Monday, October 7, 2013
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်
တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရရာမှ
အောက်တိုဘာ ၅ ရက်နေ့ ည ၈ နာရီခန့်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွပ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောကြားသည်။ ကျောင်းကုန်းမြို့နယ် (၂) ရပ်ကွက် ဗောဓိကုန်း၊ ကျန်စစ်သား (၁) လမ်းတွင်နေထိုင်သူ အသက် ၄၆ နှစ်အရွယ် အစ္စလာမ် ဘာသာဝင် ဦးလှဝင်းဆိုသူက ၎င်း၏ အိမ်နီးချင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခြင်းနှင့် ပတ်သက်၍ ဒေသခံများက မကျေမနပ် ဖြစ်ရာမှ ပဋိပက္ခ ဖြစ်ပွားပြီး လူနေအိမ် ငါးလုံးနှင့် အစ္စလာမ် ဘာသာဝင် သုသာန်ရှိ ဇရပ်
တစ်ဆောင် မီးရှို့ ဖျက်ဆီးခံရကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့ည ၈ နာရီမှ
စတင်ခဲ့သော အဆိုပါ ပဋိပက္ခသည် နောက်တစ်နေ့ နံနက် ၁ နာရီကျော်တွင်
ထိန်းသိမ်းနိုင်ခဲ့ကြောင်း အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးသိန်းထွန်းက ပြောကြားသည်။
သြဂုတ်လ နောက်ဆုံးပတ်က နေအိမ်၌
မိန်းကလေးငယ် တစ်ဦးတည်း ရှိနေစဉ် ဦးလှဝင်းက အိမ်ပေါ်သို့ တက်ရောက်လာပြီး
ပါးစပ်ကို အဝတ်ဖြင့် ပိတ်ဆို့၍ အဓမ္မပြုကျင့်ခဲ့ပြီး မိဘများကို ပြန်ပြောပါက
သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုသဖြင့် မပြောရဲဘဲ ဦးလှဝင်း၏
ဇနီးဖြစ်သူကို မိန်းကလေးငယ်က တိုင်ကြားပြောပြခဲ့ရာ ဒေါ်နန်းကလည်း
မည်သူ့ကိုမျှ မပြောရန် ထပ်မံ ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ မိန်းကလေးက The
Voice သို့ ပြောကြားသည်။ “ကျွန်မသမီးလေး အလုပ်လုပ်တဲ့ ဆိုင်ရှင်အစ်မက သမီးလေး မှိုင်နေတာတွေ့လို့ မေးမှ သမီးက ဆိုင်ရှင်အစ်မကို ပြန်ပြောပြလို့ သိရပြီး ရဲစခန်းကို တိုင်ကြားရတာပါ” ဟု ယင်းမိန်းကလေး၏ မိခင်ဖြစ်သူက ပြောကြားသည်။ ကျောင်းကုန်း မြို့မရဲစခန်းတွင် တရားလို သားအမိကို စစ်ဆေး မေးမြန်းနေစဉ် ဒေသခံများ ရောက်ရှိလာပြီး တရားခံကို ထုတ်ပေးရန် တောင်းဆို၍
မြို့မဗလီအနီးရှိ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်သော နေအိမ်များကို
ဝိုင်းရံထားစဉ် ကျောင်းကုန်းမြို့ရှိ သံဃနာယက ဆရာတော်ကြီးများနှင့်
သံဃာတော်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့များ၊ လုံခြုံရေး
ရဲတပ်ဖွဲ့ဝင်များ ရပ်မိရပ်ဖများက ဝိုင်းဝန်းထိန်းသိမ်း ကြသဖြင့်
မြို့မရပ်ကွက်မှာ ပျက်စီးဆုံးရှုံးမှု မရှိသော်လည်း တရားခံ၏ မိသားစုဝင်များ
နေထိုင်သော
နေအိမ်သုံးလုံးဖျက်ဆီးခံရပြီးအစ္စလာမ်သုသာန်ရှိဇရပ်တစ်ဆောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ
မူဆလင်များ ဘာသာရေးအဖွဲ့ ကျောင်းကုန်းမြို့နယ် ဥက္ကဋ္ဌ ဦးအုန်းမောင်က ပြောဆိုသည်။
“လူတစ်ဦးတစ်ယောက်ရဲ့စာရိတ္တ ချို့ယွင်းမှုကြောင့် ဖြစ်ရတာ ဘာသာရေး
လူမျိုးရေးနဲ့ မဆိုင်ပါဘူး။ ဒီလူကြောင့် ကျွန်တော်တို့ တစ်မြို့လုံး
စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူက အစ္စလာမ် ဘာသာရဲ့
အဆုံးအမအောက်မှာ မရှိတဲ့သူ ဖြစ်တယ်။ သူ့ကို ထိထိရောက်ရောက် အရေးယူပေးဖို့
သက်ဆိုင်ရာကို အကြောင်းကြား တောင်းဆိုပြီးပါပြီ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ကျောင်းကုန်းမြို့တွင် အစ္စလာမ် ဘာသာဝင် အိမ်ထောင်စု ၁၇၃ စုရှိပြီး
မြို့မဘက်ကမ်းတွင် ဗလီတစ်လုံးနှင့် မြို့တစ်ဖက်ကမ်းတွင် ဗလီတစ်လုံး
ရှိကြောင်း၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအဖွဲ့
ဖွဲ့၍ ပဋိပက္ခများကိုငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန်
ဒေသအာဏာပိုင် များနှင့် လူမှုရေး အဖွဲ့များက လုပ်ဆောင်နေကြပြီး ပြစ်မှု
ကျူးလွန်သူကို ကျောင်းကုန်းမြို့ မြို့မရဲစခန်းတွင် ပြစ်မှုအမှတ် ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြိုခံများထံမှ စုံစမ်းသိရှိရသည်။
မောင်မျိုးထက် (ပုသိမ်)
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment