Tuesday, October 8, 2013
ရန်ကုန်မြို့တော်မှ မြန်မာပြည်အနှံ့ ဘုရားဖူး ထွက်ခွာမည့်
ပြည်တွင်းဘုရားဖူး ခရီးသည်တင် ယာဉ်များအတွက် မြို့အတွင်း
ယာဉ်လမ်းကြောင်းများ သီးသန့်သတ်မှတ်ပေးရန်
လိုအပ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွား
ဝန်ဆောင်မှုအသင်း အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းလှိုင်က ပြောကြားသည်။“အရင်က ရန်ကုန်မြို့တွင်း ခြောက် မြို့နယ် ဘုရားဖူးကားတွေ မဝင်ရဘူး။ အခုဘယ်မြို့နယ်မှ မ၀င်ရတော့ဘူး” ဟု ၎င်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအတွင်း ဘုရားဖူးခရီးသည်
တင်ယာဉ်များ ဖြတ်သန်းခြင်း မပြုရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သြဂုတ်လ
အတွင်းက ကြေညာခဲ့သောကြောင့် ဘုရားဖူးယာဉ်များ ထွက်ခွာရန်နှင့် မြို့တွင်း
ဝင်ရောက်ရန် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဘုရားဖူးခရီးသည်
တင်ယာဉ်များကို ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ အင်းစိန်လမ်း၊ ကြည့်မြင်တိုင်
ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်းတို့တွင် ရပ်တင်စနစ်ဖြင့် ဖြတ်သန်းခွင့်ပြုရန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြညှိနှိုင်းသွား မည် ဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ဖြစ်သော
ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ လသာမြို့နယ်၊
ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နှင့် ဒဂုံမြို့နယ်တို့အတွင်း
ဘုရားဖူးယာဉ်များ ဖြတ်သန်းခွင့်ကို ၁၉၉၀ ပြည့်နှစ်ကတည်းက
ခွင့်မပြုခဲ့ကြောင်း၊ ဘုရားဖူး ထွက်ခွာမည့် ကားများမှာ အရေအတွက် နည်းပါး၍ ည
၉ နာရီ နောက်ပိုင်းအချိန် ဖြစ်သောကြောင့် ယာဉ်ကြော ရှုပ်ထွေးမှု
မဖြစ်ပေါ်နိုင်ကြောင်း ရွှင်ပျော်ပျော် မြန်မာပြည်အနှံ့ ဘုရားဖူးနှင့်
အပန်းဖြေ ခရီးသွားလုပ်ငန်း တာဝန်ခံ ဦးကြီးရွှေက ဆိုသည်။ ပြည်တွင်း
ဘုရားဖူး ခရီးသည်များအတွက် ယာဉ်ရပ်နားရန် နေရာနှင့် ယာဉ်လမ်းကြောင်း
အခက်အခဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအတွင်းရှိ တာဝန်ရှိသူများနှင့်
ညှိနှိုင်း လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသည်။ ၂၀၁၂
ခုနှစ်အတွင်း မြန်မာပြည်အနှံ့ ဘုရားဖူးနှင့် အပန်းဖြေခရီး ထွက်ခွာကြသည့်
ခရီးသည် အရေအတွက် စုစုပေါင်း ၃ ဒသမ ၆ သန်းခန့်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း
ပြည်တွင်း ဘုရားဖူးခရီးသည် အရေအတွက် စုစုပေါင်း ၄ ဒသမ ၄ သန်းခန့်အထိ
မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း ပြည်တွင်း ဘုရားဖူးနှင့်
ခရီးသွားဝန်ဆောင်မှု အသင်းထံမှ သိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment