Monday, October 7, 2013
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ KIO ကချင်
လွတ်မြောက်ရေး အဖွဲ့ အကြား ဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်ဖို့
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီ ဂျေ နမ်ဘီးယားနဲ့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် အထူးအကြံပေး အရာရှိ မစ္စ မာရီယန် ဟေဂန် တို့
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို တနင်္ဂနွေနေ့က ရောက်ရှိနေပြီ ဖြစ်ပါတယ်။
တဘက်နဲ့ တဘက် ယုံကြည်မှု နည်းပါးနေတဲ့အတွက် ယုံကြည်မှု တည်ဆောက်ရေးကို
ဘယ်လောက်အတိုင်းအတာ အထိ တည်ဆောက်ပေးနိုင်မလဲ ဆိုတာပေါ် မူတည်ပြီး
ဒီဆွေးနွေးပွဲကနေ အပစ်ရပ်ရေးလက်မှတ်ထိုးတဲ့အနေအထား ရောက်မရောက်
ပြောနိုင်မယ်လို့ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မီ တီရဲ့ ငြိမ်း ချမ်းရေး
အကျိုးဆောင် ဦးဆန်းအောင်က ဘီဘီစီကို ပြောပါတယ်။
ဆွေးနွေးပွဲမှာ
အဓိကထား ဆွေးနွေးမယ့် အချက်တွေကတော့ တပ်နေရာ ချထားရေး ၊ ရှေ့တန်း
စစ်မျက်နှာပြင် စောင့်ကြည့်ရေး၊ စစ်ပြေး ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေး၊
နိုင်ငံရေး ဆွေးနွေးမှုတွေ ဆက်လုပ်သွားရေးနဲ့ အစိုးရ စီစဉ်နေတဲ့
တနိုင်ငံလုံး အပစ်ရေး ကိစ္စတွေအကြောင်း ဆွေးနွေးသွားဖို့ ရှိတယ်လို့
ဦးဆန်းအောင်က ပြောပါတယ်။
တပ်နေရာချထားရေး ကိစ္စနဲ့ ပတ်သက်လို့
ပြဿနာ ဖြစ်ပွားနေတဲ့ နေရာတွေကို မြေပုံတွေနဲ့ ပြထားတာ ရှိပြီး အရင်က
ဒီကိစ္စကို တံခါးပိတ် ဆွေးနွေးခဲ့ကြောင်း ၊ ဒီတခေါက်မှာတော့ တံခါးပိတ်
မဆွေးနွေးပဲ ဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ KIO က ကြိုတင် တင်ပြထားကြောင်း
ဦးဆန်းအောင်က ပြောပါတယ်။ ဒီဆွေးနွေးပွဲကို လေ့လာသူတွေအဖြစ်
တရုတ်ကိုယ်စားလှယ် ၅ဦး တက်ရောက်မှာ ဖြစ်ပေမယ့် UK နဲ့ အမေရိကန် နိုင်ငံတွေက
ကိုယ်စားလှယ်တွေတော့ တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အရင်
ဆွေးနွေးပွဲတွေတုန်းက တရုတ်ဘက်က ကန့်ကွက်ခဲ့တဲ့အတွက် အနောက်အုပ်စု နိုင်ငံ
ကိုယ်စားလှယ်တွေ မတက်ရောက်နိုင်ခဲ့ပဲ အခု တခေါက်မှာလည်း UK နဲ့ အမေရိကန်
ကိုယ်စားလှယ်တွေကို KIO ဘက်က ဖိတ်ကြားခဲ့ပေမယ့် အစိုးရဘက်က ဖိတ်ကြားတာမျိုး
မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီဆွေးနွေးပွဲကို KIO ဘက်က
ဦးစွန်လွတ်ဂမ်နဲ့အတူ ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင် ဇော်ရော်၊
ဗိုလ်မှူးကြီး ဇော်တောင်၊ ဦးနော်ထွဲ အပါအဝင် ခေါင်းဆောင် ၈ဦး ဦးဆောင်
တက်ရောက်မှာ ဖြစ်ပြီး အစိုးရဘက်ကတော့ ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု
အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့အတူ အစိုးရ စစ်တပ် ကာကွယ်ရေး
ဦးစီးချုပ်ရဲ့ အထူးအာဏာ လွှဲအပ်ခြင်း ခံထားရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး
မြင့်စိုး အပါအဝင် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ တက်ရောက်မယ် လို့ သိရပါတယ်။
ဘီဘီစီ - မြန်မာပိုင်း
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment