Tuesday, October 8, 2013
ယခုနှစ်ကုန်တွင် ပြုလုပ်မည့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ညီလာခံတွင် ရွေးချယ်ခံရသော လူငယ်များကိုဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက်အုပ်ချုပ်သွားမည်ဟု NLDဗဟိုအလုပ်မှုဆောင် ကော်မ တီဝင် ဦးဟန်သာမြင့်က မဇ္ဈိမကို ပြောသည်။NLD ၏ လူငယ်ညီလာခံကို ၂၀၁၃ခု နှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး
ညီလာခံမှ ရွေးချယ်ခံရသော လူငယ်များကို အရည်အချင်းပြည့်မီသူများ အဖြစ်
မွေး ထုတ်သွားနိုင်ရန် NLD ပါတီ၏ ဗဟို လူငယ်တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်က
အုပ်ချုပ်မည်ဟု ဦးဟန်သာမြင့်က ဆိုသည်။ “လူငယ်တွေရဲ့
အရည်အချင်းတွေပေါ်မူတည်တယ်။ လူတစ်ဦးချင်းစီရဲ့ လွှတ်တော်ဝင်နိုင်တဲ့
စွမ်းဆောင်ရည်တွေကို အရည်အသွေးတွေကို စိစစ်ပြီး နောင်လာ မည့်
ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်မှု ဖြစ်လာမှာပါ”ဟု ဦးဟန်သာမြင့်က
ပြောသည်။ ညီလာခံတွင် ရွေးချယ်ခံရသူများအား နိုင်ငံရေးနှင့်
ပတ်သက်သော သင်တန်းများ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ ဥပဒေ၊ လွှတ်တော်တွင်
ကိုယ်စားလှယ်တစ်ယောက်၏ အရည်အချင်းမြှင့်တင်ရေး သင်တန်းများ အပြင်
ပြည်ပသင်တန်းများပါ စေလွှတ်သင်ကြားစေပြီး အရည်အချင်းပြည့်မီသူအား ၂၀၁၅၊ ၂၀၂၀
စသော ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်စေမည်ဟု သိရသည်။
လူငယ်ညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြည်နယ်နှင့်တိုင်း အသီးသီးတွင်
ကျေးရွာများအထိ ကွင်းဆင်းမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။
ညီလာခံတက်ရောက်ရန် ရပ်ကွက်အလိုက် ၀င်ရောက် အရွေးချယ်ခံသည့်
လူဦးရေပေါ်မူတည်ကာ အချိုးကျ ပြန်လည်ရွေးချယ်မည် ဖြစ်သည်။
သာကေတမြို့နယ်တွင်မူ ညီလာခံတက်ရောက်ရန် တစ်ရပ်ကွက်လျှင် လူငယ်ငါးဦးနှုန်း
ရွေးချယ်ရန် သတ်မှတ်ထားပြီး ထိုမှတစ်ဆင့် မြို့နယ်အဆင့်တွင် ထွက်လာမည့်
လူဦးရေပေါ်မူတည်ကာ တာဝန်ခံ ၁၅ ဦးနှင့် အရံအဖွဲ့ဝင် ငါးဦး ရွေးချယ်မည်
ဖြစ်သည်။
ထိုသို့ တစ်မြို့နယ်လျှင် အယောက်၂၀ ရွေးချယ်ပြီး
တိုင်းနယ်ပြည်နယ်အဆင့်ဆင့် ရွေးချယ်သွားကာ ဗဟိုညီလာခံကိုဆက်လက်ကျင်းပမည်ဖြစ်ကြောင်းသာကေတမြို့နယ်လူငယ်ညီလာခံ ပေါ်ပေါက်ရေး
ကော် မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ရှင်းပြသည်။ လူငယ်ညီလာခံတွင်
ဝင်ရောက်ယှဉ်ပြိုင်မည့်သူသည် အသက် ၁၆နှစ်မှ ၃၅နှစ်အတွင်း
လူငယ်များဖြစ်ရမည်ဖြစ်ပြီး ကိုယ်ရေးရာဇ၀င်အပြည့်အစုံနှင့်
ဓာတ်ပုံသုံးပုံကို နှစ်ပတ်အတွင်း သက်ဆိုင်ရာမြို့နယ်အလိုက်
စာရင်းပေးသွင်းရန် လိုအပ်သည်။
၁၉၈၈ ခုနှစ် NLD ပါတီ၏ ဖွဲ့စည်းပုံ မူဝါဒတွင် လူငယ်များ၏ အခန်းကဏ္ဍကို သီးသန့်ရေးဆွဲထားသည်။
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment