Tuesday, October 08, 2013

နိုင်ငံတကာ ကဲ့သို့ မြန်မာတက္ကသိုလ်ကျောင်းသားများ အတွက် အချိန်ပိုင်း အလုပ်အကိုင်များ ဖန်တီးပေးသင့်ဟု ပညာရေးကျွမ်းကျင်သူ တချို့ဆို

Tuesday, October 8, 2013
နိုင်ငံ တကာတက္ကသိုလ်ကျောင်းသား များနည်းတူ မြန်မာတက္ကသိုလ် ကျောင်းသားများအတွက် အချိန် ပိုင်းအလုပ် အကိုင်များ ဖန်တီးပေး သင့်သည်ဟု ပညာရေးကျွမ်းကျင် သူတချို့ ကပြောသည်။
ယင်းသို့ဖန်တီးပေးနိုင်ပါက ကျောင်းသားများအတွက် လုပ်ငန်း ခွင်အတွေ့ အကြုံများ ရရှိနိုင်မည် ဖြစ်ကာ ပညာသင်စရိတ်များကို လည်း ယင်းတို့ ကိုယ်တိုင် ရှာဖွေ နိုင်ပြီး ဘွဲ့ရရှိပါက အလုပ်အကိုင် ရှားပါးမှုပြဿနာ များကိုပါ ဖြေရှင်း ပေးနိုင်မည်ဖြစ်ကြောင်း ယင်းတို့ က ဆိုသည်။ ဗစ်တိုးရီးယားယူနီဗာစီတီ ကောလိပ်မှကျောင်းအုပ်ကြီးဒေါက် တာနေက ''ကျွန်တော်တို့ကျောင်း မှာ ကျောင်းသားမိဘတွေ ကျောင်း လာအပ် ရင် မေးနေကျတစ်ခုရှိ တယ်။ ကျောင်းပြီးရင် အလုပ်ရမှာ လားဆိုတာပဲ။

 အခုကျွန်တော်တို့ နိုင်ငံမှာ ကြုံတွေ့နေရတာက ဘွဲ့ ရထားတဲ့ပညာ ကို ပြန်အသုံးမချ နိုင်သေးတာပဲ။ အဲ့ဒါအတွက် အ ဖြေက နိုင်ငံတကာ တက္ကသိုလ်တွေ ကလို အချိန်ပိုင်းအလုပ်ကို ဖန်တီး ပေးနိုင်ဖို့ပါ။ သူတို့ဆီမှာ ကျောင်း အားတဲ့အချိန်တွေမှာဆိုရင် အ ချိန်ပိုင်းအလုပ် လုပ်ကြတယ်။ သူ တို့ယူထားတဲ့ဘာသာရပ်နဲ့သက် ဆိုင်တဲ့လုပ်ငန်းခွင်တွေ မှာ ဝင်အ လုပ်လုပ်ကြတယ်။ အဲ့ဒီအတွက် လုပ်ငန်းခွင်အတွေ့အကြုံတွေ၊ ပညာသင်စရိတ်တွေပြန်ရတယ်။ ကျောင်းပြီးပြန်တော့ လုပ်ခဲ့တဲ့ လုပ်ငန်းခွင်တွေမှာ Professional အဖြစ်ပြန်လုပ်နိုင်ကြတယ်။ ဒီမှာ လဲ အဲ့ဒီလိုအခွင့်အလမ်းတွေဖွင့် ပေးသင့်တယ်။ လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကလဲ ပါဝင်ပေးဖို့လိုတယ်'' ဟု ပြောသည်။
နိုင်ငံတကာကျောင်းများ တွင် တက္ကသိုလ်ကျောင်းသားများ အလုပ်လုပ် ကိုင်နိုင်ရန်အတွက် ပုဂ္ဂလိကလုပ်ငန်းများနှင့်ချိတ် ဆက် ပေးထားပြီး ယင်းလုပ်ငန်းများတွင် ကျောင်းသားများက အခြေခံအ လုပ်သမားအဆင့်မှ စတင်လုပ်ကိုင် ရပြီး ကျောင်းတက်သည့်နှစ်အလိုက် လုပ်ငန်းခွင်တွင်လည်း ရာထူးအ ဆင့်အလိုက်တိုးမြှင့်နိုင်မည်ဖြစ် ကြောင်း၊ ယင်းကျောင်းသားဘွဲ့ ရရှိချိန်တွင် ယင်းအလုပ်၌ပင် အ ဆင့်မြင့်ရာထူးတစ်ခုဖြင့် ပြန်တာ ဝန်ထမ်းဆောင်ရကြောင်း သိရသည်။
''သူတို့နိုင်ငံက အလုပ်ရှင်တွေ က ပညာသင်တစ်ယောက်ကိုလုပ် ငန်းခွင်မှာ ချက်ချင်းမခိုင်းဘူး။ အ လုပ်သင်ကနေ In Charge အထိ အဆင့်ဆင့်ခိုင်းကြ တယ်။ ကျောင်း လဲပြီးရော အဲဒီကျောင်းသားက ရာ ထူးတစ်ခုနဲ့အလုပ်တန်း ဝင်ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ အခုမလုပ် နိုင်သေးပေမယ့် လုပ်နိုင်အောင် ကြိုးစားရမယ်''ဟု ဒေါက်တာစိုး ဝင်းဦးက ပြောသည်။
လက်ရှိတက္ကသိုလ်ကျောင်း သူများအတွက် အချိန်ပိုင်းအလုပ် အကိုင်ဖန် တီးပေးနေသော Home media Group မှတာဝန်ရှိ သူတစ်ဦးက ယင်းတို့သည် ကျောင်း သားကျောင်းသူများ အတွက် မဂ္ဂ ဇင်းစာအုပ်ကို အရှုံးခံထုတ်ဝေကာ အချိန်ပိုင်းအလုပ်အကိုင် ဖန်တီး ပေးရခြင်း မှာ ကျောင်းသား များ အတွက် ပညာသင်စရိတ်များကို တစ်ဖက်တစ်လမ်းမှရရှိစေရန်နှင့် ဈေးကွက် သဘောတရားများကို နားလည်စေရန်အတွက်ရည်ရွယ် လုပ်ကိုင်ပေး ထားခြင်းဖြစ်ကြောင်း ပြောသည်။
''ကျောင်းသားကျောင်းသူ တွေက အပြင်မှာ အချိန်ပိုင်းအ လုပ်ရဖို့ကလဲ မလွယ်တော့ သူတို့ အတွက် ဒီအလုပ်ဖန်တီးပေးလိုက် တာပါ။ သူတို့အနေနဲ့ တစ်လကို သုံးရက်လောက်ပဲလုပ်ရမယ်။ အဲ့ဒီ အတွက် တစ်ဖက်တစ်လမ်းက လဲ ဝင်ငွေရ၊ စာကျက်ချိန်တွေလဲ ပို ထွက်တာပေါ့။ ကျွန်မတို့လိုပဲ အ ခြားလုပ်ငန်းရှင်တွေလဲ လိုက်လုပ် ရင် ပိုကောင်းပါမယ်။ သက်ဆိုင် ရာပညာရေးဌာနတွေကနေ ကျွန်မ တို့ကို ကျောင်းသားတွေအတွက် အချိန်ပိုင်း အလုပ်ပေးဖို့ကမ်းလှမ်း လာရင်လဲ လက်ခံပေးသွားမှာပါ''ဟု ယင်းက ပြောသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှနည်းပညာတက္ကသိုလ် များမှ နောက် ဆုံးနှစ်ကျောင်း သား ၃ဝဝကိုအင်ဂျင်နီယာဘာသာ ရပ် နှင့်ပတ်သက်သော ဝန်ကြီးဌာန၊ အသင်းဝင်နည်းပညာကုမ္ပဏီများ နှင့်ချိတ်ဆက်ကာ လုပ်ငန်းခွင် လက်တွေ့သင်တန်းများပေးခြင်း များကိုဆောင်ရွက်နေသလို အ ခြားတက္ကသိုလ်ကျောင်းသားများ အတွက်လည်း ယင်းကဲ့သို့အစီအ စဉ်များဖန်တီးပေးနိုင်ရန် လိုအပ် နေကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment

My Blog List