နာဂလူမျိုးဟာ သီးခြားလူမျိုးဖြစ်တဲ့အတွက် အစိုးရအနေနဲ့ သီးခြားမျိုးနွယ် အဖြစ်သတ်မှတ် ထုတ်ပြန်ပေးဖို့နဲ့ ၂၀၁၄ သန်းခေါင်စာရင်းမှာ နာဂလူမျိုးကို ချင်မျိုးနွယ်စုထဲ ထည့်သွင်း ထားတာကနေ ပယ်ဖျက်ပေးဖို့ နာဂလူမျိုးတွေက တောင်းဆိုလိုက်ပါတယ်။
Friday, February 28, 2014
သတင်းစာတွေ အရှုံးပေါ်နေချိန် Sky Net နဲ့ ရန်ကုန်တိုင်းမ်ပေါင်းပြီး ၁ဝဝ တန် သတင်းစာ ထုတ်
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေခွင့်ပြုခဲ့တာ ၁၁လပြည့်ခဲ့ပေမယ့် အားလုံးနီးပါး အရှုံးခံ ထုတ်ဝေနေရချိန်မှာ နောက်ထပ်သတင်းစာတစ်စောင် ဘာ့ကြောင့် ထွက်ပေါ်လာ တာလဲ။ Democracy Today လို့နာမည်ပေးထားတဲ့ သတင်းစာသစ်တစ်စောင်က တစ်စောင် ၁ဝဝနဲ့ ဈေးလျှော့ပေး ရပ်တည် မယ်လို့ ကြွေးကြော်လိုက်ပါပြီ။
၈၈ ခေါင်းဆောင်တွေ နယ်ရုံးခွဲတာဝန်ခံ ၂၀၀ ကျော်နဲ့ ပထမဆုံး တွေ့ဆုံ
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရှေ့လုပ်ငန်းစဉ်တွေမှာ တူညီအောင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ နယ်ဒေသမှာရှိတဲ့ ရုံးခွဲတာဝန်ခံ ၂၀၀ လောက်ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
နိုင်ငံတည်ဆောက်ရာတွင် ပညာတတ်များဖြင့်သာ တည်ဆောက်နိုင်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြော
နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက်သည့်အခါများတွင် ပညာ တတ်များဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်ပြီး ပညာတတ်၊ အရည်အချင်းပြည့်ဝသည့် လူငယ်များ ပေါ်ထွက်လာရေးသည် အခြေခံပညာမူလတန်းမှ စတင်ကာ အရေးကြီးသည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်ကပြောသည်။
တရုတ် ဒု နိုင်ငံခြားရေးဝန်ကြီး NLD နှင့် တွေ့ဆုံ
ပြီးခဲ့သည့်ရက်ပိုင်းက တရုတ် အဆင်မြင့်အရာရှိတဦး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်သို့ လာရောက်လည်ပတ်သွားပြီး ထိုသို့ လည်ပတ်ခြင်းမှာ အနှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်ဟု NLD နာယကတဦးဖြစ်သူ ဦးတင်ဦးက ပြောသည်။
နွေရာသီအတွက် အရောင်လွင်တာလေးတွေ ရွေးဝတ်မယ်လို့ ပြောလိုက်တဲ့ ဆုမြတ်နိုးဦး
မတ်လကိုရောက်တော့မယ်ဆိုရင်ပဲ နွေရဲ့အပူကို မသိမသာ ခံစားလာကြရပြီလေ။ အပူဒဏ်ကို ကြံ့ကြံ့ခံပြီး မီးထိုးမှန်ထိုးတွေကြား ကိုယ်ချစ်တဲ့အနုပညာကို ပုံဖော်ကြရတဲ့ အနုပညာရှင်တွေထဲက ခုနောက်ပိုင်းအနုပညာခြေလှမ်းစိပ်လာတဲ့ ဆုမြတ်နိုးဦးကို ဒီနှစ်နွေရာသီမှာ သူမဘယ်မှာရှိမယ်၊ သူမရဲ့ဖက်ရှင်နဲ့ အသားအရေထိန်းသိမ်းမှုပုံစံအကြောင်းတွေ မေးကြည့်လိုက်တဲ့အခါ ‘ဒီနှစ်နွေရာသီမှာတော့ မြတ်နိုး လာမဲ့၁၀ရက်နေ့မှာ အင်းလေးကို တစ်ရက်သွားရိုက်ရမယ်။ သွားလည်တဲ့အခန်းပေါ့။
အလုပ်ခွင်မှာ ပြောင်းလဲသုံးစွဲသင့်တဲ့ စကား ငါးခွန်း
ကျွန်ုပ်တို့ အလုပ်ခွင်ရောက်တဲ့အခါ တစ်စုံတစ်ခုကို ပြန်လည်တုံ့ပြန် မပြောဆိုခင် အမြဲတမ်း နှစ်ခါ ပြန်လောက် စဉ်းစားသင့်ပါတယ်။ ဒါပမေယ့်လည်း ကိုယ့်ကိုယ်ကို ဒီလို ဆန်းစစ်ထိန်းချုပ်ဖို့ဆိုတာ ပြော သလောက်တော့ မလွယ်ပါဘူး။
တိုင်းရင်းသား ၁၃၅ မျိုးနှင့်ပတ်သက်ပြီး သန်းခေါင်စာရင်းကောက်ပြီးမှ ပြင်ဆင်မည်
မြန်မာနိုင်ငံမှာ အစိုးရက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုး သတ်မှတ်ချက်ကို ပြင်ဆင်ပေးဖို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တောင်းဆိုချက်ကို ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူအပြီးမှာ ညှိနှိုင်းဆောင်ရွက်ဖို့ အစိုးရနဲ့ တိုင်းရင်းသားတွေအကြား သဘောတူညီမှု ရခဲ့ပါတယ်။
အမျိုးသမီးများကို မိုဘိုင်းလ်ဖုန်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးမည်ဟု အော်ရီဒူးဆို
အော်ရီဒူးက နိုင်ငံတကာရှိ ၎င်းတို့ ဈေးကွက်ရှိရာ နိုင်ငံများတွင် အကောင်အထည် ဖော်နေပြီး အောင်မြင်မှု ရနေသည့် “m Women” ခေါ် မိခင်နှင့် ကလေး၊ အမျိုးသမီး စောင့်ရှောက်ရေး မိုဘိုင်းလ် ဝန်ဆောင်မှုကို မြန်မာနိုင်ငံသို့ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အော်ရီဒူး မြန်မာ၏ အမှုဆောင် အရာရှိချုပ် Ross Cormack က ပြောကြားသည်။
ရေထဲကျသော ဖုန်းကို ပြန်ကယ်ဖို့
ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲ ဆိုတာ သိထားဖို့လိုအပ်ပါတယ်။
ဝန်ကြီးချုပ် ယင်းလပ်နှင့် စကားစစ်ထိုးဖို့ အတိုက်အခံခေါင်းဆောင် စိန်ခေါ်
Yingluck Shinawatra နဲ့ ဆွေးနွေးမယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်၊ ကြာနေပြီဖြစ်တဲ့ နိုင်ငံရေးပြဿနာကိုအဆုံးသတ်နိုင်ဖို့ ဘယ်လိုဆွေးနွေး ညှိုနှိုင်းမှုကိုမှ မလုပ်နိုင်ဘူးလို့အရင်က ငြင်းဆန် နေခဲ့တာဖြစ်ပါတယ်၊
ပိုချစ်တင်းနှောရင် ဉာဏ်ရွှင်ထက်မြက်ရခြင်း အကြောင်းရင်း
နောက်တစ်ခါဆို သင့်ရဲ့ ကြင်ဖက်က ချစ်တင်းနှောဖို့ စိတ်မပါဘူးလို့ ပြောလာခဲ့ရင် “ဒါမင်းထင်သလို မဟုတ်ဘူး၊ ဉာဏ်ပိုရွှင်စေတာ။” ဆိုပြီး ဒီအကြောင်းလေးကို ရှင်းပြနိုင်တာပေါ့။
သီရိလင်္ကာ သမ္မတ မြန်မာနိုင်ငံ လာမည်
သီရိလင်္ကာ နိုင်ငံ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးသည့် ခြောက်ဆက်မြောက် သမ္မတ မဟင်ဒရာ ရာဂျာပက် စကာသည် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရီလင်္ကနိုင်ငံ အခြေစိုက် သတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။
လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ယူကရိန်း နယ်စပ်ဒေသတချို့ကို သိမ်းပိုက်ထား
ယူကရိန်းနိုင်ငံ Crimea ဒေသမှာ လက်နက်ကိုင်အဖွဲ့တစ်ခု ဝင်ရောက်သိမ်းပိုက်မှုတွေ လုပ်ထားပြီး အဲဒီဒေသအတွင်းမှာရှိတဲ့ အစိုးရအဆောက်အဦးတွေမှာ ရုရှားအလံတွေကို လွှင့်တင်ထားလိုက်ပါတယ်။
မြောက်ကိုးရီးယားက တာတိုပစ် ဒုံးကျဉ် ၄လုံး ပစ်လွှတ်
မြောက်ကိုးရီးယားဟာ နိုင်ငံအရှေ့ဘက် ကမ်းခြေမှာရှိတဲ့ ဂျပန်ပင်လယ်ပြင်ထဲကို တာတိုဒုံးကျည် ၄ လုံး မနေ့က ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။
သမ္မတ ရွေးချယ်ထားသော အဖွဲ့ဝင်များ မလာ၍ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အဖွဲ့ဝင်များ လွှတ်တော်တွင် ကတိသစ္စာပြုခြင်း အစီအစဉ် ပျက်ပြယ်
ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ရွေးချယ်ထားသော အဖွဲ့ဝင်ငါးဦး မလာရောက်သဖြင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အဖွဲ့ဝင်များ ကတိသစ္စာပြုခြင်း အစီအစဉ် ပျက်ပြယ်ခဲ့ကြောင်း သိရသည်။
MSF အဖွဲ့ ရခိုင်ကနေ ထွက်ခွာဖို့ ပြည်ထဲရေးညွှန်ကြား
ရခိုင်ပြည်နယ်မှာ အခြေစိုက်တဲ့ နယ်စည်းမခြားဆရာဝန်များ MSF အဖွဲ့ကို ရခိုင်ပြည်နယ်မှာ လူမှုရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် မပေးတော့ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားလာတယ်လို့ သိရပါတယ်။
မျိုးစောင့်ဥပဒေပြဌာန်းဖို့ သမ္မတနှင့် လွှတ်တော်အကြား အပြန်အလှန် တာဝန်လွှဲ
အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကနေ တဆင့် ဥပဒေကြမ်းကို တင်ပြဆောင်ရွက်သွားပါလို့ ပြည်ထောင်စုလွှတ်တော်နာယက က သမ္မတထံကို ဒီကနေ့မှာ သ၀ဏ်လွှာ ပြန်ပို့ခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
တိုင်းရင်းသားမျိုးနွယ်စု သတ်မှတ်ရေး သန်းခေါင်စာရင်းအပြီး လွှတ်တော်မှာ ဆွေးနွေးမည်
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါ တိုင်းရင်းသား မျိုးနွယ်စုတွေက သူတို့ရဲ့ တိုင်းရင်းသားအမည်တွေ စာရင်းမှာ ကျန်ခဲ့တာမျိုး လူမျိုးစုကြီး တခုခုအောက်မှာ မှားယွင်းဖေါ်ပြခံရတာမျိုးတွေကို စိုးရိမ်နေကြပါတယ်။
ဖြုတ်ချခံ သမ္မတ မသမာမှု ယူကရိန်း ဝန်ကြီးချုပ်သစ် စွပ်စွဲ
ယာနူကိုဗစ်ခ်ျဟာ တိုင်းပြည်ဘဏ္ဍာငွေတွေကို ဘီလျံနဲ့ချီပြီး ခိုးယူခဲ့တယ်လို့ ယူကရိန်းဝန်ကြီးချုပ်သစ် Arseniy Yatsenyuk ကစွပ်စွဲလိုက်ပါတယ်။
အီလက်ထရောနစ် ဥပဒေကို ထောင်ဒဏ်လျှော့ပေါ့ ပြင်ဆင်အတည်ပြု
လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အတည်ြပုခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
ဝန်ကြီးချုပ်နဲ့ဆွေးနွေးဖို့ ထိုင်း အတိုက်အခံ လမ်းဖွင့်
ထိုင်းနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Suthep Thaugsuban က ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ ဆွေးနွေးမယ်လို့ အရိပ်အမြွက် ပြောကြား လိုက်ပါတယ်၊ လနဲ့ချီ ကြာနေပြီဖြစ်တဲ့နိုင်ငံရေးပြဿနာကို အဆုံးသတ်နိုင်ဖို့ ဘယ်လိုဆွေးနွေး ညှိုနှိုင်းမှုကိုမှ မလုပ်နိုင်ဘူးဆိုပြီး အတိုက်အခံခေါင်းဆောင်က အရင်က ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်။
မြန်မာ့လူ့အခွင့်အရေး တိုးတက်မှု ကန် အသိအမှတ်ပြု
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ရာမှာ စိန်ခေါ်မှု အများအပြား ရှိနေသေးပေမဲ့လည်း ဆက်ပြီး အားပေးသွား ရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ၂၀၁၃ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီး ၀န်ကြီး ကယ်ရီက အဲဒီလိုပြောသွားတာပါ။
ကော်မရှင် အမေးဖြေဆိုဖို့ ရင်လတ် ကိုယ်စားလှယ် စေလွှတ်
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်က သူမကို လာဒ်စားမှုနဲ့ တရားစွဲဆိုထားတဲ့ ကိစ္စတွေ ဖြေကြား ပေးဖို့အတွက် သူမရဲ့ရှေ့နေကို လာဒ်ပေးလာဒ်ယူမှုတိုက်ဖျက်ရေးကော်မရှင်ဆီ ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
YES အထည်ချုပ်လုပ်သားတွေ ၃ရက်မြောက် ဆက်လက်ဆန္ဒပြ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ က YES အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ထောင်ကျော်ဟာ နေ့စဉ်ကြေးတိုးပေးဖို့ စက်ရုံအတွင်းမှာ ၃ ရက်မြောက်နေ့အဖြစ် တောင်းဆိုဆန္ဒပြနေကြပါတယ်။
Thursday, February 27, 2014
အဲပုဂံလေကြောင်း အရှုံးပေါ်ဟု ဦးတေဇ ၀န်ခံ
အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှု အမည်ပျက်စာရင်းသွင်းခံထားရသူ ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇက အဲပုဂံ လေကြောင်းလိုင်း အရှုံးပေါ်နေကြောင်း ဖေဖော်ဝါရီ ၂၅ရက်နေ့ ပူတာအိုမြို့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆို လိုက်သည်။
ဧည့်လမ်းညွှန်များ ဧည့်လမ်းညွှန် လိုင်စင်ကတ် ချိတ်ဆွဲ ထားရန်နှင့် ပြည်ပနိုင်ငံ အလံများ လွှင့်ထူ၍ ခရီးစဉ်လှည့်လည်ခြင်း မပြုရန် သတိပေး
ဧည့်လမ်းညွှန်များကို ခရီးစဉ် လှည့်လည်ရာတွင် ဧည့်လမ်းညွှန် လိုင်စင်ကတ် ချိတ်ဆွဲထားရန်နှင့် ပြည်ပနိုင်ငံ အလံများ လွှင့်ထူ၍ ခရီးစဉ် လှည့်လည်ခြင်း မပြုမိစေရန် သတိပေး အကြောင်းကြား ထားကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းမြတ် က ပြောကြားသည်။
ပလောင်ဒေသ လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရေး သမ္မတထံ တောင်းဆိုမည်
တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား ထိုးစစ်ဆင် တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေး
ခဲ့သော ပလောင်ဒေသခံများအတွက် လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရန် တောင်းဆိုချက် ခြောက်ချက် ကို နိုင်ငံတော်သမ္မတထံ ယခုရက်ပိုင်းအတွင်း တောင်းဆိုသွားမည် ဖြစ်ကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်း၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်လိုည်းပိုငယ် က ပြောကြားသည်။
ဆရာစံတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခံရမှုအပေါ် မကျေနပ်သဖြင့် ရပ်ကွက်နေပြည်သူများ ဆန္ဒပြ
ဗဟန်းမြို့နယ် ဆရာစံတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခဲ့ခြင်းကို ရပ်ကွက်နေပြည်သူများမှမကျေနပ်သဖြင့် ဖေဖော်ဝါရီ၂၅ရက်က ဆန္ဒပြခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-





























