Monday, October 7, 2013
ဒေသခံများ ကန့်ကွက်နေကြသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင်
တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှစ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းကို
သဘာဝပတ်ဝန်းကျင် မထိခိုက်မှသာ တည်ဆောက်မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
အောက်တိုဘာလ ၆ ရက်နေ့က ကျိုင်းတုံမြို့ စည်ပင်သာယာ ခန်းမတွင် ပြုလုပ်သော
ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းတွင် ပါဝင်သည့်
မိုင်းလပ်ကျေးရွာအုပ်စုမှ ဝမ်တောင်းရွာ၊ ဝမ်ကျွမ်ရွာနှင့်ပါဆံကျရွာတို့မှ
ဒေသခံများနှင့် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တို့တွေ့ဆုံစဉ် ၎င်းက
ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့
သစ်တောရေးရာ ဝန်ကြီးဌာနကနေ ဒီစက်ရုံကြောင့် ဒေသခံ ပြည်သူလူထုအတွက်
ဆိုးကျိုးမဖြစ်ဘူး။ သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်မှု မရှိဘူးဆိုပြီး
ခွင့်ပြုချက်ရမှ တည်ဆောက်မှာပါ” ဟု ၎င်းကဆိုသည်။ ယင်းကျောက်မီးသွေး
အသုံးပြု လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ၂၀ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ကာ
ဂျပန်နည်းပညာကို အသုံးပြုမည် ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး
ဖြစ်သည့်အပြင် ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများမှ သဘာဝ ဓာတ်မြေသြဇာနှင့်
ဘိလပ်မြေများ ရရှိမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ရှင်းပြသည်။
ယင်းကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းကို
၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ဒေသခံ ၃၀၀ ခန့်က ကန့်ကွက်ကြောင်း
လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း
ကျိုင်းတုံမြို့နယ် ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ
(ကျားဖြူ) ဥက္ကဋ္ဌ ဒေါက်တာစိုင်းရွက်ဟောင်က ပြောကြားသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment