Wednesday, October 9, 2013
သီတဂူအထောက် အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇ ဘဏ်လီမိတက် တို့
ပူးပေါင်းလှူဒါန်းမှုဖြင့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့်
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့်တရားမဝင် မြန်မာ လုပ်သား ၁၈၀ ကျော်ကို
အောက်တိုဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ခေါ်လာကြောင်း အဆိုပါ
လုပ်သားများက ပြောကြားသည်။ MAI စင်လုံးငှား လေယာဉ်ဖြင့်
ရောက်ရှိလာသည့် အဆိုပါ မြန်မာ ၁၈၅ ဦး တွင် ဒုက္ခသည်စခန်း များတွင်
ရောက်ရှိနေသည့် မြန်မာလုပ်သား ၈၀ ကျော် ပါဝင်ကြောင်း မလေးရှား အခြေစိုက်
သီတဂူ အထောက်အကူပြု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ယခု
ပြန်လာသည့် အလုပ်သမားများတွင် အော်ပရာစီခေါ် တရားမဝင် နိုင်ငံခြားသားများကို
ဖမ်းဆီးမှုကြောင့် ပြန်လာသူ များ၊ မေလကုန်နှင့် ဇွန်လက ဖြစ်ပွားခဲ့သည့်
အကြမ်းဖက်မှုများကြောင့် ပြည်တော်ပြန်ရန် လုပ်ဆောင်နေ သူများ၊
ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသူများ ပါဝင်ကြောင်း လုပ်သားများကို
မေးမြန်းချက်များအရ သိရှိရသည်။ "Camp ထဲမှာနေတာ အရမ်း
ဒုက္ခရောက်တယ်။ စရိတ်မရှိလို့ မပြန်နိုင်ဘူး။ အခု သီတဂူအဖွဲ့က လာခေါ် လို့
ပြန်လာခွင့်ရတာ" ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ဒုက္ခသည်စခန်း
တစ်ခုတွင် ရှစ်လကျော် ကြာ နေထိုင်ခဲ့ရသည့် မွန်ပြည်နယ်ဇာတိ အသက် ၃၀ကျော်
အရွယ် ဦးအောင်နိုင်က ပြောကြားသည်။
ဒုက္ခသည်စခန်းမှ မြန်မာများကို
ခေါ်ယူရာတွင် ဒုက္ခသည်စခန်းများကို ရောက်နေသည့် သက်တမ်းကြာနေ သူ များနှင့်
မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေသူများကိုဦးစားပေး ခေါ်ယူကြောင်း
ပြန်တော်ပြန် လာသူများကို မေးမြန်းချက် အရသိရှိရသည်။ "မြန်မာ ၈၀၀
လောက် ကျန်ခဲ့သေးတယ်" ဟု ကွာလာလမ်ပူ မြို့တော်ရှိ ဒုက္ခသည်စခန်း တစ်ခုတွင်
ရှစ်လ နေထိုင်ခဲ့ရသူ ကိုထွန်းပြည့်အောင်က ဆိုသည်။
ဒုက္ခသည်စခန်းများက လိုက်ပါလာသူ ၄၆ ဦး ဝန်းကျင်မှာ လမ်းစရိတ် မရှိသည့်အပြင်
မိသားစုနှင့် အဆက်အသွယ်မရရှိသဖြင့် နေရပ်ပြန်ရန် အခက်အခဲ
ဖြစ်နေသည်ဟုဆိုကာရန်ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ်တွင် ထိုင်စောင့်
နေကြသည်။ ယင်းသို့ ထိုင်စောင့်နေကြသည့် အချိန်
သုံးနာရီအကြာ ပြီးနောက် ည ၇ နာရီခွဲတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အလုပ်သမား ဝန်ကြီးဌာနတို့၏ အကူအညီဖြင့်
ရန်ကုန် တွင် ခေတ္တတည်းခိုမည့် နေရာများသို့ ထွက်ခွာသွားပြီ ဖြစ်သည်။
ယင်း ၄၆ ဦးတွင် မွန်၊ ရခိုင်၊ ရှမ်း၊ ချင်းတို့မှ ဒေသခံများ ပါဝင်ကြောင်း ယင်းတို့ထံမှ သိရသည်။
မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၈ ရက်နေ့တွင်ရောက်ရှိလာသည့် အလုပ်သမား
များတွင် အမျိုးသား၊ အမျိုးသမီး များအပြင် ကလေးငယ်များလည်း ပါဝင်သည်ကို
တွေ့ရှိရသည်။
သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ်
လီမိတက်တို့ ပူးပေါင်းလှူဒါန်းမှုဖြင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
အဓိပတိဆရာတော် အရှင် ဉာဏိဿရ ကိုယ်တိုင် ဦးဆောင်ကာ မလေး ရှားနိုင်ငံတွင်
ရောက်ရှိနေသည့် တရားမဝင် မြန်မာလုပ်သား ၁၈၀ ကျော် ကို MAIစင်းလုံးငှား
လေယာဉ်ဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့ ကလည်း တစ်ကြိမ် မြန်မာနိုင်ငံသို့ ပြန်လည်
ခေါ်ဆောင်လာခဲ့သည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment