Tuesday, October 8, 2013
လူတိုင်း ပညာသင်ကြားခွင့် ရရှိနိုင်သော မသင်မနေရ ပညာရေး ဥပဒေမူကြမ်းကို
ပညာရေးဝန်ကြီး ဌာနက ရေးဆွဲထားပြီး ဖြစ်ကြောင်း နေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် အောက်တို ဘာလ ၇ ရက်နေ့က
ကျင်းပသည့် လက်တွေ့ကျသော ပညာရေးပြုပြင် ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင်
ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဝင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြား သည်။“ရေးဆွဲပြီးသွားပေမယ့် ဘယ်မှမတင်သေးဘူး” ဟု ဥပဒေ ရေးဆွဲရေးတွင် ပါဝင်ထားသူ ဦးသန်းဦး က ပြောဆိုသည်။
မသင်မနေရ ပညာရေးဥပဒေ၏ နောက်ကွယ်တွင် အကျိုးဆက်များစွာ ရှိနေသည့်အ တွက်
အသေးစိတ် ရေးဆွဲရန် လိုအပ်ကြောင်း၊ သို့တည်း မဟုတ်ပါက ဥပဒေပြဋ္ဌာန်းပြီး
နောက်ပိုင်းတွင် ဥပဒေ အကြောင်းအရာများ ပေါ်ပေါက်လာနိုင်ကြောင်း ပညာရေး
ဒုတိယဝန်ကြီး (ငြိမ်း) ဦးအောင်မျိုးမင်း က ပြောကြားသည်။“မသင်မနေရ
ပညာရေးမှာ ကျောင်းမထားရင် အဲဒီမိဘကို အရေးယူလို့ရတယ်” ဟု ၎င်းက အောက်တိုဘာလ ၇
ရက်နေ့ အဆိုပါ ပညာရေး ဆွေးနွေးပွဲ တွင် ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် မသင်မနေရ မူလတန်းပညာရေးကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင်
စတင်ခဲ့သော်လည်း ပညာသင်ကြားခွင့်အတွက် ပံ့ပိုးမှုများစွာ လိုအပ်နေသေးကြောင်း
ပညာရေး လေ့လာစောင့်ကြည့်သူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။ လက်ရှိ
ပညာရေးဝန်ကြီးဌာနက အကောင်အထည် ဖော်နေသော မသင်မနေရ မူလတန်း ပညာရေး
စီမံချက်တွင် ကျောင်းသုံး ဗလာစာအုပ်များနှင့် ကျောင်းဝင်ခွင့်များ အခမဲ့
ပံ့ပိုးခြင်းအပြင် ငွေကျပ် တစ်ထောင်စီပါ ထောက်ပံ့ပေးထားသည်။
ယင်းသို့ ပညာရေးဝန်ကြီးဌာနက ပံ့ပိုးထားသော်လည်း ထောက်ပံ့မှုတိုင်းကို
မူလတန်း ကျောင်းသားတိုင်းလက်ခံမရရှိကြောင်း၊ ဝေးလံခေါင် သီသော ဒေသများအတွက် ငွေကျပ်တစ်ထောင်စီမှာတန်ဖိုးရှိသော်လည်းမြို့ပေါ်က
ကျောင်းသားများအတွက် မူ အသုံးမဝင်ကြောင်း ပညာရေး ဝန်ထမ်းအချို့က
ပြောကြားသည်။
၂၀၁၁-၂၀၁၂ ပညာသင်နှစ် မသင်မနေရ မူလတန်း ပညာရေးအတွက်
အသုံးစရိတ်သည် ကျပ် ၁၈၃၅ ဒသမ ၅ သန်းနှင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ကျပ်
၇၂၂၄ သန်းနီးပါး သုံးစွဲထားကြောင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင်
မြို့နယ်လုံးကျွတ် မသင်မနေရ မူလတန်းပညာရေး ဆောင်ရွက်ရန်
မြို့နယ်လေးမြို့နယ်တွင် စမ်းသပ်ပြုလုပ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ
သိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment