မူလစာမျက်နှာ
သတင်း
ဆောင်းပါး
အိတ်ဖွင့်ပေးစာ
NLD
၈၈ မျိုးဆက်
ကာတွန်း
နိုင်ငံတကာရေးရာ
စီးပွားရေးသတင်း
နည်းပညာ
အထူးသတင်း
အနုပညာ
ဓာတ်ပုံ
အထွေထွေ
Saturday, November 22, 2014
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗွီအိုအေနဲ့ ပထမဦးဆုံး သီးသန့် တွေ့ဆုံမေးမြန်းခန်း (သတင်းဓါတ်ပုံများ)
ဆက်လက်ဖတ်ရှုရန် »
ဖွဲ့စည်းပုံပြင်ရေးအပေါ် ဗိုလ်ချုပ်မှူးကြီးအမြင်
လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) အပါအဝင် ပြုပြင်ရေးကိစ္စတွေမှာ တပ်မတော်အနေနဲ့ မပြုပြင်ရေးဘက်က ရပ်တည်ခဲ့ရတဲ့အကြောင်း ရင်းတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗွီအိုအေနဲ့ ပထမဦးဆုံး သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဝန်ကြီးများနှင့် တွေ့ဆုံမည့် အစီအစဉ်ကို ကျန်းမာရေး အခြေအနေကြောင့် ထိုင်းဘုရင် ပယ်ဖျက်
ကျန်းမာရေး အခြေအနေ ဆိုးရွားနေခြင်းကြောင့် ထိုင်းဘုရင် ဘူမီဘိုလ် အဒူလ်ယာဒက်ဂ်ျ အနေဖြင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆ
ုံရန် ချိန်းဆိုထားမှုကို ပယ်ဖျက်လိုက်ရသည်။ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာ၏ အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးသည် သက်တော် (၈၆)နှစ် ရှိပြီဖြစ်သည့် ဘုရင်မင်းမြတ်ထံတွင် သစ္စာခံယူရန် နိုဝင်ဘာ (၂၁)ရက်က စီစဉ်ထားသော်လည်း ကမ္ဘာ့နန်းသက် အရှည်ဆုံး ဘုရင်ကြီး အနေဖြင့် ၎င်းတို့ကို တွေ့ဆုံနိုင်ခဲ့ခြင်း မရှိကြောင်း နန်းတော် အသိုင်းအဝိုင်းက ပြောကြားခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
မာဒါဂါစကာတွင် ပလိပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် လူ(၄၀)ကျော်သေဆုံး
မာဒါဂါစကာ နိုင်ငံတွင် ပလိပ်ရောဂါတစ်ရပ် ပျံ့နှံ့ဖြစ်ပွားခဲ့ရာ လူပေါင်း(၈၀)ကျော် ကူးစက်ခံရပြီး (၄၀)မျှ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အာဖရိကတိုက်
အရှေ့တောင်ဘက်ရှိ ကျွန်းနိုင်ငံလေး၏ မြို့တော် အန်တာနာနာရီဗို အနီးတဝိုက်တွင် ပလိပ်ရောဂါ ပျံ့နှံ့မှု လျင်လျင်မြန်မြန် ဆက်လက် ဖြစ်ပွားနေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေး ချက် ထုတ်ပြန်ခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
တောင်တရုတ်ပင်လယ်အတွင်း လေယာဉ်ကွင်း တည်ဆောက်ရန် တရုတ်စီစဉ်နေဟု အမေရိကန်စစ်ဘက်ဆို
တောင်တရုတ် ပင်လယ်ပြင်အတွင်းရှိ သန္တာကျောက်တန်း တစ်ခုပေါ်တွင် တရုတ်နိုင်ငံက လေယာဉ်ကွင်းတစ်ခု တည် ဆောက်ရန် ပြင်ဆင်နေသည်ဟု ယုံကြည်ရကြောင်
း အမေရိကန် စစ်ဘက်က ပြောကြားလိုက်သည်။ တောင်တရုတ် ပင်လယ်၏ အစိတ်အပိုင်း အများစုကို တရုတ်က ၎င်းတို့ပိုင်နက် အဖြစ် သတ်မှတ်ထားရာ ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
(၂၀၁၅)ခုနှစ်တွင် အီဘိုလာ ကူးစက်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဟု ဘန်ကီမွန်းပြောကြား
အနောက်အာဖရိကတွင် ပျံ့နှံ့ကူးစက်နေပြီး တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေ သည့် အီဘိုလာ ရောဂါကို (၂၀၁၅)ခုနှစ်တွင် ထိန်းချုပ် ဟန့်တား
နိုင်မည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ပြောကြားလိုက်သည်။တောင်ကို ရီးယား နိုင်ငံသား ဘန်က ယခုနှစ်အတွင်း လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့ခဲ့သည့် အီဘိုလာ၏ အရှိန်အဟုန်သည် တဖြ ည်းဖြည်း ကျဆင်းလာနေကြောင်း ဆိုသည်။
ဆက်လက်ဖတ်ရှုရန် »
လက်နက်ကြီး ကျရောက်မှုအပေါ် UPWC အမြန်ဆုံး ညှိနှိုင်းပေးရန် ကေအင်န်ယူ တောင်းဆို
ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ကေအိုင်အေ ဗိုလ်သင် တန်းကျောင်းပေါ်သို့ လက်နက် ကြီး ကျည်ကျရောက်မှု အပေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) အနေဖြင့် လိုအပ်သလို အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ရန် ကရင်အမျိုးသား အစည်းအရုံး (KNU) က နိုဝင်ဘာ၂၁ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
တူရကီဝန်ကြီးချုပ် အီရတ် စစ်စခန်းတခုကို သွားရောက်ကြည့်ရှု
တူရကီ ၀န်ကြီးချုပ် အာမက် ဒါဗူတက်ဂလူဟာ အီရတ်နိုင်ငံ မြောက်ပိုင်းက ဒိုင်ယာနာ မြို့မှာရှိတဲ့ စစ်စခန်း တခုကို မနေ့က သွားရောက်ကြည့်ရှုပြီး ပက်မာဂါ တပ်ဖွဲ့ဝင်တွေကို သင်တန်းပေးနေတဲ့ တူရကီ စစ်သား တွေနဲ့ တွေ့ဆုံပါတယ်။
ဆက်လက်ဖတ်ရှုရန် »
မလေးရှား၌ တရားမ၀င် နေထိုင်သူများ ဖမ်းဆီးမှု မြန်မာများ စိုးရိမ်နေ
မလေးရှားနိုင်ငံအတွင်း တရားမ၀င် နေထိုင်ကြသည့် ပြည်ပနိုင်ငံသားများကို စီမံချက်အသစ်ဖြင့် အင်အား သုံး ဖမ်းဆီးမှုများ ဒီဇင်ဘာလဆန်းပိုင်းတွင် လုပ်ဆောင်မည် ဖြစ်၍ အထောက်အထားမဲ့ မြန်မာနိုင်ငံသား များ စိုးရိမ်နေကြကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် »
လွှတ်တော် ကိုယ်စားလှယ်များ ၂၀၁၅ တွင် လစာ တိုးမည်
ပြည်သူ့ လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များ၏ အသုံးစရိတ် တိုးမြှင့် ခံစားရမည့် ဥပဒေကြမ်းအရ ၂၀၁၅ ခုနှစ်တွင် လစာငွေ ကျပ် ၁၀ သိန်း ရရှိမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုရန် »
အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး ကြန့်ကြာဦးမည်
၂၀၁၃ ခုနှစ် ကတည်းက အစိုးရပိုင်းက ဦးဆောင်ကာ ဆွေးနွေးနေသည့် အလုပ်သမားများ၏ အနည်းဆုံး လုပ်ခလစာ အပြီးသတ် သတ်မှတ်နိုင်ရေး ကိစ္စသည် ဆွေးနွေးပွဲများနှင့်သာ ခရီးဆက်နေဆဲဖြစ်ပြီး အတည်ပြုနိုင်ရေးမှာ အလှမ်းဝေး ကြန့်ကြာနေသည်။
ဆက်လက်ဖတ်ရှုရန် »
ကျားဖြူပါတီ ဒု ဥက္ကဋ္ဌ သေဆုံးမှု အရေးယူခြင်း မရှိပါက ဆန္ဒပြမည်
ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ရသည့် ဟိုပုံးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ဒုဥက္ကဋ္ဌ ဦးစိုင်းရွှေ အမှုနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့က တစုံတရာအရေးယူ ဆောင်ရွက် ပေးခြင်းမရှိပါက လာမည့် ဒီဇင်ဘာလ အတွင်း ဆန္ဒထုတ်ဖော် သွားမည်ဖြစ် ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် »
နှင်းမုန်တိုင်းကြောင့် နေအိမ်အတွင်း လေးရက်ကြာ ပိတ်မိနေသူ လွတ်မြောက်လာ
အမေရိကန် ပြည်ထောင်စု အမျိုးသား စောင့်ရှောက်ရေး များသည် နယူးယော့ခ် ပြည်နယ်၊ ဘတ်ဖဲလိုး မြို့ရှိ နေအိမ် တစ်လုံးအတွင်း ပြီးခဲ့သည့် ရက်ပိုင်းက ပြင်းထန်စွာ တိုက်ခတ်ခဲ့သည့် နှင်းမုန်တိုင်းကြောင့် ပိတ်မိ နေခဲ့သည့် အမျိုးသားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
အီရန်နျူကလီးယား ဆွေးနွေးပွဲ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်
သြစတြီးယားနိုင်ငံ ဗီယန်နာမြို့မှာ ပြုလုပ်နေတဲ့ အီရန် နျူကလီးယားအရေး P5+1 အစည်းအဝေးမှာ သဘောထားကွဲလွဲချက် ကွာဟနေတုန်းပဲလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဟမ်မွန်က နိုဝင်ဘာ
၂၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ကိုပါကြီးဇနီး လူ့အခွင့်အရေးကော်မရှင်ကို ကန့်ကွက်စာ ပို့မည်
ကိုပါကြီး အသတ်ခံရမှုကို စုံစမ်းစစ်ဆေးနေတဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကိုပါကြီးရဲ့ ဇနီး ဖြစ်သူ ဒေါ်သန္တာကို နိုဝင်ဘာ ၂၅ နောက်ဆုံးထားပြီး ထွက်ဆိုချက်ပို့ပေးဖို့ အကြောင်းကြား စာပေးပို့ ထားပြီး ကာယကံရှင်ဘက်က ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပြန်ပို့မယ်လို့ သိရပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေကို ရွေးကောက်တင်မြှောက်ပါ
ဗဟိုနဲ့ ပြည်နယ်တိုင်းအစိုးရတွေကြား အာဏာခွဲဝေမှု ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေကပဲ ရွေးကောက်တင်မြှောက်ဖို့ ဖွဲ့စည်းပုံမှာ ပြင်ဆင်ရေးဟာ ပြည်ထောင်စုစနစ်အတွက် အရေးကြီးတယ်လို့ ကျားဖြူပါတီက နိုဝင်ဘာ ၂ဝမှာ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
သိပ္ပံနှင့်နည်းပညာ ကျောင်းသားများ စည်းကမ်းဖောက်ဖျက်မှု စာရင်းထုတ်ပြန်
မန္တလေး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများတွင် ၂၀၁၃-၁၄ ခုနှစ်၊ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသေ
ာ ကျောင်းသူ/ကျောင်းသားများ၏ ယာဉ်မတော် တဆ ဖြစ်ပွားမှုများ၊ ခိုက်ရန်ဖြစ်ပွား မှုများ၊ ကျောင်းစည်းကမ်း ဖောက်ဖျက်မှု များနှင့် အခြားသော မတော်တဆ ဖြစ်ပွားမှုများကို သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်ထားသည်ဟု နည်းပညာ တက္ကသိုလ် (မန္တလေး) မှ သိရသည်။
ဆက်လက်ဖတ်ရှုရန် »
တပ်မတော်ရပ်တည်ချက် ပြောင်းရန်လိုပြီဟု ဦးကိုကိုကြီးပြော
ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တိုင်းရင်းသားအရေးကိစ္စများ ဖြေရှင်းခြင်း၊ ညှိနှိုင်းခြင်း ဆောင်ရွက်ရာတွင် တပ်မတော်၏ ရပ်တည်မှု အပြောင်းအလဲ လုပ်သင့်ပြီဟု ၈၈ မျိုးဆက်၊ ငြ
ိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး က သုံးသပ်လိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
သွားကိုက်ခြင်းအတွက် သဘာဝဆေးနည်းများ
သွားနာ၊ သွားကိုက်ခြင်းများနဲ့ပတ်သက်ပြီး သဘာဝဆေးနည်းများကို မကြာခဏ တောင်းဆိုလာကြသူများအတွက် မျှဝေ ပေးလိုက်ပါတယ်။
(၁) တမာရွက်ကို ကျွမ်းအောင်လှော်၍ အမှုန
့်ကြိတ်ပြီး ဆားအနည်းငယ်နှင့်အတူ သွားတိုက်ပေးသော် သွားကိုက်၊ သွားနာ စတဲ့ သွားရောဂါများ ကင်းဝေးစေ၍ သွားများကို ပိုမိုခိုင်မာလာစေပြီး ဖြူစင်စေပါသည်။
ဆက်လက်ဖတ်ရှုရန် »
ဝမ်းဗိုက်အဆီကျစေကျစေသည့် ပျားသံပုရာဖော်မြူလာ
ယခုအခါ လူကြိုက်များလာပြီး ပေါ်ပြူလာဖြစ်လာတဲ့ ၀မ်းဗိုက်အဆီချပေးနိုင်တဲ့ ပျားသံပုရာဖော်မြူလာကို မျှဝေပေးလိုက်ပါ တယ်။
( ပျားသံပုရာဖော်မြ
ူလာအတွက် ပါဝင်သောပစ္စည်းများ )
၁။ သံပုရာသီး
၂။ ပျားရည် (မွေးမြူရေးပျား မဟုတ်ပဲ သဘာဝပျားဆိုလျှင် ပိုကောင်းပါသည်)
၃။ ဆားအနည်းငယ်
ဆက်လက်ဖတ်ရှုရန် »
အသေခံ ဗုံးခွဲခံရမှုကြောင့် သေဆုံးခဲ့သော တက္ကသိုလ် ကျောင်းသူ၏ အမည်ဖြင့် ပညာသင်ဆု ပေးရန် အာဖဂန်တွင် စည်းရုံးလှုံ့ဆော်
နိုဝင်ဘာ ၁၆ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုတွင် သေဆုံးခဲ့သော အာဖဂန်အမျိုးသမီးငယ်တစ်ဦးမှာ
၎င်း၏ အမည် ဖြင့် ကျောင်းသူ ပညာသင်ဆု ပေးရေး ဖြစ်ပေါ်လာရန် စည်းရုံး လှုံ့ဆော်မှု၏ အဓိက အာရုံစိုက်စရာ ဖြစ်လာသည်။ အမျိုး သမီးအမတ် ရှပ်ခရီယာ ဘာရက်ဇိုင်းအား သတ်ဖြတ်ရန် ကြိုးပမ်းသည့် မအောင်မြင်သော အသေခံဗုံးခွဲသမား၏ တိုက်ခိုက် မှုကြောင့် ကဘူးလ် တက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်သည့် ကပ်ဒ်ရှားမှာ သေဆုံးသွား ခဲ့သည်။ ကပ်ဒ်ရှား၏ ဓါတ်ပုံများ လူမှုရေး မီဒီယာများတွင် ပျံ့နှံ့ခဲ့ပြီး အမျိုးသမီး ကျောင်းသူများ အတွက် ပညာသင်ဆု ခြောက်ဆု ပေးရန် လှုံ့ဆော်မှုများ ထွက်ပေါ် လာခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
မြန်မာ့ လူ့အခွင့်အရေး ကုလကော်မတီမှာ အတည်ပြု
မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက် တရပ်ကို ထောက်ခံမဲ ၉၈ မဲ၊ ကန့်ကွက်မဲ ၂၅ မဲ၊ ကြားနေ မဲ ၆၃ မဲနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာ နိုဝင်
ဘာလ ၂၁ ရက်၊ သောကြာနေ့က အတည်ပြုလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Microsoft ကုမ္ပဏီက စက်ရုပ် အစောင့်ချ
ငါးပေနီးပါးမြင့်ပြီး ပေါင် ၃၀၀ နီးပါးအလေးချိန်ရှိတဲ့ စက်ရုပ်အများအပြားကို အမေရိကန်ပြည်ထောင်စု၊ ဆီလီကွန် ဗဲလီးက Microsoft ကုမ္ပဏီဝင်းထဲမှာ လုံခြုံရေးအစောင့်တွေအဖြစ် ကင်းလှည့်စော
င့်ကျပ်ဖို့ မကြာသေးခင်က စပြီးအသုံးပြုပါတယ်။လေဆာတွေ၊ ကင်မရာတွေနဲ့ အာရုံခံကိရိယာအမျိုးမျိုး တပ်ဆင်ထားတဲ့ အလိုအလျောက်ရွေ့လျားတဲ့ စက်တွေကိုတော့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် ငလျင်ဒဏ်သင့်သူတွေကို ရှာဖွေတဲ့နေရာမှာ အသုံးပြုနေပါပြီ။
ဆက်လက်ဖတ်ရှုရန် »
အိမ်နီးချင်းတွေနဲ့ သင့်မြတ်ဖို့ တရုတ် ကြိုးပမ်းလာ
အိမ်နီးချင်းနိုင်ငံတွေ နဲ့ အငြင်းပွားတာတွေကို ဖြေရှင်းရေး ဆွေးနွေးတာတွေ ပိုကောင်းချင် တယ်လို့ တရုတ်ကာကွယ်ရေး ၀န်ကြီးက သောကြာနေ့မှာ ပြောလိုက်ပါတယ်။ ဒါဟာဖြင့်ြေ
မပြင်နဲ့ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားတာတွေ ကနေ ပြင်းထန်တဲ့ ထိပ်တိုက်တွေ့တာတွေ လ အတော်ကြာဖြစ်ပြီး တဲ့နောက် ပြန်ပြီး သင့်မြတ်ချင်တဲ့ လေသံမျိုးထွက်လာ တာပါ။
ဆက်လက်ဖတ်ရှုရန် »
မြန်မာလုပ်သား ၅၀၀၀ နီးပါးခေါ်ယူရန် မြန်မာနှင့် မကာအို သဘောတူ
မကာအိုက ၁ နှစ်ကို မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ ၅၀၀၀ နီးပါး တရားဝင်ခေါ်ယူသွားဖို့ မြန်မာနဲ့မက္ကအို ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အသင်းတို့ မနေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ မကာအိုကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ တရားဝင်သွားရောက်လုပ် ကိုင်နိုင်ဖို့အပြင် လုပ်ငန်းခွင်အတွင်းရှိ အလုပ် သမားတွေရဲ့ အခွင့်အရေးကိစ္စတွေကိုလည်း ဖြေရှင်းပေးနိုင်ဖို့အတွက် မကာအို-မြန်မာ အလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်အသင်းတို့က ဒီကနေ့ ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ နှစ်နိုင်ငံသဘောတူမှု စာချွန်လွှာ (MOU) ရေးထိုးခဲ့တာပါ။
ဆက်လက်ဖတ်ရှုရန် »
လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက် မလေးရှား သံတမန် ငြင်းဆန်
နယူးဇီလန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မလေးရှား သံတမန် မွတ်ဟာမက် ရာဇာမာန်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်ကို မနေ့က ငြင်းဆန်လိုက်ပါတယ်။ ၀ယ်လန်တန်မြို့နယ်တရားရုံးမှာ အယူခံကို လျှောက်လဲခဲ့ပြီးနောက် ဂျူရီလူကြီးတွေနဲ့ ဖွဲ့ထားတဲ့ ခုံရုံးလမ်းကြောင်းကိုလည်း ရွေးချယ်လိုက်တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။
ဆက်လက်ဖတ်ရှုရန် »
သမ္မတ ဖြစ်ရေး ဦးရွှေမန်း တရားသဖြင့် ယှဉ်ပြိုင်မည်
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သူသမ္မတဖြစ်ရေးအတွက် ဘယ်သူကပဲ ထောက်ခံ ထောက်ခံ ကြိုဆိုမှာဖြစ်တယ်လို့ ပြောပါတယ်။ ကြာသပတေးနေ့က နေပြည်တော်မှာ ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့််တွေ့ဆုံမေးမြန်းခန်း အတွင်း သူရဦးရွှေမန်းက အဲဒီလိုပြောတာပါ။ ဒါ့အပြင် ပြိုင်ဆိုင်ရမယ်ဆိုရင် လည်း တရားသောယှဉ်ပြိုင်ခြင်းနဲ့ ယှဉ်ပြိုင်သွားမယ် လို့ပြောပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လေးပွင့်ဆိုင်တွေ့ဆုံရေး ပခုက္ကူမြို့တွင်အင်အား ၁၀၀၀ ကျော် ဆန္ဒထုတ်ဖော်
ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မှုဖြင့် ဒေသခံအင်အား ၁၀၀၀ ကျော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေြ
ပင်ဆင်ရေး၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးတို့အတွက် နိုင်ဝင်ဘာ ၂၁ ရက်တွင် မြို့တွင်းသို့ လှည့်လည်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် »
KIA ဗိုလ်လောင်းသေဆုံးသူများအထဲတွင် ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း ၈ ဦးပါဝင်
ယခုလ ၁၉ရက်နေ့ နေ့လယ်ပိုင်းက KIO ဌာနချုပ် စစ်သင်ကျောင်းတစ်ခုအား အစိုးရတပ်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်၍ ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့ရာ ယင်းအထဲတွင် ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း ၈ ဦးပါ ၀င်ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုရန် »
၂၀၁၅ အကြို နိုင်ငံရေး အပေးအယူများ
မျက်မှောက် မြန်မာ့နိုင်ငံရေးအတွင်း ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာသည် စိတ်လှုပ်ရှားဖွယ်ရာများ သတင်းစကားများဖြင့် ပြည့်နှက်နေသော လဖြစ်သည်။ ပီအာရ်ကို ပြည်သူ့လွှတ်တော်တွင် မ
ကျင့်သုံးရန် ဆုံးဖြတ်လိုက်သည်။ဖွဲ့စည်းပုံပြင် ဆင်ရေး အသံကျယ်လောင် နေချိန်တွင် ၂၀၁၅ အလွန် ရောက်မှ အတည်ပြုမည်ဟု ဆိုလာသည်။
ဆက်လက်ဖတ်ရှုရန် »
Friday, November 21, 2014
ရွှေဝါရောင် လွှမ်းနေသည့် ရှမ်းနှစ်သစ်ကူး (သတင်းဓာတ်ပုံ)
ဆက်လက်ဖတ်ရှုရန် »
ကိုပါကြီး အလွတ်သတင်းထောက်ဟု ကော်မရှင်ပြော
ကိုပါကြီးဟာ ကေကေအိုအဖွဲ့ဝင် မဟုတ်ဘဲ အလွတ်တန်း သတင်းထောက် တယောက်သာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတွေ့ရှိတဲ့အကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးစစ်မြိုင်က ပြောပါတယ်။မြန်မာ ဂျာနယ်လစ်အဖွဲ့က ဒုဋ္ဌဥက္ကဋ္ဌ ဦးမြတ်ခိုင်နဲ့ ကရင်ပြည်နယ်က သတင်းထောက် တယောက်တွေရဲ့ ထွက်ဆို ချက်အရ ကိုပါကြီး အလွတ်သတင်းထောက်ဖြစ်ကြောင်း တွေ့ရတာလို့ ဦးစစ်မြိုင်က ပြောပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာ အကြမ်းဖက်တိုက်ခိုက်ခံမှု အန္တရာယ် ပိုမိုမြင့်မား
မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု အညွှန်းကိန်းအရ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့သည် ကမ္ဘာတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ပိုမိုမြင့်မားသည် ဟု သိရှိထားသည့်နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် ပါဝင်နေသည်။
ဆက်လက်ဖတ်ရှုရန် »
SME လုပ်ငန်းများ အတွက် စင်ကာပူနှင့် ဗီယက်နမ်က ဒေါ်လာ သန်း ၅၀ ချေးမည်
ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME) အတွက် စင်ကာပူနှင့် ဗီယက်နမ် ဘဏ်များက အမေရိကန် ဒေါ်လာ သန်း ၅၀ ကို စက်မှုဝန်ကြီးဌာနမှ တဆင့် ချေ
းငွေအဖြစ် ထုတ်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။“ပြီးခဲ့တဲ့ အောက်တိုဘာ ၀န်းကျင်လောက်က MOU ထိုးခဲ့တာ။ ဒေါ်လာသန်း ၂၀ က စင်ကာပူကပါ။ ဗီယက်နမ်က သန်း ၃၀ ပါ” ဟု အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒု ညွှန်ကြားရေးမှူးချူပ် ဒေါ်အေးအေးဝင်းက ပြော သည်။
ဆက်လက်ဖတ်ရှုရန် »
ကမ္ဘာ့အလယ်မှာ မြန်မာ့ပညာရေး ၀င့်ထည်စေချင်လို့
နိုင်ငံတနိုင်ငံရဲ့ ပညာရေးစနစ် ကောင်းမွန်မှသာ အဲဒီနိုင်ငံက လူငယ်တွေရဲ့ အနာဂတ်ကို ကောင်းကောင်းမွန်မွန် ဖန်တီးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့မြန်မာနိုင်ငံမှာ
ကျောင်းသားတွေဟာ ခေတ်အဆက်ဆက် ပညာရေးရဲ့ စမ်းသပ်ခံတွေဖြစ်နေတာ ၀မ်းနည်းစရာ တွေ့မြင်နေရပါတယ်။ အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးနေတဲ့ ပညာရေးစနစ် မှန် မမှန် ဆန်းစစ်ဖို့ လိုအပ်လာနေပါပြီ။
ဆက်လက်ဖတ်ရှုရန် »
မန္တလေး ရှေးဟောင်း ရွှေကျောင်း အစားထိုးပြင်ဆင်မှုများ ပြုလုပ်ရန် စီစဉ်
သက်တမ်း ၁၃၈နှစ် ရှိပြီဖြစ်သော မန္တလေးတောင်ခြေရှိ သမိုင်းဝင် ရွှေကျောင်းကြီးကို ထေက်ကန်ထားသည့် တိုင်လုံးများမှ ၈ တိုင် ခန့်သည် ဆွေးမြေ့နေပြီဖြစ်၍ လ
ဲလှယ်ရနိုင်ကြောင်း သိရသည်။ရွှေနန်းတော် ကျောင်းကို တိုင်လုံးပေါင်း ၁၅၀ နှင့် ထောက်ကန်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လ အတွင်းမှ စတင်၍ အမေရိ ကန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ အဆောက် အအုံ ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေ အဖွဲ့ (World Monument Fund)မှ အမေရိကန် ဒေါ်လာ ၅ သိန်း ၅ ထောင် အကုန်အကျခံ၍ ပညာရှင်များဖြင့် စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် »
KIA ဗိုလ်လောင်းသင်တန်း လက်နက်ကြီး ထိမှန်သေဆုံးမှုမှာ TNLAနဲ့ AA တို့မှ အများဆုံးဖြစ်
ဆက်လက်ဖတ်ရှုရန် »
Hunger Games ဇာတ်ကားမှ လက်သုံးချောင်းထောင် အလေးပြုသည့် ပုံစံပြုလုပ်ခဲ့သော ထိုင်းကျောင်းသားငါးဦးအား ဖမ်းဆီး
ထိုင်းနိုင်ငံတွင် ထိုင်းဝန်ကြီးချုပ်မိန့်ခွန်း ပြောကြားနေချိန်၌ The Hunger Game ရုပ်ရှ
င်ဇာတ်ကားမှ လက်သုံးချောင်း ထောင်ကာ အလေးပြုသည့် ပုံစံပြုလုပ်သော ထိုင်းကျောင်း သားငါးဦးကို ယမန်နေ့က ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခြင်းမှာ မေလစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား နောက်ဆုံးဖြိုခွင်းမှုဖြစ် ကြောင်း အရာရှိများက ပြောခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
မက္ကဆီကိုတွင် ပျောက်ဆုံးနေသော ကျောင်းသားများအတွက် ချီတက်ဆန္ဒပြ
မူးယစ်မှောင်ခိုဂိုဏ်းမှ သတ်ဖြတ်ခဲ့သောကြောင့် သေဆုံးသွားပြီဟု အာဏာပိုင်များ ပြောဆိုထားသည့် ပျောက်ဆုံးနေ သော ကျောင်းသား ၄၃ ဦး၏ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ခ
ျင်းများဦးဆောင်၍ မက္ကဆီကိုမြို့တော်တွင် ယမန်နေ့က ချီတက်ဆန္ဒပြခဲ့ကြကြောင်း BBC တွင် ဖော်ပြပါရှိသည်။
ဆက်လက်ဖတ်ရှုရန် »
ကေအိုင်အေကို ပစ်ခတ်မှု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ဟုဆို
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဌာနချုပ်ကို တပ်မတော်ဘက်မှ ပစ်ခတ်လိုက်ခြင်းသည် လက်ရှိဆွေးနွေးနေသည့် ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ် စဲရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုများရှိနိုင်သည်ဟု တိုင်းရင်းသားပါတီ ခေါင်းဆောင်များက ပြောသည်။
ဆက်လက်ဖတ်ရှုရန် »
သြစီရဲ့ အကြံပြုချက် ပေါ်လစီကို ကုလလက်ခံ
ကမ္ဘာ့ပေါ်က ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေမှာ နိုင်ငံတကာရဲနဲ့ စစ်သားတွေကို ပို့ဆောင်ဖို့ သြစတြေးလျနိုင်ငံက ဦးဆောင်ပြီး ရေးဆွဲခဲ့တဲ့ မူဝါဒကို ကုလသမဂ္ဂ က လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ပြ
ည်ပနိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံတကာက ရဲတွေ ဥပဒေတစ်ခုတည်းရဲ့ အောက်မှာပဲ အတူတူ အလုပ်လုပ်ကိုင်နိုင်ဖို့ ချမှတ်ထားတဲ့ ပေါ်လစီပဲ ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
တက္ကသိုလ်များ ဗဟိုချုပ်ကိုင်မှု လျှော့ချရန် မဖြစ်နိုင်ဟု သမ္မတ ပညာရေး အကြံပေးဆို
တက္ကသိုလ်များ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကို လက်ရှိတွင် လျှော့ချပေးနေပြီး လုံးဝလွှတ်ပေးရန် မဖြစ်နိုင်သေး သည့် အခြေအနေတွင် ရှိသည်ဟု သမ္မတ၏ ပညာရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ် က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
နည်းပညာတက္ကသိုလ်များ၏ အောင်စာရင်းပြန်လည် စိစစ်ရန် တောင်းဆို
နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် နည်းပညာတက္ကသိုလ် အောင်စာရင်းများနှင့် ပတ်သက်ပြီး စနစ်ဟောင်း ကျောင်းသားများကို ယခင်ကျင့်သုံးခဲ့သည့် အောင်စာရင်း မူဝါဒမျာ
းကိုသာ ကျင့်သုံးပြီး စိစစ်ရန်နှင့် နောက်ဆက်တွဲ အောင်စာရင်း ထုတ်ပြန်ပေးရန် နည်းပညာတက္ကသိုလ် ကျောင်းသားအချို့က တောင်းဆိုလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
UWSA လေယာဉ်ပစ် ဒုံးကျည် ပိုင်ဆိုင်ထားဟု ဆို
ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)သည် လေကြောင်းရန် ကာကွယ်ရေးအတွက် တရုတ် နိုင်ငံလုပ် FN-6 လေယာဉ်ပစ် ပုခုံးထမ်း ဒုံးကျည်လက်နက်ကို ပိုင်ဆိုင်နေပြီဖြစ်ကြောင်း IHS Jane’s Defence Weekly သတင်းတပုဒ်က ဖော်ပြ သည်။
ဆက်လက်ဖတ်ရှုရန် »
အမျိုးသမီး ရဲအရာရှိလောင်း များကို အပျိုစစ်မစစ် စစ်ဆေးခြင်းသည် ကိုယ်ကျင့်တရားကို တိုင်းတာ အတည်ပြုရန်ဟု အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ ပြောကြား
အမျိုးသမီး ရဲအရာရှိလောင်းများ၏ ကာယကြံ့ခိုင်မှု အပြင် ၎င်းတို့၏ ကိုယ်ကျင့်
တရားကို တိုင်းတာ စစ်ဆေးရန် အတွက် အပျိုစစ်မစစ် စစ်ဆေးခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့က အတည်ပြု ပြောကြား လိုက်သည်။ ရဲတပ်ဖွဲ့ ဆေးရုံများတွင် အမျိုးသမီးဆရာဝန်များနှင့်သာပြုလုပ်သည့် အပျိုစစ်မစစ် စစ်ဆေးခြင်းသည် ရဲတပ်ဖွဲ့၏ စံဖြစ်သည်ဟု အမျိုးသား ရဲတပ်ဖွဲ့ ဥပဒေဋ္ဌာနခွဲ အကြီးအကဲ စစ်ဆေးရေးမှူးချုပ် မိုအက်ခ်ျဂျီယာတိုက နိုဝင်ဘာ ၁၉ ရက်တွင်ပြောကြား ခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
ကချင် ပစ်ခတ်မှုဖြစ်စဉ် အမှန်အတိုင်း ဖေါ်ထုတ်ဖို့ သမ္မတ ညွှန်ကြား
ကချင် KIA ဌာနချုပ် လိုင်ဇာအနီးမှာ ရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကချင် အရာရှိလောင်း၂၀ကျော် သေဆုံးခဲ့ရ တဲ့ ဖြစ်ရ
ပ်နဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က ဒီလို သွေးထွက်သံယို ပဋိပက္ခတွေ တားဆီးနိုင်ရေး အတွက် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှု အဖွဲ့တွေနဲ့ ဆက်ဆံရေးရုံးတွေ ပိုမိုဖွင့်လှစ်သွားရမှာဖြစ် ကြောင်း ဒါ့အပြင် တပ်မတော် အနေနဲ့လည်း သတင်းထုတ်ပြန်မှုတွေ ပိုမိုလုပ်ဆောင်သွားရမှာဖြစ်ကြောင်း ပြောဆိုလိုက် ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ကန် လူဝင်မှု ကြီးကြပ်ရေးစနစ် အိုဘားမား ပြင်မည်
အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိရောက်မှုမရှိပဲဖြစ်နေတဲ့ စနစ်တခုကို ပြင်ဆင်ရေး အတွက် စောင့်စားနေဖို့ အချိန်မရှိ တော့တာကြောင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူပြုပြင်ရေးပြုလုပ်
ဖို့အတွက် သမ္မတ ဘရက်အိုဘားမားဟာ ကွန်ဂရက် လွှတ်တော်ကို ကွင်းရှောင်ပြီး ဆောင်ရွက်ရတာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောဆိုပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဘာသာရေးခေါင်းဆောင် ရသေ့ကို လူသတ်မှုဖြင့် အိန္ဒိယရဲ ဖမ်းဆီး
အိန္ဒိယရဲတွေက လူသတ်မှုနဲ့အဖမ်းခံဖို့ ငြင်းဆန်နေတဲ့ ဘာသာရေးခေါင်း ဆောင်ဆိုသူ အသက် ၆၃ နှစ်အရွယ် ရမ်ပယ်လ် မဟာရတ်ဂ်ျကို သူ့ရသေ့ကျောင်းထဲမှာ မီးသတ်ပိုက်တွေနဲ့
ရာဘာကျည်ဆန်တွေကိုသုံးပြီး နိုဝင်ဘာ ၁၉ ရက်နေ့က စီးနင်းဖမ်းဆီးခဲ့ရပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)
My Blog List
VOA News: သတင်း
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube...
4 hours ago
DVB
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ်
-
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...
3 years ago
သစ်ထူးလွင်
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...
3 years ago
ဒေါက်တာလွဏ်းဆွေ
နောက်ဆုံးရ မြန်မာသတင်းများ
-
နောက်ဆုံးရ မြန်မာသတင်းများအား ပုံပေါ် ကလစ်၍ ဖတ်ရှုပါ။
5 years ago
ဒေါင်းမာန်ဟုန်
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန်
-
[image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...
7 years ago
Narinjara News Burmese Online 24 X 7
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို
-
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...
7 years ago
ဒီမိုဝေယံ
-
အမေ့သမီးတွေနဲ့ အတူ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ အတူရှိနေကြမယ် photo credit Eleven Media Group
7 years ago
မြန်မာ့သားကောင်း
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်
-
၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...
10 years ago
The Irrawaddy's Blog
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ
-
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...
10 years ago
ဆုံနေကြ
-
*A Father's Tear (အဖေ့မျက်ရည်) * လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွာ...
13 years ago
မြန်မာပြည်သား
-
ဒေါက်တာမျိုးချစ်
-