ထိုင်းနိုင်ငံ အခြေစိုက် ကော်ပိုရေးရှင်းတခုက မွန်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံလူထုက ကန့်ကွက်ဆန္ဒပြခဲ့သဖြင့် မြန်မာအစိုးရ၏ ခွင့်ပြု ထောက်ခံမှု ရရှိရေး ထိုင်းကုမ္ပဏီက တောင်းခံလိုက်သည်။
Friday, September 05, 2014
အစ္စလာမ် အစွန်းရောက် ယူကရိန်း ပြဿ နာနဲ့ NATO စည်းဝေးပွဲ
အရှေ့အလယ်ပိုင်းဒေသမှာ အသာစီးရနေတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကို ရင်ဆိုင်နေရတဲ့အချိန် လည်းဖြစ်၊ ရုရှားတပ်ဖွဲ့တွေ ယူကရိန်းနိုင်ငံ ကျူးကျော် ၀င်ရောက်စွက်ဖက်မှုတွေ ဖြစ်နေတဲ့ ကာလမှာ နေတိုး မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ဝင် မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေး ကို ဗြိတိန်နိုင်ငံမှာ ဖွင့်လှစ်လိုက်ပါတယ်။
Al-Qaida လှုပ်ရှားမှု အိန္ဒိယ တိုက်ငယ်မှာ စတင်
Al- Qaida အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Ayman al-Zawahiri က အိန္ဒိယတိုက် နိုင်ငံတချို့မှာ အစ္စလာမ်အစွန်းရောက် လှုပ်ရှားမှုတွေ ဖြန့်ကျက် လုပ်ဆောင်ဖို့ အဖွဲ့ခွဲသစ်တခု ဖွဲ့စည်းလိုက်ပြီလို့ ပြော လိုက်ပါတယ်။ ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ၅၅ မိနစ်ကြာ ဗွီဒီယိုထဲမှာ ဒီအဖွဲ့ခွဲသစ် ဖွဲ့ဖို့ ၂ နှစ်ကြာ ပြင်ဆင်ခဲ့ရတယ်ဆိုပြီးတော့လည်း Zawahiri က ပြောဆိုခဲ့ပါတယ်။
ယူကရိန်းမှာ အပစ်ရပ်ရေး သဘောတူချက် ရတော့မလား
ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ နှစ်ဦး သဘောတူ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီး သောကြာနေ့မှာ လက်မှတ်ထိုးနိုင်ရင် ယူကရိန်း - ရုရှားနယ်စပ်မှာ ၅ လကြာလောက် ဖြစ်ပေါ်နေ တဲ့ တိုက်ပွဲတွေ အဆုံးသတ်ဖို့ အဆင်သင့်ပဲလို့ ယူကရိန်းသမ္မတ Petro Poroshenko က ပြောကြား လိုက်ပါတယ်။
အကြမ်းဖက် အဖွဲ့များ ပစ်မှတ်ထား တိုက်ခိုက်နိုင်သဖြင့် လုံခြုံရေး ကြိုတင်ပြင်ဆင်ထားဟုဆို
မြန်မာနိုင်ငံ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာ နိုင်ကြောင်းကို လွန်ခဲ့သော နှစ် အနည်းငယ်ကတည်းက ကြိုတင် သိရှိထားသောကြောင့် နိုင်ငံတော် လုံခြုံရေးအတွက် လိုအပ်သော ပြင်ဆင် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။
ထားဝယ်တွင် အမျိုးသမီး လယ်သမားများ ဆန္ဒပြ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ အမျိုးသမီးတွေ အများစုပါဝင်တဲ့ လယ်သမား ၃၀ လောက်က ဖမ်းဆီးထောင်ချခံလယ်သမားတွေ ပြန်လည်လွတ်မြောက်ရေးနဲ့၊ သိမ်းဆည်းခံလယ်ယာမြေတွေ ပြန် ရရေး မြို့တွင်းလှည့်လည် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အစိုးရဆန့်ကျင်ရေး လှုံ့ဆော်သူ မလေးရှားကျောင်းသား ထောင် ၁၀ လ ချမှတ်ခံရ
အစိုးရဆန့်ကျင်ရေးလှုံ့ဆော်သူ ကျောင်းသားတစ်ဦးကို မလေးရှားတရားရုံးက စက်တင်ဘာ ၅ ရက်တွင် ထောင်ဒဏ် ၁၀ လချမှတ်လိုက်ကြောင်း သိရသည်။ မလေးရှားအစိုးရက လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်အား ဖိနှိပ်ထားသည့် ကိုလိုနီခေတ်ဥပဒေအား ပြင်ဆင်ရန် ကတိပြု ထားသော်လည်း အဆိုပါ ဥပဒေ ဖြင့် အစိုးရအား ဝေဖန်သူများကို အပြစ်ပေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။
တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား တောင်အာဖရိက ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှု ငြင်းပယ်ခံရ
တောင်အာဖရိကနိုင်ငံ ကိတ်တောင်းတွင် ကျင်းပမည့် နိုဘယ်ဆုရှင်များ ဆွေးနွေးပွဲ တက်ရောက်ရန် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှုကို ငြင်းပယ်ခံရ ကြောင်း ၎င်း၏ ကိုယ်စားလှယ်ဖြစ်သူ နန်ဆာချိုဒန်က ပြောကြားခဲ့သည်ဟု Cape Times သတင်းစာက စက်တင်ဘာ ၄ ရက်တွင် ဖော်ပြခဲ့သည်။
ငွေအလွယ်ရရန် လမ်းမှားလိုက်မိခဲ့ဟု ပြည့်တန်ဆာမှုဖြင့် ဖမ်းဆီးခံရသူ ဘောလိဝုဒ် မင်းသမီး ဖွင့်ဟ
ရှဝီတာ ပရာဆက် (ညာအစွန်ကို) အိန္ဒိယ အမျိုးသားရုပ်ရှင် ဆုပေးပွဲ၌ ထိုစဉ်က သမ္မတ အဗ္ဗဒူရယ် ကာလမ်နှင့် အတူ တွေ့ရစဉ်။
အသက် ၁၁ နှစ် အရွယ်ကပင် ကလေးသရုပ်ဆောင် တစ်ဦးအဖြစ် ဘောလိဝုဒ် အသိုင်းအ၀ိုင်း အတွင်း အောင်မြင် ကျော်ကြား နေခဲ့သည့် သရုပ်ဆောင် ရှဝီတာ ပရာဆက်သည် ပြည့်တန်ဆာ မှုဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက အိန္ဒိယ နိုင်ငံ ဟိုင်ဒရာဘတ် မြို့တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ကရင်ပြည်နယ်လွှတ်တော်တွင် ဥပဒေ ၂ ခု အတည်ပြု
၃ ရက်ကြာ ကျင်းပခဲ့တဲ့ ကရင်ပြည်နယ် လွှတ်တော်အတွင်း ပြည်နယ်ရေချို ငါးလုပ်ငန်း ဥပဒေနဲ့ ကုန်တင်ကုန်ချ နည်းဥပေဒေ ၂ ခုကို အတည်ပြုနိုင်ခဲ့တယ်လို့ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောပါတယ်။ကရင်ပြည် နယ်အတွင်း ရေချိုငါးလုပ်ငန်းနဲ့ပတ်သက်ပြီး ငါးဖမ်းခွင့်လိုင်စင်၊ အပြစ်ပေးအရေးယူမှု အစရှိတဲ့ ပုဒ်မ ၄၀ ကျော် ပါဝင်တဲ့ ရေချို ငါးလုပ်ငန်းဥပေဒကို အတည်ပြုခဲ့တယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး စက်တင်ဘာ ၂၂ ရက်နေ့တွင် ပြုလုပ်မည်
ဥပဒေကြမ်းနှစ်ခု ဆွေးနွေးရန်အတွက် ရပ်နားလိုက်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးကို စက်တင်ဘာ ၂၂ ရက်နေ့တွင် အထူးအစည်းအဝေးအဖြစ် ပြန်လည်ပြုလုပ်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
အာဖဂန်နစ္စတန်တွင် အသေခံဗုံးဖောက်ခွဲမှုကြောင့် ၁၈ ဦး သေဆုံး
အာဖဂန်နစ္စတန်အလယ်ပိုင်းက ဂါဇနီမြို့မှာ စက်တင်ဘာလ ၄ ရက်နေ့က ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်တင်ကား ၂ စီးနဲ့ အသေခံဗုံး ဖောက်ခွဲမှုတွေကြောင့် လူ ၁၈ ဦးသေဆုံးခဲ့ပြီး ၁၅၀ ကျော် ဒဏ်ရာရရှိသွားကြ ပါတယ်။ဂါဇနီ မြို့ထောက်လှမ်းရေးနဲ့ အာဖဂန်လျှပ်တပြတ်တိုက်ခိုက်ရေး တပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အာဖဂန် အာဏာပိုင် တွေက ဆိုပါတယ်။
ယူကရိန်းကို ဝင်တိုက်သည့် ရုရှားသည် စစ်အေးခေတ် နောက်ပိုင်း ပထမဆုံး ရန်စသောနိုင်ငံဟု NATO အကြီးအကဲ စွပ်စွဲ
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒေသ၌ ဖြစ်ပေါ်နေသည့် စစ်မက်ပဋိပက္ခတွင် ရုရှားနိုင်ငံက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယခုအခါ ရုရှားကို စစ်အေးခေတ်ကာလ နောက်ပိုင်း ပထမဆုံး ရန်စပြုမူသော နိုင်ငံအဖြစ် မိမိတို့က ရှုမြင်ထားပြီ ဖြစ်သည်ဟု NATO အဖွဲ့ အကြီးအကဲက စွပ်စွဲပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
မြန်မာအလှမယ် မေမြတ်နိုးထံမှ သရဖူ ပြန်လည်ရရှိရန် တရားဥပဒေအရ ဆောင်ရွက်မည်ဟုဆို
မြန်မာအလှမယ် မေမြတ်နိုး ယူဆောင်သွားသော ကိုရီးယားဝမ် သန်း ၁၀၀ တန်ကြေးရှိ သရဖူကို ပြန်လည်ရရှိရန်အတွက် တရားဥပဒေ နည်းလမ်းအရသာ ဆောင်ရွက်တော့မည်ဟု Miss Asia Pacific World Organization မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ကိုရီးယားနိုင်ငံအခြေစိုက် Koreatimes သတင်းဌာနက ဖော်ပြခဲ့သည်။
ထိုင်းအစိုးရအဖွဲ့အသစ် ဘုရင့်ရှေ့ ပထမဆုံး အခစားဝင်
စစ်ခေါင်းဆောင်တွေ အများစုနဲ့ ဖွဲ့ထားတဲ့ ထိုင်းအစိုးရအဖွဲ့သစ်ဟာ စက်တင်ဘာလ ၄ ရက်နေ့မှာ ဘုရင်ရှေ့တော်မှာ ပထမဆုံး အခစားဝင်တယ်။ ဒါဟာ အစိုးရသစ်အနေနဲ့ နောက်ထပ် အနည်းဆုံး တနှစ်အတွင်း နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း တာဝန်တွေကို တရားဝင် စတင်ထမ်းဆောင်နေတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။
နမ့်ခမ်းမြို့နယ်တွင် သတ္တုတူးဖော်ရေးရပ်တန့်ရန် ဒေသခံ ၂၀၀၀ ကျော် ဆန္ဒပြ
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှု ရှိနေတဲ့အတွက် ထောင်နဲ့ချီ တဲ့ဒေသခံတွေ ဒီကနေ့ မနက် ၈ နာရီကစပြီး စုရုံးချီတက်ဆန္ဒပြနေကြပါတယ်။ဒေသခံတွေဟာ နမ့်ဆီးရီးချောင်း တံတားထိပ်ကို မနက် ၈ နာရီကတည်းက စုရုံးရောက်ရှိနေပြီး နမ့်ခမ်းမြို့လယ်ခေါင်က ပန်ပွဲဆိုတဲ့ ကွင်းပြီဆီ အရောက်သွားဖို့ ပြည်ထောင်စု လမ်းတလျှောက် ကြွေးကြော်သံတွေနဲ့ ဆန္ဒပြချီတက်နေတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
မလေးရှားနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဟု တရုတ်သမ္မတပြော
မလေးရှားဘုရင် အဗ်ဒူဟာလင်းမ်ရဲ့ တရုတ်နိုင်ငံအလည်အပတ်ခရီးဟာ ၂ နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်စေလိမ့်မယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ခေါင်းဆောင် ၂ ယောက် စက်တင်ဘာ ၄ ရက်နေ့ တွေ့ဆုံမှုအတွင်း ပြောပါတယ်။
အမေရိကန်တွင် လုပ်အားခတိုးမြှင့်ပေးရေး ဆန္ဒပြပွဲများ ဖြစ်ပေါ်
အမေရိကန် နယူးယောက်မြို့အပါအ၀င် အမေရိကန်မြို့ကြီး ၁၅၀ မှာ Fast-food ဆိုင် အလုပ်သမားတွေ ၁ နာရီလုပ်ခ တနာရီ ၁၅ ဒေါ်လာတိုးပေးရေး စက်တင်ဘာလ ၄ ရက်နေ့က ဆက်လက်ဆန္ဒပြခဲ့ကြ ပါတယ်။ Fast-food ဆိုင်ကြီးတွေဖြစ်တဲ့ မက်ဒေါနယ်၊ ဘာဂါကင်း၊ မ၀်ဒီ၊ ကေအက်ဖ်စီက အလုပ်သမား
တွေ ပါဝင်ကြပြီး ဒီလိုအလုပ်သမားတွေရဲ့ အကြီးဆုံးဆန္ဒပြပွဲတွေလို့ ဆိုပါတယ်။
အပစ်ရပ်စဲရေးစာချုပ်မူကြမ်း အပြီးသတ်အချောသပ်ဆွေးနွေးနိုင်ရန် UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲကို အနည်းဆုံးငါးရက်အထိ ပြုလုပ်ရန်ရည်ရွယ်ထား
သဘောတူညီမှုရရှိရန် အချက်အနည်းငယ်သာ ကျန်ရှိတော့သည့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း အပြီးသတ်အချောသပ်ဆွေးနွေးနိုင်ရန် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ယခုစက်တင်ဘာလအတွင်းပြုလုပ်ရန် နှစ်ဖက် သဘောတူညီထားသော ဆွေးနွေးပွဲကို အနည်းဆုံးငါးရက်အထိပြုလုပ်ရန် NCCT ဘက်မှ ရည်ရွယ်ထားကြောင်း သတင်းရရှိသည်။
အီဘိုလာရောဂါ ကူးစက်ပါက ထိန်းချုပ်နိုင်ဟု တရုတ်ပြော
အီဘိုလာရောဂါဟာ တရုတ်နိုင်ငံကို တကြိမ်မဟုတ်တကြိမ် ရောက်လာနိုင်ပေမယ့် အနောက်အာဖရိက နိုင်ငံတွေမှာလို အပြင်းအထန်ဖြစ်ပွားနိုင်ခြေ အတော်နည်းတယ်လို့ တရုတ်ကူးစက်ရောဂါဌာနက စက်တင်ဘာလ ၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဓမ္မစေတီကြောင့် ဒုတိယအကြိမ် စိတ်ဝမ်းမကွဲကြစေလိုပါ
ယခုရက်ပိုင်းတွင် ပြည်သူအချင်းချင်းကြားမှာ ရောသတင်းမီဒီယာ အချင်းချင်းကြားမှာပါ အငြင်းပွားဖွယ် ရာအဖြစ်ဆုံးကိစ္စတစ်ခုသည် ဓမ္မစေတီ ခေါင်းလောင်းကြီးဆယ်ယူရေးကိစ္စပင်ဖြစ်ပါသည်။ ဓမ္မ စေတီ ခေါင်းလောင်း အမှန်တကယ်ရှိတယ်၊ မရှိဘူး။ နဂါး စောင့်နေတာ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး။ ခေါင်းလောင်းကြီး တွေ့ထားပြီဆိုတာ ဟုတ်တယ်၊ မဟုတ်ဘူး စသည်ဖြင့် အမျိုးမျိုးငြင်းခုံနေကြသည်။
“လူတိုင်း အကျုံးဝင်တဲ့ ပညာရေး ဖြစ်လာအောင် ဖော်ဆောင်မယ်”
ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသားပညာရေးဥပဒေကြမ်း အတည်ပြုလိုက်ပြီးနောက် အခြေခံပညာ ကဏ္ဍတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသည်။ ပညာရေး ပြုပြင်ပြောင်းလဲမှုများ တွင် အရွယ်ရောက်သည့် ကလေးတိုင်း ကျောင်းနေနိုင် ရေး၊ အခမဲ့ ပညာရေး စနစ်ဖော်ဆောင်ရေး၊ ကျောင်းသားဗဟိုပြု သင်ကြားမှုစနစ် ဖော်ဆောင်ရေး စသည်တို့ ပါဝင်သည်။
KNU တပ်ပေါင်းစုကို ပြန်လာမလား
တပ်ပေါင်းစုလို့ ခေါ်တဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင် အဖြစ် က ယာယီရပ်ဆိုင်းခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကို UNFC ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး နယ်ပယ်အသီးသီးက ခေါင်းဆောင် တွေက ပြန်လည် ပေါင်းစည်းစေလို ကြပါ တယ်။
Miss Asia Pacific World Organization နှင့် မေမြတ်နိုး၏ မိခင်ဖြစ်သူတို့ ဥပဒေကြောင်းအရ အပြန်အလှန်ရင်ဆိုင်မည်ဟုဆို
Miss Asia Pacific World Organization နှင့် မေမြတ်နိုး၏ မိခင်ဖြစ်သူတို့ ဥပဒေကြောင်းအရ အပြန် အလှန်ရင်ဆိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ Miss Asia Pacific World Organization အနေဖြင့် မေမြတ်နိုးအား ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင် ရွက်ရခြင်းမှာ သရဖူပြန်လည်ရယူလိုခြင်းထက် မေမြတ်နိုး၏ လိမ်ညာခဲ့မှုများအတွက်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်း၏ Founder တစ်ဦးဖြစ်သူ Lawrence Choi ထုတ်ဖော်ပြောကြားသည်။
ထိုင်ဝမ်တွင် နှစ်စဉ် ထိုင်ဝမ်ဒေါ်လာ သန်းတစ်ရာခန့် ရသည့် ပြည့်တန်ဆာဂိုဏ်းကို အာဏာပိုင်များ ဖမ်းဆီး
တရုတ်အမျိုးသမီးငယ်များကို ပြည့်တန်ဆာအဖြစ် ခိုင်းစားခေါင်းပုံဖြတ်နေပြီး တစ်နှစ်လျှင် ထိုင်ဝမ် ဒေါ်လာ သန်း ၁၀၀ ခန့် (အမေရိကန်ဒေါ်လာ သုံးသန်း)ခန့် ၀င်ငွေရရှိနေသော ဂိုဏ်းတစ်ဂိုဏ်းကို ထိုင်ဝမ် အာဏာပိုင်များက ၀င်ရောက် စီးနင်းခဲ့ကြောင်း ပြောကြားခဲ့သည်ဟု စက်တင်ဘာ ၄ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယူကရိန်းမြေပေါ်က ရုရှားတပ်များ ရုပ်သိမ်းရန် နေတိုးစစ်မဟာမိတ်အဖွဲ့ တောင်းဆို
ယူကရိန်းမြေပေါ်ကနေ ရုရှားတပ်တွေ ရုပ်သိမ်းဖို့နဲ့ ခွဲထွက်ရေးသူပုန်တွေကို ထောက်ပံ့နေတာ ရပ်တန့်ဖို့ ဗြိတိန်နိုင်ငံ ဝေလပြည်နယ်မှာ ကျင်းပနေတဲ့ နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးက ရုရှား ကို တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်၌ နိုင်ငံသားစိစစ်နေချိန်တွင် OIC ရောက်လာခြင်းကို ရခိုင်အမျိုးသားရေး အင်အားစုများ ဝေဖန်
နိုင်ငံသားပြုခွင့်ရသူများ နှင့် တရားမဝင် ဝင်ရောက်လာသူများကွဲပြားစေရန် ၁၉၈၂ ခုနှစ် ဥပဒေဖြင့် စိစစ်နေသည့်ကာလတွင် ရခိုင်ပြည်နယ်သို့ OIC လာ ရောက်ခြင်းသည် ကောင်းသော လက္ခဏာ မဟုတ်ကြောင်း အစ္စလာမ်မစ်နိုင်ငံ များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံ ရာတွင် ရခိုင်အမျိုးသားရေးအင်အားစုများက ပြောကြားလိုက်သည်။
Thursday, September 04, 2014
ရှမ်းနှင့်ပအိုဝ်း ပြဿ နာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးရန် အစိုးရတိုက်တွန်း
ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ (အက်စ်အက်စ်အေ/ အာစီအက်စ်အက်စ်) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို)တို့အကြား ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးကြဖို့ အစိုးရက တိုက်တွန်းလိုက်ပါတယ်။
ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှုအပြီးတွင် ရန်ကုန်မြစ်အတွင်း၌ မြစ်ကြောင်း ပြောင်းလဲမှုများဖြစ်လာနိုင်ချေမရှိဘဲ ဝဲဂယက်တစ်ခုသာ ဖြစ်ပေါ်လာနိုင်ဟုဆို
ဓမ္မစေ တီခေါင်းလောင်းတော်ကြီး ဆယ်ယူမှုအပြီးတွင် ရန်ကုန်မြစ်အတွင်း၌မြစ် ကြောင်းပြောင်းလဲမှု များ ဖြစ်လာနိုင် ခြင်းမရှိဘဲ ကြီးကြီးမားမားအနေဖြင့် ဝဲဂယက် တစ်ခုသာ ဖြစ်ပေါ်လာနိုင် ကြောင်း မြန်မာနိုင်ငံရေအရင်းအမြစ် နှင့် မြစ်ချောင်းအင်းအိုင်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဌာနမှူး ဦးသောင်းလွင် က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်တွေ မေ့ပြီလား
အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တယောက် မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ပေါ်လစီ နဲ့ပတ်သက်လို့ စိတ်ပျက်နေတာကို ဘယ်သူမှ သတိထားမိပုံမပေါ်ပါဘူး။ အထူးသဖြင့် အမေရိကန်ရဲ့ မြန်မာစစ်တပ်နဲ့ စစ်တပ်ချင်း ဆက်ဆံရေး ပေါ်လစီ နဲ့ ပတ်သက်ပြီးတော့ပေါ့။
မြန်မာနိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံသူအဖြစ် ဂျာမနီနိုင်ငံအား သမ္မတ ဦးသိန်းစိန် ကမ်းလှမ်း
ဂျာမနီ နိုင်ငံအား မြန်မာနိုင်ငံ၏ အဓိကရင်း နှီးမြှုပ်နှံသူအဖြစ် ဂျာမနီသို့ရောက်ရှိ နေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကမ်းလှမ်းလိုက်ကြောင်း သိရသည်။ ဂျာမနီနိုင်ငံ မြို့တော်ဘာလင်သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် စက်တင်ဘာ ၃ရက်နံနက်ပိုင်းက ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာမာကယ်လ်နှင့် တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ဦးသိန်းစိန် က အထက်ပါအတိုင်းတရားဝင်ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။
မေမြတ်နိုးအား တောင်းပန်မည်မဟုတ်ဘဲ တရားစွဲဆိုသွားမည်ဟု ကိုရီးယား အဖွဲ့အစည်းဘက်မှ တုံ့ပြန်
Miss Asia Pacific World 2014 ပြိုင်ပွဲကို စီစဉ်သည့် အဖွဲ့အစည်းအနေဖြင့် မေမြတ်နိုးအား တောင်းပန် မည်မဟုတ်ဘဲ သရဖူ ခိုးယူမှုဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း The Korea Times သတင်းဌာန က ယမန်နေ့က ဖော်ပြသည်။
လီဆူတိုင်းရင်းသားများ မှတ်ပုံတင်ရရှိရေး ပြည်ထောင်စုအစိုးရသို့ ယခုလအတွင်းတင်ပြမည်
မှတ်ပုံတင်မရရှိသေးသော လီဆူတိုင်းရင်းသားများကို သက်ဆိုင်ရာဒေသ အလိုက် စိစစ်နေပြီး စာရင်းပြုစု ပြီးပါက ပြည်ထောင်စုအစိုးရထံ စက်တင်ဘာလကုန်တွင် တင်ပြသွားရန်ရှိကြောင်း လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူး လေးပါတီ)မှ ဗဟိုအတွင်းရေးမှူး ဦးလာ ပြာလေးက ပြောသည်။
ရခိုင်နှင့် ဘင်္ဂါလီ နီးကပ်သည့် နေရာများတွင် လုံခြုံရေး တိုးမြှင့်ပေးရန် ဒုသမ္မတထံ တောင်းဆို
ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရခိုင်ပြည်နယ်ရှိ ရခိုင်နှင့် ဘင်္ဂါလီ နီးကပ်စွာ နေထိုင်နေကြ သည့် နေရာများတွင် လုံခြုံရေးအင်အား တိုးမြှင့်ပေးရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို စစ်တွေမြို့ ဒေသခံများက တောင်းဆိုလိုက်သည်။
ဘုံသဘောတူသည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရရေး ပါတီအချို့ စတင်ကြိုးပမ်း
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက် ရှေ့ဆက်သွားရမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ မှတ်ပုံတင်ပြီးသော ပါတီ ၆၇ ပါတီလုံး၏ သဘောဆန္ဒနှင့် ညီမျှသည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တစ်ခု ဖြစ်လာစေရေး ကြိုးပမ်းသွားမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
ဖမ်းမိထားသည့် IS စစ်သွေးကြွက တရုတ်နိုင်ငံသားဟု ပြောကြား
ဖမ်းမိထားသည့် IS စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးက မိမိသည် တရုတ်နိုင်ငံသားဖြစ် ကြောင်း ထုတ်ဖော် ပြောကြားထားသည်ဟု အီရတ် ကာကွယ်ရေးဝန်ကြီးဌာန၏ အာရပ်ဘာသာဖြင့် ရေးသားထားသော ဖေ့စ်ဘွတ်ပေါ်တွင် စက်တင်ဘာ ၂ ရက်က ထွက်ပေါ်လာခဲ့သည်။
အိန္ဒိယ အထိ အင်အား တိုးချဲ့သွားမယ်လို့ Al-Qaeda ပြော
ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်မစ်အစွန်းရောက် လုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် Al-Qaeda အဖွဲ့ အနေနဲ့ အိန္ဒိယနိုင်ငံနဲ့ မြန်မာလို အနီးတဝိုက်ဒေသတွင်းအထိ စစ်သွေးကြွတွေကို ထားရှိမယ်လို့ ပြော ပါတယ်။
သတင်းထောက် ၂ ဦး ခေါင်းဖြတ်သတ်ရုပ်သံ တချိန်တည်းတွင် ရိုက်ကူး ခဲ့ခြင်းမဟုတ်ဟု အမေရိကန်အစိုးရ ပြော
အမေရိကန်သတင်းထောက် စတီဗင်စော့လော့ဖ်နဲ့ ဂျိမ်းစ်ဖိုလေးတို့ကို ခေါင်းဖြတ်နေပုံ ပြထားတဲ့ ရုပ်သံ
တွအပေါ် ထောက်လှမ်းရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်အရ တချိန်တည်းမှာ ရိုက်ကူးခဲ့တာ မဟုတ်ဘူး လို့ အမေရိကန် အစိုးရ ပြောခွင့်ရ ဂျန်စာကီက စက်တင်ဘာ ၃ ရက်နေ့က ပြောဆိုလိုက်ပြီး ဖိုလေးကို ရိုက်ကူးအပြီးမှာ စော့လော့ဖ်ကို ရိုက်ကူးခဲ့တာလို့ သူကပြောပါတယ်။
ယူကရိန်းသွေးစွန်းမှု အဆုံးသတ်ရေး ခြေလှမ်း ၇ ရပ် စီမံကိန်း ရုရှားသမ္မတ အဆိုပြု
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းသွေးစွန်းမှုအဆုံးသတ်ရေး ခြေလှမ်း ၇ ရပ် စီမံကိန်းကို ပြီးခဲ့ တဲ့ စက်တင်ဘာ ၃ ရက်နေ့က အဆိုပြုခဲ့ပါတယ်။ ယူကရိန်းသမ္မတ ပတ်ထရိုပိုရိုရှန်ကိုနဲ့ တယ်လီဖုန်း စကားပြောအပြီးမှာ ယူကရိန်းအကြမ်းဖက်မှုအပေါ် သူတို့အမြင်က သိပ်ကိုနီးစပ်တယ်။ ယူကရိန်းအစိုးရ နဲ့ သူပုန်တွေကြား သဘောတူညီချက်က လာမဲ့ စက်တင်ဘာ ၅ ရက်နေ့မှာ ရနိုင်တယ်လို့ သမ္မတ ပူတင် က ပြောပါတယ်။
ခေါင်းဖြတ်သတ်မှုတွေနဲ့ခြောက်လို့ ISIS ကို အမေရိကန်မကြောက်
ဒုတိယမြောက် အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို ခေါင်းဖြတ်သတ် လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကြောက်လန့်သွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Barack Obama က ပြောဆိုလိုက်ပါတယ်။ အဲဒီလုပ်ရပ်အတွက် အရှက်ရစေရမယ်၊ နောက်ပြီး အစ္စလာမ်မစ်နိုင်ငံတော်လို့ သူတို့ကိုယ်သူတို့ ခေါ်ကြတဲ့ စစ်သွေးကြွတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။
ဝေဖန်ခံနေရသည့် စည်ပင်နည်းဥပဒေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များအား လူထုရွေးကောက်ပွဲ ပြုလုပ်တင်မြှောက်မည်
နှစ်ပေါင်း ၅ဝကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ကော်မတီဝင်များ လူထု ရွေးချယ်တင်မြှောက်ပွဲကို ယခုစက်တင်ဘာလအတွင်း ကျင်းပသွား မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြော သည်။
တရုတ်ဆန့်ကျင်ရေး ဗုံးဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့မှုဖြင့် ဖိလစ်ပိုင်နိုင်ငံရေး သမားတစ်ဦး ဖမ်းဆီးခံရ
တရုတ်အစိုးရအား ဆန့်ကျင်ရန် ဗုံးဖောက်ခွဲမှုအား စီစဉ်ခဲ့မှုဖြင့် ဖိလစ်ပိုင်နိုင်ငံရေးသမားတစ်ဦးအား စက်တင်ဘာ ၃ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုမရ ရှိခဲ့သည့် အယ်လီဗလတ်ဇ်ပါမာတွန်သည် ဖိလစ် ပိုင်နိုင်ငံ တွင်းမှ တရုတ်လူမျိုးများနှင့် ဆက်နွှယ်နေသည့် နေရာများကို ဗုံးခွဲရန် စီစဉ်ရာတွင် နောက်ကွယ်က ပါဝင် ပတ်သက်ခဲ့ကြောင်း ဖိလစ်ပိုင်တရားရေးဝန်ကြီး လီလာဒေလိုင်မာက ပြောကြားသည်။
စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများကို အိုအိုင်စီ အထူး ကိုယ်စားလှယ် သွားရောက် လေ့လာ
အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(OIC)၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မလေးရှား နိုင်ငံသား တန်စရီ ဆာယိဟာမစ်အယ်ဘာ(Tan Sri Syed Hamid Albar)သည် ရခိုင်ပြည်နယ် စစ်တွေ မြို့သို့ စက်တင်ဘာ ၃ ရက် နေ့လယ်က ရောက်ရှိခဲ့ပြီး၊ စစ်တွေမြို့ရှိ မြို့မိ မြို့ဖများ၊ ရခိုင်ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် စစ်တွေမြို့နယ်၊ သက္ကယ်ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းသို့လည်း သွားရောက် ခဲ့သည်။
စက်တင်ဘာ ၁၁ တိုက်ခိုက်မှုမျိုး ထပ်မံဖြစ်ပွားမည်ကို အမေရိကန် စိုးရိမ်
လစ်ဗျား လေဆိပ်တစ်ခုတွင် ခရီးသည်တင် ဂျက်လေယာဉ်အများအပြားကို သူပုန်များက သိမ်းယူသွား သောကြောင့် အဆိုပါ လေယာဉ်များကို အသုံးပြုကာ ယခုစက်တင်ဘာလအတွင်း ၁၃ နှစ်ပြည့်မည့် ၉/၁၁ တိုက်ခိုက်မှုမျိုး ထပ်မံဖြစ်ပေါ်မည်ကို အမေရိကန်အရာရှိများက စိုးရိမ်နေကြ ကြောင်း Washington Free Beacon သတင်းတွင် စက်တင်ဘာ ၃ ရက်က ဖော်ပြခဲ့သည်။
တောင်သမံအင်း ရေမြင့်တက်ခြင်းကြောင့် ဦးပိန်တံတား ထိန်းသိမ်းစောင့်ရှောက်ရေး နှစ်ဆတိုးမြှင့်
နှစ်ပေါင်း ၁၆၅ နှစ် သက်တမ်းရှိ ကမ္ဘာကျော် သစ်သားတံတား တစ်ခုဖြစ်သော ဦးပိန်တံတား တည်ရှိရာ မန္တလေးမြို့တော် တောင်သမံအင်းမှာ ရေမြင့်တက်သည့် ကာလ ရောက်ရှိနေသဖြင့် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) နှင့် ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေး အကျိုးဆောင်အဖွဲ့တို့ ပူးပေါင်း၍ တစ်ပတ်လျှင် နှစ်ကြိမ် ကွင်းဆင်းကာ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို နှစ်ဆတိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါဌာန တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။
လူဦးရေကိစ္စ မြန်မာခေါင်းဆောင်များ ဘာကြောင့် ကမ္ဘာကိုလှည့်ဖြားခဲ့သလဲ
နှစ် ၃၀ အတွင်း ပထမဆုံးထွက်ပေါ်လာသည့် မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း အကြိုရလဒ်က အတော်ပင်အံ့ဩစရာဖြစ်ခဲ့ရ သည်။ အစိုးရက အချိန်ကြာမြင့်စွာကတည်းက ခန့်မှန်းထားခဲ့သည့် သန်း ၆၀ သောလူထုရှိရမည့် တိုင်း ပြည်တွင် ဩဂုတ် ၂၉ ရက်က ထုတ်ပြန်လိုက်သည့် စာရင်းအရ ၅၁ သန်းခန့် သာရှိနေသည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

















































