Wednesday, October 9, 2013
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်ဆလင် ဒုက္ခသည်တွေအတွက်
တူရကီနိုင်ငံရဲ့အကူအညီနဲ့ လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးမယ့် ကိစ္စကို
ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက်
ဥက္ကဌ ဒေါ်ညိုအေးနဲ့ ရခိုင်လူမှုကွန်ယက် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့
ဦးကျော်ဇောဦးတို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပါ
ပုဒ်မ- ၁၈ နဲ့ စစ်တွေမြို့နယ် တရားရုံးကနေ ဒီကနေ့ ထောင်ဒဏ် ၃ လစီ
ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းက မြို့ခံလူထု
အတော်များများ ကန့်ကွက်ဆန္ဒပြခဲ့ကြရာမှာ အဲဒီအထဲက ဒီနှစ်ဦးကို
ခေါင်းဆောင်လို့ရွေးချယ် သတ်မှတ်ပြီး ထောင်ဒဏ်တွေချမှတ်တာဖြစ်တယ်လို့
ဦးကျော်ဇောဦးရဲ့မိခင် ဒေါ်စောသိန်းတန်က RFA ကိုပြောပါတယ်။ "
အမှန်က စုပေါင်းပြီးတော့ လုပ်ကြတဲ့ အလုပ်ပါ၊ ဘယ်သူ ခေါင်းဆောင်မှု အောက်မှ
လိုက်ကြတယ်လို့ ဆရာမကြီး မကြားလိုက်ဘူး၊ ဒါပေမယ့် ရဲက အမှုတပ်လိုက်တဲ့
အခါမှာ ဒေါ်ညိုအေးနဲ့ သားကြီး ကျော်ဇောဦးကို ခေါင်းဆောင်ဆိုပြီး
တပ်ပြီးတော့ ခွင့်ပြုမိန့်မရပဲ ဆန္ဒပြပါတယ်ဆိုပြီး တရားစွဲပြီး ထောင်ချတာပါ"
ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊
တောင်ကုတ် စတဲ့မြို့တွေမှာ ထောင်နဲ့ချီတဲ့ဒေသခံတွေက
နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံသားအခွင့်အရေးမပေးဖို့၊ ၁၉၈၂
နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့၊
တရားမဝင်နေထိုင်သူတွေကို ဥပဒေကြောင်းအရ အမြန်ဆုံး အရေးယူပေးဖို့
စတဲ့အချက်တွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
စစ်တွေဆန္ဒပြပွဲအတွက် ခွင့်ပြုချက်တောင်းခံခဲ့ပေမဲ့ ခွင့်မပြုခဲ့ဘူးလို့လည်း သိရပါတယ်။
RFA
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment