Tuesday, October 8, 2013
ယခုအခါ အသက်(၁၆)နှစ် ရှိပြီဖြစ်သည့် ကျောင်းသူလေးသည် ပါကစ္စတန်တွင်
တာလီဘန်တို့ ကြီးစိုးမှုကို ဆန့်ကျင်ပြီး မိန်းကလေးများ ပညာသင်ခွင့်အတွက်
စည်းရုံး ဆော်ဩမှုကြောင့် တာလီဘန်တို့၏ သတ်ဖြတ်ရန် အားထုတ်မှု နှစ်ကြိမ်နှင့် ရင်ဆိုင်ခဲ့ရ
မိမိတို့ အနေဖြင့် အခွင့်အရေးရလျှင် မာလာလာ ယူဆွတ်ဖ်ဇိုင်ကို လုပ်ကြံရန်
အားထုတ်ဦးမည်သာ ဖြစ်ကြောင်း ပါကစ္စတန်တာလီဘန်တို့ က ပြောကြား လိုက်သည်။
ယခုအခါ အသက်(၁၆)နှစ် ရှိပြီဖြစ်သည့် ကျောင်းသူလေးသည် ပါကစ္စတန်တွင်
တာလီဘန် တို့ ကြီးစိုးမှုကို ဆန့်ကျင်ပြီး မိန်းကလေးများ ပညာသင်ခွင့်အတွက်
စည်းရုံး ဆော်ဩမှုကြောင့် တာလီဘန် တို့၏ သတ်ဖြတ်ရန် အားထုတ်မှု နှစ်ကြိမ်နှင့်
ရင်ဆိုင်ခဲ့ရသည်။ ဒုတိယအကြိမ် အားထုတ်မှုတွင် မာလာလာ၏ ခေါင်းကို သေနတ်ဖြင့်
ပစ်ခတ်ခြင်း ခံရသော်လည်း အသက်မသေဘဲ ဗြိတိန်တွင် ဦးခေါင်းခွံ အစားထိုး
ကုသမှု ခံယူကာ ယခုအခါ ပြန်လည် ကျန်းမာနေပြီ ဖြစ်သည်။ ယင်းလုပ်ကြံမှု
ဖြစ်ပွားချိန်က မာလာလာ၏ အသက်မှာ (၁၅)နှစ်သာ ရှိသေးသည်။
တစ်နှစ်ကျော်မျှ ကြာမြင့်သည့်နောက် သူမ၏ ဇာတိဒေသဖြစ်သည့် ဆွက်တောင်ကြားတွင်
လှုပ်ရှားနေဆဲဖြစ်သော တာလီဘန်တို့က မာလာလာသည် အစ္စလာမ် ဘာသာရေး၏
အဆုံးအမများကို ဆန့်ကျင် စော်ကားကြောင်း စွပ်စွဲခဲ့ပြီး မိမိတို့၏
ပစ်မှတ်အဖြစ် ရှိနေဆဲဟု ခြိမ်းခြောက်ခဲ့သည်။ တာလီဘန်တို့၏ ပြောရေးဆိုခွင့်ရ
ပုဂ္ဂိုလ် ရှာဟီဒူလာ ရှာဟစ်က"မာလာလာကို ကျွန်တော်တို့ မမုန်းတီးပါဘူး။
သူ့ရဲ့ အတွေးအခေါ်ကိုသာ ဆန့်ကျင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘာသာရေးကို
ဆန့်ကျင်ဖို့ နှိုးဆော်ပြီး အစ္စလာမ်ကို ဝေဖန်ပုတ်ခတ်သူ မှန်သမျှဟာ
ကျွန်တော်တို့ရဲ့ ပစ်မှတ်ပဲ။ ဒါကြောင့် သူ့ကို လုပ်ကြံဖို့ နောက်ထပ်
နောက်ထပ် အကြိမ်ကြိမ် အားထုတ်နေပါမယ်"ဟု လျှို့ဝှက်သော နေရာတစ်ခုမှ
ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့သည်။
မာလာလာကို လုပ်ကြံမှု
သတင်းကြောင့် ဆယ်ကျော်သက် မိန်းကလေးသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို
ခံလာရသည်။ မာလာလာသည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် ရေပန်းစားနေသူများ
စာရင်းတွင်လည်း ပါဝင်လျှက် ရှိသည်။ မာလာလာက တစ်နေ့နေ့တွင် မိခင်နိုင်ငံသို့
ပြန်သွားကာ နိုင်ငံရေးသမား တစ်ဦးအဖြစ် ရပ်တည်လိုကြောင်း ပြောကြားထားသည်။
သူမက "ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ကို ပြောင်းလဲဖို့ဆိုရင် ပညာရေးဟာ
မဖြစ်မနေ လိုအပ်တဲ့ အရာပါပဲ"ဟု မှတ်ချက်ပြုထားသည်။
Planet Myanmar
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment