိုက်များသို့ သတင်းပေးပို့ချက်အရ သိရှိရသည်။
လက်ပံတောင်းဖြိုခွင်းမှု သမ္မတကိုယ်တိုင် တောင်းပန်ရန် သံဃာများ သတိပေး
လက်ပံတောင်းတောင်
အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သော
သံဃာတော်များကို သမ္မတ ဦးသိန်းစိန်နှင့် အစိုး ရအဖွဲ့ကိုယ်တိုင် အမြန်ဆုံး
တောင်းပန်ရန် မန္တလေးမြို့မှ သံဃာတော်များက ယနေ့ နေ့လည်တွင် ထိုင်သပိတ်ဖြင့်
ဆန္ဒထုတ်ဖော်၍ တောင်းဆိုခဲ့ကြ သည်။
Wednesday, December 05, 2012
သံဃာတုများအတွက် သာသနာတော်မှာ နေရာမရှိပါ
လောကကြီးမှာ လူတွေဟာ ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။
ဆရာဝန်က ဆေးကု၊ အင်ဂျင်နီယာက အဆောက်အအုံဆောက်၊ ဒီလိုမှမဟုတ်ဘဲ အင်ဂျင်နီယာ က ဆေးကုတယ်ဆိုရင်
လူနာ အခြေအနေက မေးစရာမလိုပါဘူး။ ကျော်သူနဲ့သာ ဆက်သွယ်ထားလိုက်ပါ။ ဆရာဝန်က အဆောက်အအုံ
ဆောက်တယ်ဆိုရင်လည်း အဆောက်အအုံအကြောင်း မေးစရာမလိုပါဘူး။ မကြာခင် ပြိုကျပါလိမ့်မယ်။
ဒါကြောင့် လူတိုင်းဟာ သူ့အလုပ် သူလုပ်၊ သူ့နေရာသူနေ၊ ဒါမှ အဆင်ပြေ ပါမယ်။
ဘုန်းကြီး၊ ဘုန်းကြီးအလုပ်မလုပ်ဘဲ လူတွေလုပ်တဲ့
အလုပ်ထဲ ဝင်ရှုပ်လာရင်တော့ ဒါဘုန်းကြီးပါလို့ ဘယ်လိုပြောရပါ့မလဲ။ အခုပဲကြည့်ပါ။ ထစ်ကနဲဘေးပယောဂသမားတွေက
ရှူးတိုက်ပေးတာနဲ့ လောကီ ကိစ္စ နားမလည်ပါးမလည်ဘဲ နိုင်ငံရေးသမားဓားစာခံအဖြစ် အရူးချီးပန်းထလုပ်လာ တယ်။
မြင်မကောင်းရုံ မကဘဲ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုလို့ ရွတ်ဆိုပူဇော်မှုတွေလည်း
နှုတ်ဆိတ်ရတော့မယ့် အနာဂတ်အခြေအနေကို လှမ်းမြင်ရတော့ သာမန်ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့
လုံးဝရင်လေး စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တော့ ကြည်ညိုချင်စိတ် ဆိုတာ သံဃာရဲ့ဥပဓိရုပ်သွင်ပြင်အမူအယာနဲ့
ဆိုင်တယ်လို့ထင်ပါတယ်။ ဝိနည်းတော်တွေနဲ့ညီညွတ်စွာ နေထိုင်အားထုတ်တဲ့ ဆရာတော်ကြီးများရဲ့မျက်နှာဟာ
ဖူးတွေ့ရသူ အပေါင်း အတွက် ကြည်ညိုချင်စိတ်တွေ၊ သဒ္ဒါစိတ်တွေ အလိုအလျောက်ဖြစ်ပေါ်လာစေပါတယ်။
ကြုံဖူးကြမှာပါ။ ပုံမှာပါတဲ့ သံဃာတွေရဲ့သွင်ပြင်နဲ့တော့ ဆီနဲ့ရေပါပဲဗျာ။
Sunday, December 02, 2012
အမေရိကန်တက္ကသိုလ် ကိုးခုမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပညာရေးပူးပေါင်း မြှင့်တင်မည်ဖြစ်ပြီး ရန်ကုန်နှင့်မန္တလေး၌ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်
|
အမေရိကန်တက္ကသိုလ်များဆိုင်ရာ
ကိုယ်စားလှယ် IIE ဥက္ကဋ္ဌ Allan လာရောက်၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်မည့်
ရန်ကုန်တက္ကသိုလ်အား နိုဝင်ဘာလအတွင်းက တွေ့ရစဉ်
|
အစိုးရမှဥပဒေနှင့်အညီ လုပ်ဆောင်ကြောင်း ကြေညာချက်ပယ်ဖျက်ပြီးနောက် သပိတ်စခန်းများအား နိုင်ငံတကာ အဓိကရုဏ်းနှိမ်နင်းရေး နည်းစနစ်အတိုင်းသာ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခုခံပြောကြားမှု နိုင်ငံပိုင်မီဒီယာများ ဖော်ပြ
|
|
|
|
မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေသော သံဃာတော်များ
အစိုးရမှ ဥပဒေနှင့်အညီ လုပ်ဆောင်ကြောင်း ကြေညာချက် ပယ်ဖျက်ပြီးနောက် သပိတ်စခန်းများအား နိုင်ငံတကာ အဓိကရုဏ်းနှိမ်နင်းရေးနည်းစနစ်အတိုင်းသာ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခုခံပြောကြားမှုကို နိုဝင်ဘာလ ၃၀ ရက် ညသတင်းများအပြီး၌ နိုင်ငံပိုင်မီဒီယာများတွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။ |
ရဲများ၏ သြဝါဒခံယူပွဲ မုံရွာဒေသခံများ ရှုတ်ချ
သြဝါဒခံယူရန် ရောက်ရှိလာသည့် မုံရွာရဲများကို ဒေသခံပြည်သူများက ဝိုင်းကြည့်နေစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ
သာသနာ့ဗိမာန်တော်တွင် မုံရွာရဲတပ်ဖွဲ့များ၏ လက်ပံတောင်းတောင် ဖြစ်စဉ်နှင့်
ပတ်သက်သည့် သြ၀ါဒခံယူပွဲကို မုံရွာလူထုက ရှုတ်ချခဲ့ကြောင်း သိရသည်။
လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင် ဖွဲ့စည်း
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင်းက လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြ သူတွေအပေါ် အာဏာပိုင်တွေက
နှိမ်နင်းခဲ့ပြီးတဲ့နောက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းကြောင်း
အစိုးရက ကြေညာလိုက်ပါတယ်။ ဒါပေမဲ့လည်း ကော်မတီ အနေနဲ့ လွတ်လွတ်လပ်လပ်
ဆောင်ရွက်ခွင့် ရှိမှသာ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ အကဲခတ်တွေက
ထောက်ပြနေကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြထားပါတယ်။
လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ သြဝါဒခံယူပွဲ အောင်မြင်စွာပြီးဆုံး
မုံရွာမြို့
ရွှေစည်းခုံစေတီတော်ရှိ တင်ဝင်းထွန်း ဓမ္မာရုံတွင် ယနေ့မွန်းလွှဲပိုင်းက
ပြုလုပ်ခဲ့သော သြ၀ါဒခံယူပွဲ တွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ဦးစန်းယု၏ လျှောက်ထားချက် (အဆိုပါသြ၀ါဒခံယူပွဲသို့
စစ်ကိုင်း တိုင်းဒေသကြီးနှင့် မုံရွာမြို့မှ တိုင်းရဲတပ်ဖွဲ့၊
ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့များမှ အင်အား ၁၂၀ ခန့်
တက်ရောက်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များမှာ ရာထူးအနိမ့်ဆုံး ရဲတပ်သားမှ
ရာထူးအမြင့်ဆုံး ရဲမှူးကြီးအထိ ပါဝင်ကြောင်း သတင်းရရှိသည်။)
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

