Friday, October 11, 2013
အမေရိကန်ပြည်ထောင်စုရဲ့ အကြွေးတွေမပျက်မကွက် ပေးဆပ်နိုင်ရေးအတွက်ရန်ပုံငွေကန့်သတ်ထားတာ ထက် တိုးပြီးသတ်မှတ်ရေး အလားအလာရှိတဲ့ လှုပ်ရှားမှုတွေကြာသပတေးနေ့က တွေ့ခဲ့ရပါတယ်။
အောက် လွှတ်တော် Republican အမတ်တွေက ရန်ပုံငွေ ကန့်သတ်ချက်ကို သီတင်း ၆ ပတ်
စာတိုးပေးဖို့ကမ်းလှမ်း လိုက်ပါတယ်။ ဒီကမ်းလှမ်းချက် အသေးစိတ်မှာ
ဘယ်အချက်တွေ ပါဝင်သလဲ ဆိုတာကိုတော့ ချက်ချင်းမ သိရသေးပါဘူး။သမ္မတအိုဘားမားကတော့ ဒီကမ်းလှမ်းချက်ကြောင့် အားတက်တယ်လို့ ဆိုတဲ့အကြောင်း
အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကပြောပါတယ်။ အောက် လွှတ်တော်မှာ
ခေါင်းအေးအေး ထားတဲ့ သူတွေက အနိုင်ရသွားပုံရတယ်လို့လည်း ဆိုပါတယ်။
ရန်ပုံငွေကန့်သတ်ချက်ကို ရေတိုတိုးပေမယ့် Republican တွေရဲ့
ကမ်းလှမ်းချက်တွေကို သမ္မတ အနေနဲ့ သဘောတူဖို့အလားအလာများပေမဲ့
ဘာခြွင်း ချက်မှပူးတွဲမထားမှသာ လက်ခံမှာဖြစ်တယ်လို့ Jay Carney
ကပြောပါတယ်။ သမ္မတ အိုဘားမားနဲ့ ရီပတ်ပလင်ပါတီခေါင်းဆောင်တွေဟာ
အိမ်ဖြူတော်မှာ ကြာသပတေးနေ့ ညနေခင်း က တွေ့ဆုံခဲ့ပေမဲ့
အစည်းအဝေးပွဲအပြီးမှာ ရီပတ်ပလင်ဘက်ကရော ဒီမိုကရက်တွေဘက်ကပါတစုံတရာ မှတ်ချက်ပေးခြင်းမရှိပါဘူး။အိမ်ဖြူတော်ကတော့ ဒီဆွေးနွေးပွဲကနေ ဆုံးဖြတ်ချက် မချနိုင်သေးပေမဲ့လို့
သမ္မတအနေနဲ့ ပါတီနှစ်ရပ်စလုံးက ခေါင်းဆောင်တွေနဲ့ တိုးတက်မှုရှိအောင်
ဆက်ပြီးဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ John
Boehner ရဲ့ရုံးက သမ္မတနဲ့ဆွေးနွေးပွဲဟာ အပြု သဘောဆောင်တဲ့ အကြောင်း
ဒီဝါရှင်တန်ည ဒီအချိန်မှာ ဆက်ပြီးတော့ ဆွေးနွေးသွားမယ်လို့ပြောပါတယ်။ ဒီမိုကရက်တစ်ပါတီ လူများစုခေါင်းဆောင် Harry Ried ကတော့ Republican တွေရဲ့
ကမ်းလှမ်း ချက်ထဲ မှာ လေနဲ့အတူ ဘာတွေပါ လာမလဲ ဆိုတာ
စောင့်ကြည့်နေတယ်လို့ပြောပါတယ်။ အစိုးရ လုပ်ငန်းတွေ ပြန် လည်ပတ်နိုင်မှသာ
Republican တွေ နဲ့ စေ့စပ်ဆွေးနွေးနိုင်မယ်လို့လည်း Harry Ried ကပြောပါတယ်။
အစိုးရလုပ်ငန်း အများစု ရပ်ဆိုင်းထားရတာ ဒီနေ့ ၁၂ ရက်မြောက်ခဲ့ပြီး
တနိုင်ငံလုံး ဂယက်ရိုက်နေပါတယ်။ ရန်ပုံငွေ ကန့်သတ်ချက်တိုးပေမယ့် အလားအလာကြောင့် ကြာသပတေးနေ့ အမေရိကန် အစုရှယ်ယာဈေး ၂% ကျော် ထိုးတက်ခဲ့ပါတယ်။
VOA
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment