Friday, October 11, 2013
အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းရှိ အငှားယာဉ်ပွဲစားများနှင့် လက်မှတ်အရောင်းပွဲစားများအား စီမံချက်ဖြင့်
ဖမ်းဆီးသည့်ကာလမှလွဲ၍ အရေးယူရန် အစီအစဉ်များ မရှိသေးကြောင်း
‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန(အောင်မင်္ဂလာ)’မှ
သတင်းရရှိသည်။
အဝေးပြေးဝင်းအတွင်း၌ ခရီးသည်များ စိတ်အနှောင့်အယှက်
ဖြစ်စေသည် အထိ ကားအငှားပွဲစားလုပ်ခြင်း၊ လက်မှတ်အရောင်း
လူခေါ်ပွဲစားများဖြင့် လက်မှတ်ရောင်းချခြင်းများအား ခွင့်ပြုချက်မဲ့
ဆောင်ရွက်လျက်ရှိပြီး ယင်းအတွက် ၀င်းအတွင်းရှိ မြို့တော်စည်ပင် အခွန်ဌာနမှ
စီမံချက်ဖြင့် ဖမ်းဆီးကာလများ သတ်မှတ်ကာ အရေးယူ ဆောင်ရွက်ခြင်းများကို
လျှပ်တစ်ပြက် ပြုလုပ်ခြင်းများ ရှိသော်လည်း ပွဲစားများ
ဆက်လက်တည်ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။ “စီမံချက်ကာလအတွင်းမှာ
ဖမ်းမိတဲ့လူတွေဆိုရင်တော့ ဒဏ်ရိုက်ပြီး ပြန် လွှတ်လိုက်တာပဲ၊ သူတို့ရဲ့
စားဝတ်နေရေးကလည်း ရှိသေးတယ်၊ သူတို့လည်း ဒီအတွက်ကြောင့် အလုပ်လုပ်နေရတာလေ၊
ဒါပေမဲ့ ခရီးသည်က ကျေနပ်မှုမရှိလို့ တိုင်ကြားရင်တော့ ချက်ချင်းဆောင်
ရွက်ပေးတယ်၊ အဓိကကတော့ ယာဉ်လိုင်းတွေက လုပ်ဆောင်ခွင့်ပေးနေလို့
လက်မှတ်ပွဲစားတွေ ရှိနေတာပါ”ဟု ‘မြို့တော်စည်ပင်၊ အခွန်ဌာန(အောင် မင်္ဂလာ)’
မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခရီးသည်များနှင့်
ကားငှားပွဲစားများ၊ လက်မှတ်အရောင်း လူခေါ်ပွဲစားများ အကြားရှိ
ပြဿနာအများစုမှာ ကားတစ်စီးတည်းတွင် ခရီးစဉ် သုံးလေးကြောင်း အတွက်
ခရီးသည်များ ပူးတွဲတင်ဆောင်ခြင်း၊ ခရီးသည်များအား ပြောဆိုဆက်ဆံမှု
မပြေပြစ်ခြင်း၊ ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်အောင် လက်မှတ်အရောင်း
လူခေါ်ပွဲစားများ က ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြဿနာအများစုမှာ အောင်မင်္ဂလာအငှား ယာဉ်အသင်း မ၀င်ထားသော
အငှားယာဉ်များနှင့် ခရီးသည်စီးနင်းမှုနည်းသော အဝေးပြေး ယာဉ်လိုင်းများ တွင်
အဖြစ်များကြောင်း သိရသည်။အောင်မင်္ဂလာ အဝေးပြေးဝင်းအ တွင်း
လက်မှတ်ပွဲစားများထက် အငှားယာဉ်ပွဲစားများနှင့် ပြဿနာဖြစ်မှု
ပိုမိုများပြားနေပြီး အငှားယာဉ်ပွဲစားများမှာ ကားတစ်စီးတည်းတွင်
ခရီးသည်များ ပူးတွဲတင်ဆောင်ခြင်း၊ ပြောဆိုဆက်ဆံ မှု မပြေပြစ်ခြင်းနှင့်
စိတ်အနှောင့်အယှက်ဖြစ်စေသည့် လူခေါ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း
မြို့တော်စည်ပင်၊ အခွန်ဌာန(အောင်မင်္ဂလာ) သို့ ရောက်ရှိလာသည့်
တိုင်ကြားစာများအရ သိရသည်။
Automobile Journal
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment