Tuesday, October 8, 2013
မြန်မာ့အာမခံ လုပ်ငန်းမှ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုအား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ပေးအပ်ထားပြီး ဖြစ်ကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေး အသင်းဥက္ကဌ ဦးအေးမင်းသိန်းက ဆိုသည်။
ဦးအေးမင်းသိန်းက ''ကျွန်တော်တို့ လွန်ခဲ့တဲ့ လေးလက စပြီးတော့ ပုဂ္ဂလိက
အာမခံ လုပ်ငန်းတွေကို လုပ်ငန်းလိုင်စင်တွေ စတင်ပေးအပ် ခဲ့ပါတယ်။ ဘဏ္ဍာရေးနဲ့
အခွန်ဝန်ကြီးဌာနက အသက်အာမခံ ကုမ္ပဏီ သုံးခုနှင့် အထွေထွေ အာမခံ ကုမ္ပဏီကိုးခု
စုစုပေါင်း ၁၂ ခုအား လိုင်စင် ထုတ်ပေးရန် ညွှန်ကြားချက်အရ ၂၀၁၂ ခုနှစ်
စက်တင်ဘာ ၅ ရက် မှာ လိုင်စင်ရ ကုမ္ပဏီ အမည် ၁၂ ခုကို တရားဝင်စာရင်း
ထုတ်ပြန်ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေ အနေနဲ့ကလည်း လုပ်ငန်းလိုင်စင် ရတာနဲ့
အလုပ်စလုပ်လို့ ရပါပြီ'' ဟု ပြောကြားသည်။ ထို့ပြင် ၎င်းက ဆက်လက်၍
မြန်မာနိုင်ငံတွင်း အာမခံလုပ်ငန်းများ တွင်ကျယ်လာစေရန် အတွက် လူထုအသိပေး
လုပ်ငန်းများကို အဆိုပါ လုပ်ငန်းလိုင်စင် ရရှိသည့် ပုဂ္ဂလိက အာမခံ
ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်
ပြောကြားခဲ့သည်။
''ပုဂ္ဂလိက အာမခံ လုပ်ငန်းတွေ အနေနဲ့လည်း
ကျွန်တော်တို့ မြန်မာ့အာမခံ လုပ်ငန်းက ချမှတ်ထားတဲ့ မူဘောင်တွေကို
မလိုက်နာဘဲ လုပ်တဲ့ဟာတွေ ဆိုရင်လည်း ကျွန်တော်တို့က အရေးယူသွားမှာပါ။
ဒါကလည်း အာမခံလုပ်ငန်း ရေရှည်တည်မြဲဖို့ အတွက်ပါ'' ဟု ဦးအေးမင်းသိန်းက
ပြောကြားသည်။
မြန်မာ့အာမခံလုပ်ငန်း အနေဖြင့် ပုဂ္ဂလိက
အာမခံလုပ်ငန်းရှင်များ အတွက် လုပ်ငန်းလိုင်စင်များအား ၂၀၁၃ ခုနှစ်မေလမှ
စတင်ကာ ကုမ္ပဏီ ငါးခုအား စတင်ချထားပေးခဲ့ပြီး ဇွန်လတွင် ကုမ္ပဏီငါးခုနှင့်
အောက်တိုဘာ လတွင် ကုမ္ပဏီနှစ်ခုအား လိုင်စင်များ ထပ်မံချထား ပေးခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမောင်မောင်သိန်းကလည်း
''နောက်နှစ်တွေမှာလည်း ပုဂ္ဂလိကလုပ်ငန်း လိုင်စင်တွေ ထပ်မံချထား
ပေးဖို့ရှိပါတယ်'' ဟု ပြောကြားသည်။
လုပ်ကိုင်ခွင့်လိုင်စင်
ရရှိသည့် ကုမ္ပဏီများ အနေဖြင့် မီးအာမခံလုပ်ငန်း၊ အလုံးစုံ မော်တော်ယာဉ်
အာမခံလုပ်ငန်း၊ အသက် အာမခံလုပ်ငန်း၊ သမာဓိ အာမခံလုပ်ငန်း၊ ငွေသားလုံခြုံမှု
အာမခံ လုပ်ငန်းနှင့် ငွေပို့ငွေသယ် အာမခံ လုပ်ငန်းတို့ကို လုပ်ကိုင်ခွင့်
ရှိကြောင်း သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment