ရခိုင်ပြည်နယ်မှာ
လူတွေ အတော်များများသေဆုံးပြီးတော့ အိမ်ခြေ တထောင်ကျော် မီးရှို့ခံခဲ့
ရတာကို ကြည့်မယ်ဆိုရင် အခြေခံအကြောင်းရင်း တွေကို ဖြေရှင်းဖို့ လိုအပ်နေတယ်
ဆိုတာ ပြသ လိုက်တာပဲဖြစ် တယ်လို့ ဆိုပါတယ်။“ဗုဒ္ဓဘာသာနဲ့
မူဆလင်အဖွဲ့အစည်းတွေကြား ဖြစ်ပွားနေတဲ့ တင်းမာ မှုတွေနဲ့
ပဋိပက္ခတွေအတွက် အရိုးစွဲနေတဲ့ ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုတွေ
မုန်းတီးမှုတွေ အပါအဝင် အခြေခံ အကြောင်းအရင်းတွေကို အစိုးရက
ကိုင်တွယ်ဖြေရှင်းရမယ်လို့ ကျနော်ယုံကြည်ပါ တယ်။
Friday, October 26, 2012
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှုမရှိကြောင်း SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှုမရှိကြောင်း SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်)ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက Eleven Media Groupသို့ ပြောပါသည်။ဦးခွန်ထွန်းဦး သည် အောက်တိုဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော SNLD တည်ထောင်ခြင်း (၂၄)နှစ်ပြည့်
အထိမ်းအမှတ် မိတ်ဆုံစားပွဲတွင် Eleven Media Group နှင့် တွေ့ဆုံရာ၌
ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပဋိပက္ခနှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်က မှတ်တမ်းတင်
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေး ကော်မတီက ဆွေးနွေးဆုံးဖြတ်ပြီး ပန်းတနော်မြို့နယ်က ဦးမောင်မောင်ဥာဏ် တင်သွင်းတဲ့ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ အရေးကြီး
အဆိုကို အမတ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ပေမယ့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့် သွားမှာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ရခိုင်ပဋိပက္ခ ကြိုးကိုင်လှုပ်ရှားသူများကို အရေးယူမည်
ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့
နိုင်ငံတော် သမ္မတ ရုံးကလည်း ဒီကနေ့ အသိပေး ကြေညာချက်တစောင်
ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အကြမ်းဖက်မှုတွေ တိုးလာတဲ့အပေါ်မှာ ကုလသမဂ္ဂ ကလည်း
အထူး စိုးရိမ်တဲ့အကြောင်းနဲ့ အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်း
ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက
အပြည့်စုံ ပြောပြပေးထားပါတယ်။
Thursday, October 25, 2012
အပစ်ရပ်ဖို့ ဆီးရီးယားအစိုးရနဲ့ သူပုန်သဘောတူ
သောကြာနေ့မှာစတင်မယ့် Eidal-Adah ပွဲတော်ကာလအတွင်း အပစ်အခတ်ရပ်စဲထားဖို့
ဆီးရီးယားအစိုးရ နဲ့ သူပုန်အဖွဲ့တချို့က သဘောတူလိုက်ကြပြီလို့
နိုင်ငံတကာသံတမန် Lakhdar Brahimi က ပြောပါတယ်။
၈၈၈၈ အထိမ်းအမှတ် ရုပ်ရှင်ကား ရိုက်ကူးမည်
၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမပေါ်၌ ပြည်သူလူထု ထောင်ပေါင်းများစွာ စုဝေးဆန္ဒပြနေကြစဉ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ် ၊ ရှစ်လေးလုံး
နိုင်ငံရေး အပြောင်းအလဲ အကြောင်း ကို အခြေခံပြီး ရိုက်ကူးမယ့် ''ချွန်စေ
မြစေသော'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား အကောင်အထည်ဖော် ရိုက်ကူးသွားဖို့
စီစဉ်နေတယ်လို့ သိရပါတယ်။
ကန် ဒု-ဘဏ္ဍာရေး ဝန်ကြီး မြန်မာနိုင်ငံရောက်
မြန်မာနိုင်ငံ၊ ဘဏ္ဍရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ
အကူအညီပေးဖို့အတွက် အမေရိကန် ဒုတိယဘဏ္ဍာရေးဝန်ကြီး Neal Wolin ဟာ နှစ်ရက်ကြာ
ခရီးစဉ်အဖြစ်နဲ့ ဒီကနေ့ပဲ မြန်မာနိုင်ငံ ကို ရောက်လာပါတယ်။
သမ္မတရဲ့ စတုတ္ထအကြိမ်လွှတ်တော်သဝဏ်လွှာ ပြန်ရုပ်သိမ်း
ရခိုင်ပြည်နယ်မှာ ဂျွန်လကနေ သြဂုတ်လအထိ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့
ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် စတုတ္ထ
ပုံမှန်အစည်းအဝေးထံ ပေးပို့ခဲ့တဲ့ သဝဏ်လွှာကို ပြန် လည်ရုပ်သိမ်းဖို့
ပြန်လည်ကျင်းပနေတဲ့ ပဉ္စမအကြိမ် ပြည်ထောင်စုလွှတ်တော်ကို သမ္မတရုံးကနေ
အကြောင်းကြားလိုက်ပါတယ်။
ကွန်ယက်များစုပေါင်း၍ ပြည်သူ့ဝန်ထမ်းနှစ်ဦးအတွက် သတင်းထုတ်ပြန်
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားများမိသားစုအကျိုးဆောင်ကွန်ယက်၊မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်
ကျောင်းသားများကွန်ယက်၊
စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်၊
မိတ္ထီလာမြို့ပြည်သူ့အကျိုး
ဆောင် ကွန်ယက်နှင့်
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်
လက် ပတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သတ်သော ပြည်သူ့ရဲဝန်ထမ်းနှစ်ဦးအတွက် သတင်းထုတ်ပြန်ကြေငြာချက်
ပြည်သူလူထုတရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနေသော
ပြည်သူ့လုံခြုံရေးကို တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးနေ သော
မြန်မာနိုင်ငံရဲဝန်ထမ်းများသည် ပြည်သူ့လုံခြုံရေးဝန်ထမ်းများသာ ဖြစ်သည်။
တိုင်းပြည်၏ကာကွယ်ရေးသည် တပ်မတော်ဖြစ်ပြီး နိုင်ငံသားများ၏ ဘဝလုံခြုံမှုကို
ကာကွယ်နေသော အဖွဲ့မှာ ပြည်သူ့ရဲဝန်ထမ်းများ ဖြစ်သည်။
ပြည်သူ့ရဲဝန်ထမ်းများသည် တစ်ဦးတစ်ယောက်၊ လူမျိုးတစ်စု အတွက် ဘယ်သောအခါမှ
မကြည့်သော ပြည်သူကို ကျောမခိုင်းသော ပြည်သူ့ဝန်ထမ်းများဖြစ်သည်။
စစ်ကိုင်းတိုင်း၊
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ
လက်ပန်တောင်းတောင်တောင်ခြေ တွင် မြေသိမ်း တိုက်ပွဲဆင်နွှဲနေမှုကို တားဆီးဖြိုခွဲရန်အတွက် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် နှင့်
မြန်မာဝမ်ဘိုမိုင်းနင်း
ကော်ပါးလီမီတက်တို့မှ ပြည်သူ့ရဲဝန်ထမ်းများကို
ကုမ္ပဏီအတွက်လုံခြုံရေးချထားသည်။
အစိုးရ ငြိမ်းအဖွဲ့ နှင့် KIO တို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ပြန်တွေ့မည်
ချင်းမိုင် ။ ။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း
ဦဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာလ ၃ဝ ရက်နေ့တွင် တရုတ်နိုင်ငံ ၊
ရွှေလီမြို့ ၌ ပြန်လည်တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။
ရွှေလီမှာဆွေးနွေးဖို့ KIO နဲ့အစိုးရသဘောတူ
မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနဲ့ KIO တို့ မတ်လ ၈ ရက်နေ့က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံခဲ့ကြစဉ်။
သေနတ်သံတွေမစဲသေးတဲ့ ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA
ကချင်လွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲတွေကတော့ ဆက်ပြီး ဖြစ်နေဆဲပါ။
ဒီတိုက်ပွဲတွေရပ်စဲသွားရေး နှစ်ဘက်ကြား ဆွေးနွေးမှုတွေ အချိန်အတန်ကြာ
ရပ်ဆိုင်းနေပေမဲ့လို့ မကြာခင်မှာတော့ KIA နဲ့ မြန်မာအစိုးရတို့ကြားမှာ
ဒီဆွေးနွေး ပွဲ
တွေ ပြန်စလာဖို့ရှိတဲ့အကြောင်း KIO ဌာနချုပ်ကိုသွားရောက်ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်
တွေက ပြောလိုက်ပါတယ်။
ကျောက်ဖြူမြို့မှာ မီးရှို့မှုတွေ ဖြစ် ၊ သေဆုံးမှုရှိ
၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က စစ်တွေမြို့ရှိ ရပ်ကွက်များတွင် အပြန်အလှန် မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ အောက်တိုဘာလ ၂၃ ရက်ည ၇
နာရီကျော်လောက်ကစပြီး အပြန် အလှန် မီးရှို့မှုတွေ ဖြစ်ပွားခဲ့ရာမှာ
အောက်တိုဘာလ ၂၄ ရက် ဒီကနေ့ မနက် ၈ နာရီလောက်မှာလည်း ထပ်မံ
ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ကျောင်းသား တစ်ထောင်ခန့် ဆန္ဒပြ
ရခိုင်ပြည်နယ် တက္ကသိုလ်ကျောင်းလေးကျောင်းက ကျောင်းသား/ကျောင်းသူ
၁၀၀၀ ခန့် စုပေါင်း ပြီး အောက်တိုဘာလ ၂၄ ရက် ဒီကနေ့မနက်ပိုင်းက
လောကနန္ဒာဘုရားကနေ ဦးဥတ္တမ ပန်းခြံထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတယ်လို့
သိရပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ တောင်းဆိုခဲ့တဲ့ အချက်တွေကို ရခိုင်ပြည်နယ်
ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး
ကော်မတီ (ယာယီ) မှ ကိုဝေယံကျော်က RFA ကို
အခုလို ပြောပြပါတယ်။
“…ဗူးမင်ကျေးရွာရယ် ၊ ကတ္တီပါကျေးရွာတွေကို အမြန်ဆုံး
ပြောင်းရွှေ့ပေးပါရန်၊ လိုအပ်တဲ့ သင်ကြားမှု ပစ္စည်းတွေကို ဖြည့်ဆီးပေးပါရန်၊
….တရားမ၀င် နယ်မြေလုလာတဲ့ အကြမ်းဖက် ဘင်္ဂလာလီလူမျိုးတွေ နဲ့ အတူတကွ
ပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန် ၊ ကျောင်းသားများ နေထိုင်နိုင်သည့်
အဆောင် များ အမြန်ဆုံး ဆောက်လုပ်ပေးရန် နှင့် ကျောင်းဖယ်ရီကားများကို
ပြည်နယ်အစိုးရ အနေနဲ့ ဈေးနှုန်း ချိုသာစွာ ဆောင်ရွက်ပေးရန်တို့ဖြစ်ပါတယ်…”
ဒီဆန္ဒပြပွဲကို ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်နဲ့
ဝိဇ္ဇာ၊ သိပ္ပံ တက္က သိုလ် တွေက ကျောင်းသား/ကျောင်းသူတွေ ပူးပေါင်း
ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် ။ ကျောင်းသားတွေ ဟာ နိုင်ငံတော်သမ္မတဆီကိုပေးပို့ထားတဲ့ တောင်းဆိုချက်ငါးချက်ကို ဖော်ပြထားတဲ့
လက်ကိုင်ပိုစတာတွေ ကိုင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာပါ ဆန္ဒပြဖို့ တောင်းဆိုထားပေမယ့်
ဒေသဆိုင်ရာ အာဏာပိုင်တွေက အဲဒီ
ရှေ့ မှာ ဆန္ဒပြခွင့်မပြုခဲ့တာကြောင့်
ဦးဥတ္တမပန်းခြံကိုသာ သွားရောက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Sunday, October 21, 2012
• လကမ္ဘာလမ်းပေါ်က အလှူအတန်း မရက်ရောနိုင်ပါဗျာ
ကျွန်တော်တို့နေစဉ် သွားလာနေကြရတဲ့ မြ၀တီ-ကောကရိတ်လမ်း (ဒေါနတောင်လမ်း)ကြီးရဲ့ ကြီးမာတဲ့ သမိုင်းအစဉ်အလာတွေကတော့ ပြောမကုန်ပါဘူး။ ဒါပေမယ့်
လမ်းပြင်မယ်ဆိုပြီး လမ်းကြေးကောက်တဲ့ ကုမ္ပဏီကကောင်းလေးတွေကတော့ အလျှော့မပေး
လမ်းကြေး ကောက်ပြီး အကြွေပြန်မအမ်းတာက အကျင့်ပါနေပါပြီ။
“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၄၂) – Mar Mar Aye
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
KWAG ဒါရိုက်တာ သြစတြေးလျား ခရီးစဉ် ပြီးဆုံး
အပြည်ပြည်ဆိုင်ရာလူမှုကူညီရေးအဖွဲ့အစည်းဖြစ်သည့် World Vision၏
ဖိတ်ကြားမှုဖြင့် သြစတြေးလျနိုင်ငံ သို့ အောက်တိုဘာ ၁၀ရက်နေ့ကရောက်ရှိခဲ့သောကရင်အမျိုးသမီးလှုပ်ရှားမှုအဖွဲ့(KWAG)ဒါရိုက်တာ နော်စူ
စဲန်နာလှလှစိုး၏ သြစတြေးလျားခရီးစဉ်မှာ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင်
ပြီးဆုံးသွားပြီဖြစ်သည်။
မနန်းခင်ဇေယျာသို့
မြန်မာ့အပြုံး
ကမ္ဘာတခုလုံး
အုံးအုံးကျွတ်ကျွတ်
နှလုံးလှပ်အောင်ပေါ့
…. …..
….. …. …..
ယှဉ်ပြ ဆင်ပြလိုက်ပါ ညီမလေးရေ။
ကမ္ဘာတခုလုံး
အုံးအုံးကျွတ်ကျွတ်
နှလုံးလှပ်အောင်ပေါ့
…. …..
….. …. …..
ယှဉ်ပြ ဆင်ပြလိုက်ပါ ညီမလေးရေ။
မြန်မာဆိုတာ
ကမ္ဘာကိုပတ်
အသပြာအတွက်
နေ့ကုန်ညစုံ အလုပ်လုပ်
အဲဒီလို အရိုးထုတ်ခဲ့ရပေမယ့်
ပီသ ကြည်မြ လူပီသတဲ့အလှ
တို့ဗီဇမှာရှိတယ်။
မျိုးအဆက်ဆက် အမှောင်ဖုံး
စစ်မြေပြင်ထက် အချိန်ဖြုန်း
အဲဒီလို ဆုံးရှုံးခဲ့ရပေမယ့်
လေပြေအသော့
ရွှေရင်မော့
အော်ဟစ်သီကြွေး
ဒါ မြန်မာ့သွေးဖြစ်မယ်။
မြန်မာတို့ရဲ့ဒေါင်း
ပြည်သူတွေရဲ့ လအကြောင်း
ကမ္ဘာကိုတင်ပြ
ဘဝင်ကျပါရစေ ညီမလေးရယ်။
မြန်မာ့အပြုံး
ကမ္ဘာတခုလုံး
အုံးအုံးကျွတ်ကျွတ်
နှလုံးလှပ်အောင်ပေါ့
…. …..
….. …. …..
ယှဉ်ပြ ဆင်ပြလိုက်ပါ ညီမလေးရေ ….။
ကမ္ဘာကိုပတ်
အသပြာအတွက်
နေ့ကုန်ညစုံ အလုပ်လုပ်
အဲဒီလို အရိုးထုတ်ခဲ့ရပေမယ့်
ပီသ ကြည်မြ လူပီသတဲ့အလှ
တို့ဗီဇမှာရှိတယ်။
မျိုးအဆက်ဆက် အမှောင်ဖုံး
စစ်မြေပြင်ထက် အချိန်ဖြုန်း
အဲဒီလို ဆုံးရှုံးခဲ့ရပေမယ့်
လေပြေအသော့
ရွှေရင်မော့
အော်ဟစ်သီကြွေး
ဒါ မြန်မာ့သွေးဖြစ်မယ်။
မြန်မာတို့ရဲ့ဒေါင်း
ပြည်သူတွေရဲ့ လအကြောင်း
ကမ္ဘာကိုတင်ပြ
ဘဝင်ကျပါရစေ ညီမလေးရယ်။
မြန်မာ့အပြုံး
ကမ္ဘာတခုလုံး
အုံးအုံးကျွတ်ကျွတ်
နှလုံးလှပ်အောင်ပေါ့
…. …..
….. …. …..
ယှဉ်ပြ ဆင်ပြလိုက်ပါ ညီမလေးရေ ….။
မြို့နယ်အုပ်ချုပ်ရေးမှူးဒိုင်းဘော်လုံးပွဲကို လူထုထံ ငွေကောက်ပြီး ကျင်းပ
ယခုလ ၁၅ ရက်မှ စတင်ကျင်းပသည့် ချင်းပြည်နယ် မတူပီမြို့နယ်
အုပ်ချုပ်ရေးမှူးဒိုင်း ဘော်လုံးပွဲ ကို ဒေသခံ ပြည်သူတွေ ထံမှ
ငွေကောက်ပြီး ကျင်းပကြောင်းသိရသည်။
ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်
“ကျနော်တို့ကွမ်းယာ လူကြိုက်များတဲ့ အဓိကအချက်က ထုံးပဲဗျ” လို့
ကွမ်းတမြုံ့မြုံ့ဝါးနေတဲ့ အသက် ၃၅ နှစ်ဝန်းကျင်ရှိ “မိုးစံပယ်”
ကွမ်းယာဆိုင် ပိုင်ရှင် ကိုဇာနည်က ကွမ်းယာ အယာ ၂၀ ကျော်လောက်ကို
ခုံပေါ်မှာဖြန့်ယာနေရင်း ရှင်းပြပါတယ်။
နိုင်ငံတော်သမ္မတအကြံပေးနှင့်ဒီမိုကရေစီမိတ်ဆွေပါတီများ တွေ့ဆုံပွဲ
၂၀၁၂ခုနှစ် အောက်တိုဘာ ၂၀ရက်နေ့ နံနက်၉နာရီခွဲအချိန်တွင် ဗဟန်းမြို့နယ်
ချင်းတွင်းလမ်း မှ နိုင်ငံတော်သမ္မတအကြံပေးရုံး၌ သမ္မတအကြံပေး ဦးကိုကိုလှိုင်
နှင့် ဒေါက်တာနေဇင်လတ်တို့သည် ဒီမိုကရေစီမိတ်ဆွေပါတီ(၁၁)ခုတို့နှင့်တွေ့ဆုံကာ ပြည်သူများ၏အခက်အခဲများကို မေးမြန်းခဲ့သည်ဟု သိရှိရသည်။
တရုတ်ကုမ္ပဏီများ ဒေသခံများ၏ ယုံကြည်မှုရအောင် ကြိုးပမ်းလာ
ယခုနှစ်
သြဂုတ်လအတွင်းက စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်
လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက် အသိမ်းခံထားရသည့်မြေများ ပြန်ရရှိရေး
အတွက် မူရင်းယာပိုင်ရှင် တောင်သူများက “ယာသိမ်းတိုက်ပွဲ” ဆင်နွှဲနေစဉ်
(ဓာတ်ပုံ – OpenSociety / Facebook)
မြန်မာပြည်တွင် ဝင်ရောက်လုပ်ကိုင်နေသော တရုတ်စီမံကိန်းများသည် ယခင်
စစ်အုပ်ချုပ်ရေး လက်ထက် က ပြုလုပ်ခဲ့ဖူးခြင်း မရှိသည့် အရပ်ဘက်
လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် ဆွေးနွေးမှု၊ စီမံကိန်း
အထမြောက်စေရန် တွေ့ဆုံကြိုးပမ်းမှုများ လုပ်နေသည်ဟု သိရသည်။
OIC ကန့်ကွက်ပွဲ မင်းပြားတွင် လူပေါင်း သိန်းချီပါဝင်
တကိုယ်တော်ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ကူညီသူ ၂ ဦး တရားစွဲခံရ
အကြမ်းဖက်မှုတွေကြောင့် လက်ဘနွမ်အစိုးရ အရေးပေါ်အစည်းအဝေး ခေါ်ယူ
လက်ဘနွမ် နိုင်ငံမှာ သောကြာနေ့က ရဲ ထောက်လှမ်းရေးမှူး သေဆုံးခဲ့ရတဲ့
ကားဗုံးဖောက်ခွဲမှုကို အကာ အကွယ် မပေးနိုင်ခဲ့တဲ့အတွက် ၀န်ကြီးချုပ် Najib
Mikati က သူ နှုတ်ထွက်မယ်လို့ ကမ်းလှမ်းလိုက် ပါတယ်။ ဒါပေမဲ့ သမ္မတက သူ့ရဲ့
နှုတ်ထွက်လွှာကို ခွင့်မပြုဘူးလို့ ဆိုပါတယ်။
အလုပ်သမားဆန္ဒပြပွဲတွေ ခွင့်ပြုချက်ရ
၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်က ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြနေကြစဉ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာ နဲ့
လှိုင်သာယာမြို့နယ် တွေက အလုပ်သမား သမဂ္ဂအဖွဲ့အစည်းတွေက သက်ဆိုင်ရာ
မြို့နယ်အသီးသီးမှာ ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားတာကို အာဏာပိုင်တွေကက
ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
ငြိမ်းချမ်းရေး အမှတ်တံဆိပ်တွေကို ဖားကန့်ဒေသ တခုလုံးကပ်ထားမည်
အောက်တိုဘာလ ၂၄ ရက် ကမ္ဘာ့ကုလသမဂ္ဂနေ့ (ကုလသမဂ္ဂက မနှစ်ကထုတ်ပြန်တဲ့ ဓါတ်ပုံ)
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အောက်တိုဘာလ ၂၄ ရက်နေ့ ကျရောက်မယ့်
ကမ္ဘာ့ကုလသမဂ္ဂနေ့ မှာ ငြိမ်းချမ်းရေးအထိမ်းအမှတ် စာသားတွေပါတဲ့ ကပ်ခွာတွေ
နေရာအနှံ့ကပ်ကြမယ်လို့သိရပါတယ်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-


